Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်တိုက်ပွဲ ဖမ်းမိစစ်သုံ့ပန်းတွေမှာ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

( နဂါးနဲ့ BNRA တပ်ဖွဲ့ဝင်တချို့ကို စစ်တပ်ထံအညံ့မခံမီက တွေ့ရစဉ်။ ဓာတ်ပုံ - BNRA)

အောက်တိုဘာ ၂၂၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်တောင်ပိုင်း ကန်ပက်လက်မြို့နယ်တိုက်ပွဲ ဖမ်းမိတဲ့ စစ်သုံ့ပန်းတွေမှာ စစ်တပ်ထံ လက်နက်ချ အညံ့ခံသွားတဲ့ နဂါးရဲ့ BNRA တပ်ဖွဲ့ဝင်ဟောင်းအချို့ ပါဝင်ကြောင်း ဒေသခံ သတင်းရင်းမြစ်အချို့က အသိပေးပါတယ်။

စစ်တပ်က ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို စစ်ကြောင်းထိုးလာရာ ချင်းပြည်သူအစည်းအရုံး (CPU/CPA)နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေက ခုခံတိုက်ခိုက်နေလို့ စက်တင်ဘာလကုန်ပိုင်းကနေ တိုက်ပွဲတွေဖြစ်ပွားလျက်ရှိရာ စစ်တပ်က အထိနာလျက်ရှိပါတယ်။

တိုက်ပွဲအတွင်း ဖမ်းမိ စစ်သုံ့ပန်းတွေမှာ BNRA တပ်ဖွဲ့ဝင်အချို့ကို တော်လှန်ရေးပူးပေါင်းတပ်က ဖမ်းမိထားကြောင်း ချင်း-မကွေးအစပ် ဒေသတွင်း သတင်းတွေ ပုံမှန် ဖော်ပြနေတဲ့ ယောအလင်းတန်းက ဒီကနေ့ ဖော်ပြခဲ့ရာ မင်းတပ်ဒေသခံ သတင်းရင်းမြစ်ကလည်း သုံ့ပန်းတွေထဲမှာ BNRA ရဲဘော်ဟောင်းတွေ ပါတယ်ဆိုတာ ကြားမိကြောင်း ဖြေကြားပါတယ်။

Public Service Announcement

Public Service Announcement

ဖမ်းမိသုံ့ပန်းအရေအတွက် ၊ BNRA တပ်ဖွဲ့ဝင်ဟောင်း အရေအတွက် အသေးစိတ်တော့ မသိရသေးဘူးလို့ သတင်းရင်းမြစ်က ပြောပါတယ်။

အဲဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ချင်းပြည်သူ့အစည်းအရုံး(CPU/CPA) ပြောရေးဆိုခွင့်ရှိသူထံ ဆက်သွယ်မေးမြန်းထားဆဲဖြစ်ပါတယ်။

ယောအလင်းတန်းရဲ့ ဖော်ပြချက်မှာတော့ အောက်တိုဘာ ၁၂ရက် ကျင်ဒွေးဒေသ မဆာတွီနဲ့ မောချောင်းကြား တိုက်ပွဲမှာ BNRA တပ်ဖွဲ့ဝင်ဟောင်းတွေအပါအဝင် စစ်သုံ့ပန်းတွေ လက်နက်နဲ့အတူ အရှင်ဖမ်းမိခဲ့တာလို့ ဆိုပါတယ်။

CPU/CPA အထွေထွေအတွင်းရေးမှူး ဆလိုင်းယောမာန်ကတော့ ချင်း-မကွေးအစပ် စစ်မျက်နှာ ၄ ခုမှာ တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာအောင် တိုက်ခိုက်ထားနိုင်ကြောင်း ပြီးခဲ့တဲ့ရက်ပိုင်းမှာ အသိပေးထားပါတယ်။

CPU/CPA မဟာမိတ်ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဖြစ်နေတဲ့ စစ်မျက်နှာတွေကတော့ ချင်းပြည်နယ် မင်းတပ်၊ ကန်ပက်လက်၊ ကျင်ဒွေးနဲ့ ချင်း-မကွေးအစပ် ထီးလင်းမြို့နယ် ရွှေအောင်သာ ဒေသ တွေဖြစ်တယ်လို့ ဆိုပါတယ်။ စစ်တပ်ရဲ့ ထိခိုက်ကျဆုံးနဲ့ သိမ်းဆည်းရမိလက်နက်တွေ၊ ဖမ်းဆီးရမိ သုံ့ပန်းတွေ၊ အလင်းဝင်လာတဲ့ စစ်သားတွေရဲ့ အခြေအနေတွေကို အခါအားလျော်စွာ သတင်းထုတ်ပြန်လျက်ရှိကြောင်း ဖော်ပြထားပြီး လတ်တလော အခြေအနေတွေကို ဖော်ပြတာမျိုးတော့ မရှိသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပြည့်သူ့ကာကွယ်​ရေးတပ်မ​တော်(PDF)၊အထူးတိုင်းစစ်ဌာန သုံ့ပန်းစခန်းမှာ ပေးအပ်တဲ့တာဝန်တွေကို ကျေပွန်အောင်ထမ်းဆောင်ခဲ့တဲ့ စစ်သုံ့ပန်း ၁၆ ဦးကို သူတို့ရဲ့ဆန္ဒအလျောက် ပြည်သူ့ကာကွယ်ရေးတပ်မတော်သားတွေအဖြစ် တာဝန်ထမ်း‌ ဆောင်ခွင့် ပြုလိုက်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဖမ်းဆီးရသူအများစုဟာ စိတ်ကြွရူးသွပ်ဆေးပြားအလွန်အကျွံ သုံးစွဲထားပြီး ရှေ့ဆုံးကတက်ခိုင်းတဲ့ပြည်သူ့စစ်တွေဖြစ်​နေ

သတင်း

စစ်တွေ-ပုဏ္ဏားကျွန်းမြို့အစပ်မှာ စက်တင်ဘာလဆန်းကစပြီးဖြစ်ပွားနေတဲ့တိုက်ပွဲ​တွေအတွင်းမှာ သိမ်းဆည်းရရှိတဲ့ လက်နက်ခဲယမ်း​တွေနဲ့ ဖမ်းဆီးထားတဲ့ စစ်သုံ့ပန်း​တွေကို အာရက္ခတပ်​တော်က ဒီ​​နေ့တရာဝင်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က စက်တင်ဘာ ၁၉ရက်မနက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက သတင်းထုတ်ပြန်ပါတယ်။