အောက်တိုဘာ ၂၂၊ ၂၀၂၆။ ဆဏ်း / People’s Spring
ကရင်နီဒေသက စစ်ဘေးရှောင်ကလေးငယ်တွေရဲ့ ပညာရေးအတွက် ထောက်ပံ့ပေးမယ့် “Keep Their Dreams Alive Thadingyut Charity Concert 2026” ပွဲကို အွန်လိုင်းကနေ ပြုလုပ်သွားမှာဖြစ်ပြီး တော်လှန်အနုပညာရှင် ဂီတအဖွဲ့ သုံးဖွဲ့က ပါဝင်တင်ဆက်သွားမှာပါ။
ဖျော်ဖြေပွဲကို မနက်ဖြန် (အောက်တိုဘာ ၂၃) ည ၇ နာရီမှာ Zoom ကနေ တင်ဆက်ပေးသွားမှာဖြစ်ပြီး နိုဗန်ထူးရဲ့ Extant Band၊ အောင်မြင့်မြတ်ရဲ့ The Circle Band နဲ့ လူငယ်ဂီတပညာရှင်တွေရဲ့ Abnormal Band တို့ ပူးပေါင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။
ဒီပွဲကို Spring Development Bank (SDB) နဲ့ Spring Crowd Fund (SCF) တို့ ပူးပေါင်းစီစဉ်တာဖြစ်ပြီး စစ်ဘေးရှောင်ကလေးတွေရဲ့ ပညာသင်စရိတ်အတွက် ထောက်ပံ့ပေးမယ်လို့ ကြေညာထားပါတယ်။

Public Service Announcement
“စစ်ဘေးကြောင့် အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတဲ့ ကရင်နီဒေသက ကလေးငယ်လေးတွေအတွက် ပညာရေးလမ်းကြောင်း ဆက်လက်ဖွင့်ထားနိုင်ဖို့ အားလုံးရဲ့ ဝိုင်းဝန်းကူညီမှုက အရေးကြီးပါတယ်။ ကိုယ့်အတွက် သေးငယ်တယ်လို့ ထင်ရတဲ့ အကူအညီလေးတစ်ခုဟာ သူတို့လေးတွေအတွက်တော့ ရှေ့ဆက်နိုင်မယ့် အဖိုးတန် ခွန်အားတစ်ရပ် ဖြစ်ပါတယ်။” လို့ SDB က ဖိတ်ခေါ်ထားပါတယ်။
လက်မှတ်ဈေးနှုန်းအနေနဲ့ ထိုင်းဘတ် ၃၀၀ သတ်မှတ်ထားပြီး အခြားနိုင်ငံအလိုက် ငွေကြေးတွေနဲ့လည်း ဝယ်ယူအားပေးနိုင်မှာဖြစ်ပါတယ်။
ပွဲလက်မှတ်တွေကို SDB Counter (facebook.com/SDBCounter) နဲ့ Dolpha Pay (bit.ly/dolphapay) ကနေ ဝယ်ယူနိုင်တယ်လို့ အသိပေးထားပါတယ်။
“မြန်မာတွေရဲ့ မြင့်မြတ်တဲ့ သီတင်းကျွတ်ကာလလေးမှာ ကိုယ်ချစ်တဲ့သူတွေနဲ့ အတူတူနေပြီးတော့ သီချင်းတွေကြည့်ပြီးတော့ ကလေးသူငယ်တွေအတွက် ထောက်ပံ့ကြမယ်” လို့ အောင်မြင့်မြတ်က ဖိတ်ခေါ်ထားပါတယ်။




















































