Connect with us

Hi, what are you looking for?

သတင်း

စစ်တွေတိုက်ပွဲမှာ AAပစ်ခတ်လို့ စစ်သင်္ဘောတစီး မီးလောင်ပျက်စီးတဲ့ရုပ်သံဖိုင်ပျံ့နှံ့

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီက​နေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထု​နွေဦးကို အတည်ပြုပါတယ်။

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီက​နေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထု​နွေဦးကို အတည်ပြုပါတယ်။

■အောက်တိုဘာ ၈ ရက်မှာထိမှန်ခဲ့တာဖြစ်ပြီး နစ်မြုပ်လုနီးပါးဖြစ်ကာရေတပ်ထဲဆွဲခေါ်သွား

■ငပြီကျွန်းတိုက်ပွဲမှာစစ်တပ်ကအဓမ္မစု​ဆောင်းထားတဲ့ရိုဟင်ဂျာ​တွေကိုအ​သေခံကမ်းတက်တိုက်ခိုင်းနေဟုသတင်းရင်းမြစ်​အချို့​ပြော

အောက်တိုဘာ-၁၉၊၂၀၂၆။ခိုင်မြတ်/ People’s Spring

စစ်တွေမြို့နယ်နဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ် ရွှေမင်းဂံရေတပ်စခန်းအနီးကုလားတန်မြစ်ပြင်မှာစစ်တပ်ရဲ့စစ်သင်္ဘောတစီးလက်နက်ကြီးကျည်ထိမှန် မီးလောင်၊ ပျက်စီးသွားတဲ့ ရုပ်သံဖိုင် ဒီက​နေ့ လူမှုကွန်ယက်မှာ ပျံ့နှံ့လာပြီး ဒါဟာ အာရက္ခတပ် တော်(AA)က ပစ်ခတ်လို့ ထိမှန်ပျက်စီးသွားတာဖြစ်​ကြောင်း မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထု​နွေဦးကို အတည်ပြုပါတယ်။

Public Service Announcement

Public Service Announcement

​အောက်တိုဘာ ၁၉ ရက်မနက်ပိုင်းမှာပျံ့နှံ့လာတဲ့ အဲဒီရုပ်သံဖိုင်ဟာ ပြီးခဲ့တဲ့ အောက်တိုဘာလ ၈ ရက်နေ့က ပေါက်တောမြို့ နယ် ငပြီကျွန်းပေါ် စစ်တပ်က ကမ်းတက်ဖို့ကြိုးစားချိန် AA က အဝေးပစ်လက်နက်ကြီး၊ ဒရုန်းတို့နဲ့ လှမ်းပစ်လို့ ထိ မှန်သွားခဲ့တာလို့ သိရပါတယ်။

“၈ရက်နေ့ကပစ်လို့ ထိသွားတာပါအဲဒါ။ သင်္ဘောတော့ မြုပ်မသွားဘူး။ မြုပ်လုနီးနီးဖြစ်သွားတယ်။သင်္ဘောသုံးစီး နဲ့ တွဲခေါ်သွားရတယ်။ရွေမင်းဂံထဲကိုဆွဲသွားကြတယ်။အဲဒီသင်္ဘောကတော့ ထပ်ပြီးရေချလို့မရနိုင်လောက်တော့ဘူး။အင်ဂျင်ပါပျက်သွားလောက်တယ်” လို့ AA သတင်းရင်းမြစ်တဦးက လူထုနွေဦးကို ပြောပါတယ်။

အဲဒီတိုက်ခိုက်မှုမှာ စစ်တပ်ရဲ့သင်္ဘော ကိုနက်ကြီးကျည်နှစ်လုံး ထိမှန်သွားခဲ့ပြီး စစ်သား ၂၀ ဝန်းကျင်သေဆုံး သွားခဲ့တယ်လို့လည်း မြေပြင်သတင်းရင်းမြစ်တွေက အတည်ပြုပြောပါတယ်။ “မျက်မြင် နှစ်ဆယ်လောက် သေ တယ်”လို့ သတင်းရင်းမြစ်တဦးက​ပြောပါတယ်။

အွန်လိုင်းပေါ် ပျံ့နှံနေတဲ့ စစ်သင်္ဘောဟာရွှေမင်းဂံရေတပ်စခန်းနဲ့ ပုဏ္ဏားကျွန်းမြို့နယ် ခမောင်းတောရွာကြား ကုလားတန်မြစ်ပေါ်မှာ ပစ်ခတ်ခံရတာဖြစ်ပါတယ်။ “ကမ်းနဲ့ သိပ်မဝေး၊ မြစ်လယ်လည်းမကျတဲ့နေရာမှာအပစ်ခံရတာ။အဲဒီကတည်းကသင်္ဘောတွေသွားရင် ကမ်းနဲ့ သိပ်မကပ်ဘူး။ မြစ်လယ်ကြောကပဲ သွားကြတာတွေ့တယ်”လို့ ပေါက်တောမြို့နယ်မှ မျက်မြင်ဒေသခံတဦးကပြောပါတယ်။

