Connect with us

Hi, what are you looking for?

သတင်း

ဟုမ္မလင်းမှာ ရှမ်းနီတပ်(SNA)တပ်သားက ကောလိပ်ကျောင်းအတွင်း ကျောင်းသား ၁ဦးကို သေနတ်နဲ့ ပစ်ခတ်

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်( SNA) တပ်ဖွဲ့ဝင် ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းမှာ SNA တပ်ဖွဲ့ဝင်တွေ ရမ်းကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ−၂၁၊၂၀၂၆။အိမ်သွင်/People’s spring

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့က ဒီဂရီကောလိပ်ကျောင်းအတွင်းမှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်( SNA) တပ်ဖွဲ့ဝင် ကျောင်းသားတစ်ဦးက အခြားကျောင်းသားတစ်ဦးကို သေနတ်နဲ့ ပစ်ခတ်မှုဖြစ်ခဲ့ပြီး ဒေသတွင်းမှာ SNA တပ်ဖွဲ့ဝင်တွေ ရမ်းကားနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

အောက်တိုဘာ ၁၆ ရက်က ဟုမ္မလင်းဒီဂရီကောလိပ်ကျောင်းမှာ SNA ရဲဘော်ဖြစ်တဲ့ အဝေးသင် ပထမနှစ်ကျောင်းသားက သေနတ်နဲ့ပစ်ခတ်ခဲ့တာပါ။

” ရှမ်းနီတပ်က အကောင်က ကျောင်းကိုသေနတ်ယူလာပြီး ပစ်တာ။ သူတို့ပဲ အရမ်းကို ရမ်းကားနေတာ။ ဘယ်သူကမှလဲမထိန်းကျောင်းနိုင်တော့ဘူး။ စစ်တပ်လည်း မထိန်းနိုင်တော့ဘူး”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပစ်ခတ်ခံရတဲ့ကျောင်းသားဟာ ဒဏ်ရာအပြင်းအထန်ရရှိပြီး စိုးရိမ်ရတဲ့အခြေအနေနဲ့ဒီနေ့အောက်တိုဘာ ၂၁ရက်အထိ ဆေးကုသမှုခံယူနေရတယ်လို့ ဒေသခံတွေကပြောပါတယ်။

ဟုမ္မလင်းမြို့ဟာ စစ်ကိုင်းတိုင်းအထက်ပိုင်းမှာပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့ဆက်စပ်နေပါတယ်။ ရှမ်းနီအမျိုးသားများတပ်မတော်လို့ အမည်ပေးထားတဲ့ SNA က ဟုမ္မလင်းမြို့နယ်မှာလည်း အခြေစိုက်ပြီး စစ်ကောင်စီရဲ့ လက်အောက်ခံအဖြစ် စစ်ရေးလှုပ်ရှားနေပါတယ်။စစ်ကိုင်းတိုင်းနဲ့ကချင်ပြည်နယ်က တိုက်ပွဲတွေမှာ စစ်ကောင်စီနဲ့ ပူးပေါင်းတိုက်ခိုက်နေပါတယ်။ ဟုမ္မလင်းမြို့ပေါ်ကို စစ်တပ်နဲ့အတူ SNA က ထိန်းချုပ်ထားပြီး ကျေးရွာတွေကို တော်လှန်ရေးတပ်တွေကထိန်းချုပ်ထားပါတယ်။

စာသင်ခန်းအတွင်း လက်နက်ကိုင်ပြီး ကျောင်းတက်နေတာက ကျန်ကျောင်းသားတွေအတွက်အလွန်အန္တရာယ်ကြီးပြီး တရားဥပဒေစိုးမိုးရေးမရှိတာနဲ့ SNA တပ်ရဲ့ ဖွဲ့စည်းပုံပရမ်းပတာဖြစ်နေတာကို သိသာထင်ရှားစေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်၊ တောင်ဦးကျေးရွာအုပ်စုမှာရှိတဲ့ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ် SNA ခြေကုတ်နေရာယူထားတဲ့ စခန်း ၁ ခုကို ကချင်လွတ်လပ်ရေးတပ်မတော် (KIA) ပူးပေါင်းတပ်က တိုက်ခိုက်သိမ်းပိုက်နိုင်ခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က အသိပေးထားပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ဟုမ္မလင်းမြို့နယ်မှာ ပြည်သူ့ကာကွယ်ရေးတပ်တွေနဲ့ စစ်တပ်လက်အောက်ခံရှမ်းနီတပ်(SNA)တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ရေးဆက်တင်းမာနေပြီး ရွှေပြည်အေးမြို့ကိုလည်း စစ်တပ်က လေကြောင်းကနေဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ဖောင်းပြင်မြို့နယ်မှာ စစ်တပ်လက်အောက်ခံ ရှမ်းနီတပ်(SNA) တပ်ဖွဲ့ဝင်တစ်ဦးက လက်နက်ခဲယမ်းနဲ့အတူအလင်းဝင်လာတဲ့အတွက် ‌‌ဆုငွေ ကျပ်သိန်း၅၀ ထောက်ပံ့ကာ မိဘတွေထံ အပ်နှံပေးခဲ့တယ်လို့ မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ မိုးကောင်းမြို့နယ်မှာဩဂုတ်လ ၁၈ရက် မနက်ပိုင်းက တိုက်ပွဲတွင်း အာဏာသိမ်းစစ်တပ်နဲ့ရှမ်းနီ(SNA)ပူးပေါင်းတပ်က ၇ဦးထက်မနည်းသေဆုံးပြီး လက်နက်ခဲယမ်းအချို့ သိမ်းယူနိူင်တယ်လို့ KIA သတင်းရင်းမြစ်က ပြောပါတယ်။

Facebook