စစ်တပ်ဟာ ပေါက်တောမြို့နယ် ငပြီကျွန်းကို ကမ်းတက်၊ စစ်ကူပို့နိုင်ဖို့ ကုလားတန်မြစ်ပြင်မှာ စစ်သင်္ဘော လေးစီးထက်မနည်း နေ့စဉ်ရှိနေပြီး AA ရဲ့ ပစ်ခတ်မှုကို မကြာခဏခံနေရပါတယ်။အောက်တိုဘာ ၁၈ ရက်နေ့ကလည်း ငပြီကျွန်းပေါ် ကမ်းတက်ဖို့ ကြိုးစားတဲ့ စစ်သင်္ဘောတွေထဲက တစီးကို AA က ပစ်ခတ်ထိမှန်ခဲ့ပြီး တဆယ် ကျော် သေဆုံးနိုင်တယ်လို့ ဆိုပါတယ်။

“တဆယ်ကျော်လောက်သေမယ်ထင်တာပဲ။ မီးခိုးတွေကတော့ တော်တော်အများကြီး ထွက်သွားတယ်။ ချက်ချင်း လှည့်ပြေးသွားတယ်” လို့ AA သတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်ဟာ ရွှေမင်းဂံရေတပ်စခန်းရဲ့ အရှေ့ဘက်ကုလားတန်မြစ်လယ်ကျွန်း(ငပြီကျွန်း)ကို ထောက်ပို့လေယာဉ် Y12 ၊ တိုက်လေယာဉ် အစီး ၁၀ ကျော်၊ စစ်သင်္ဘော ၅ စီးခန့်နဲ့ ပစ်ကူပေးပြီး အောက်တိုဘာ ၇ ရက်နေ့ကစ ကမ်း တက်ခဲ့တာဖြစ်ပြီး ကမ်းပေါ် စစ်သားဆယ်ချီတက်နိုင်ခဲ့ပါတယ်။

ပထမအကြိမ်အင်အားဆယ်ချီ ကမ်းတက်နိုင်ခဲ့ပြီးနောက် ကမ်းပေါ်ရှိနေသူအားလုံးနီးပါး သေဆုံးသွားခဲ့ချိန် အောက်တိုဘာ ၁၇ ရက်နဲ့ ၁၈ ရက်နေ့တို့မှာ ကမ်းထပ်တက်၊ အင်အားဖြည့်နိုင်ဖို့ကြိုးစားလာခဲ့တာပါ။ ငပြီကျွန်းပေါ် ကမ်းတက်နိုင်ခဲ့တဲ့စစ်သားတွေထဲကလည်း ကျွန်းပေါ်မှာ သေ ဆုံးသူ ၄၀ ဝန်းကျင်၊ အရှင်အဖမ်းခံရသူ (၂၀ )ဝန်းကျင်ရှိကာစစ်တပ်ခြေကုတ်နေခဲ့တဲ့ စခန်းတခုကိုလည်း AA က ပြန်သိမ်းနိုင်ခဲ့ပါတယ်။

လက်ရှိမှာလည်း စစ်တပ်နဲ့ AA တို့ ငပြီကျွန်းပေါ် တိုက်ပွဲပြင်းထန်နေဆဲဖြစ်ပါတယ်။ငပြီကျွန်းတိုက်ပွဲမှာစစ်တပ်ကအတင်းအကြပ်ဖိအား​ပေး​ခေါ်ယူပြီး စစ်သင်တန်းပေးထားတဲ့ ရိုဟင်ဂျာတွေအများအပြားကို အသုံးပြုပြီး အသေခံတိုက်ခိုင်းနေတယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

“မူဆလင်တွေအများကြီးပါတယ်။ ကမ်းပေါ်မှာတောင် နှစ်ဆယ်လောက်တွေ့တယ်။ မနေ့က ထပ်တက်တာမှာလည်း မူဆလင်တွေပါတယ်။တမင်ကိုအသေခံခိုင်းနေသလိုပဲ” လို့ မြေပြင်မှာရှိတဲ့ စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

စစ်တပ်က ကမ်းတက်ဖို့ ကြိုးစားနေတဲ့ ငပြီကျွန်းဟာစစ်တွေမြို့ရဲ့အဓိကရေတပ်ထောက်ပို့ကာကင်းစခန်းကြီး ရွှေမင်းဂံရေတပ်ရဲ့ အရှေ့ဘက် တမိုင်ကျော်အကွာ၊ ပေါက်တောမြို့ရဲ့ အနောက်ဘက် ခြောက်မိုင်ကျော်အကွာမှာ တည်ရှိပြီး ဧတုရန်းဧက လေးထောင်ကျော်အကျယ်အဝန်းရှိတဲ့ ရေလယ်ကျွန်းတခုဖြစ်ပါတယ်။

အဲဒီကျွန်းပေါ်မှာလူနေကျေးရွာသုံးရွာ တည်ရှိပါတယ်။AAက ငပြီကျွန်းမှာ စစ်တပ်ကိုခုခံတိုက်ခိုက်နေသလို စစ်တွေမြို့နယ်အတွင်းက ဒေသကွပ်ကွဲမှုစစ်ဌာနချုပ် (ဒကစ စစ်တွေ) အနီးဝန်းကျင်အပါအဝင် မြို့ပတ်လည်က စစ်တပ်စခန်းတွေကိုလည်း အရှိန်မြှင့်ထိုးစစ်ဆင်နေပြီး စစ်စခန်းအချို့ကို သိမ်းယူထားပါတယ်။ ဒါကြောင့်တိုက်ပွဲတွေဟာ စစ်တွေမြို့နဲ့ ပိုနီးလာပြီဖြစ် ပါတယ်။

စစ်တပ်ဟာ ရခိုင်ပြည်နယ် စစ်တွေအပြင် ကျောက်ဖြူ၊ ရခိုင်ရိုးမအရှေ့ဘက်ခြမ်း မကွေးတိုင်း ပဒါန်း၊ မင်းတုန်း၊ ပဲခူးတိုင်း ပန်းတောင်း၊ ဧရာ၀တီတိုင်း ရေကြည်၊ သာပေါင်းမြို့နယ်တို့ကနေ AA ထိန်းချုပ်ရာဒေသတွေကို ပြီးခဲ့တဲ့ စက် တင်ဘာ ၄ ရက်နေ့ကစကာ ၄၉၂၆ စစ်ဆင်ရေးလို့ကြွေးကြော်ပြီး တန်ပြန် ထိုးစစ်ဆင်နေခဲ့တာ တလခွဲရှိပြီ ဖြစ်ပါတယ်။

စစ်တပ်ဝါဒဖြန့်လူမှုကွန်ယက်တွေမှာတော့ ရခိုင်တိုက်ပွဲတွေမှာ စစ်တပ်က အသာရနေပြီး AA အထိနာနေတယ်လို့ ဝါဒဖြန့်နေတာတွေ့ရပါတယ်။ စစ်တပ်ဟာ စစ်ဆင်ရေးတလခွဲအတွင်း စစ်တွေမြို့ နယ်အတွင်းက တပ် စခန်း ၁၂ ခု၊ စစ်တွေအစပ် ပေါက်တောမြို့နယ်က ၁ ခု၊ ကျောက်ဖြူမြို့နယ်အတွင်းက ၂ ခု၊ မင်းတုန်းမြို့နယ်အ တွင်းက ၁ ခု ၊ စုစုပေါင်းတပ်စခန်း ၁၆ ခုထက်မနည်းကို လက်လွှတ်ခဲ့ရပါတယ်။ဒါ့အပြင်စစ်တပ်ကစစ်သားရာချီ ရှိနေပြီး​သေဆုံးခဲ့ပြီဖြစ်တယ်လို့မြေပြင် သတင်းရင်းမြစ်တွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့အရှေ့ဘက်ငပြီကျွန်းပေါ်မှာ အထိနာစစ်ဦးကျိုးသွားပြီဖြစ်တဲ့ စစ်တပ်ဟာအောက်တိုဘာ ၁၇ ရက်ည နဲ့ ဒီကနေ့မှာ နှစ်ရက်ဆက် ကျွန်း​ပေါ်ကမ်းတက်ဖို့ ထပ်ကြိုးစားတာ​ကြောင့်အာရက္ခတပ်တော်(AA)ကခုခံတိုက်ခိုက်တဲ့အတွက် စစ်တပ်သင်္ဘောတစီး ထိမှန်သွားခဲ့တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတစ်ခုကို အာရက္ခတပ်တော်(AA)က အောက်တိုဘာ ၁၅ရက် မနေ့က နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်တွေမြို့နယ်မှာ တိုက်ပွဲပြင်းထန်နေပြီး မြို့အနောက်ဘက် ရေသေ့တောင်မြို့နယ်နဲ့အစပ် ရေချမ်းပြင်အနီးက အာဏာသိမ်းစစ်တပ်ရဲ့ ကာကင်းစခန်းတခုကို အာရက္ခတပ်တော် (AA) က ဒီနေ့ နေ့လယ်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