Connect with us

Hi, what are you looking for?

နိုင်ငံတကာ

Starlink အင်တာနက် မြန်နှုန်း ပုံမှန်ပြန်ဖြစ်လာကြောင်း ယူကရိန်းပြော

အမေရိကန်က ထောက်ပံ့ပေးထားခဲ့တဲ့ အင်တာနက် ကွန်ရက်စနစ်ရဲ့ မြန်နှုန်းတွေ လျော့ကျနေခဲ့ရာက အခုတော့ ပုံမှန် ပြန်ဖြစ်လာနေကြောင်း ယူကရိန်းက ပြောကြားခဲ့ပါတယ်။

ဓာတ်ပုံ - Reuters

အမေရိကန်က ထောက်ပံ့ပေးထားခဲ့တဲ့ အင်တာနက် ကွန်ရက်စနစ်ရဲ့ မြန်နှုန်းတွေ လျော့ကျနေခဲ့ရာက အခုတော့ ပုံမှန် ပြန်ဖြစ်လာနေကြောင်း ယူကရိန်းက ပြောကြားခဲ့ပါတယ်။

ယူကရိန်းရဲ့ စစ်ဆင်ရေးတွေအတွက် ကမ္ဘာ့အချမ်းသာဆုံး ပုဂ္ဂိုလ် အီလွန်မတ်စ်ခ်က ဦးဆောင်နေတဲ့ SpaceX ကုမ္ပဏီက Starshield အင်တာနက် ကွန်ရက်ကို ထောက်ပံ့ပေးထားခဲ့ပါတယ်။ Starshieldဟာ လူသိများတဲ့ ဂြိုဟ်တု ဆက်သွယ်ရေး အင်တာနက် ကွန်ရက်ဖြစ်တဲ့ Starlinkရဲ့ အဆင့်မြှင့် မွမ်းမံထားတဲ့ စစ်သုံးဗားရှင်း ဖြစ်ပါတယ်။

ယူကရိန်း စစ်တပ်ဟာ ရုရှားနိုင်ငံ ပိုင်နက်ထဲက မဟာဗျူဟာ ပစ်မှတ်တွေကို ချိန်ရွယ်တဲ့ တာဝေးတိုက်ခိုက်မှုတွေမှာ Starshieldကို အသုံးပြုလေ့ ရှိပါတယ်။ အဲဒီနောက် အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ဟာ ရုရှားဆီက ဒီဇယ်ဆီတွေ ဝယ်ယူဖို့ သဘောတူညီမှု ရယူခဲ့ပြီး ရုရှား ရေနံချက် စက်ရုံတွေကို ဆက်ပြီး မတိုက်ခိုက်ဖို့ ယူကရိန်းကို ဖိအားပေးလာခဲ့ပါတယ်။ အဲဒီအချိန်လောက်နဲ့ တိုက်ဆိုင်ပြီး ယူကရိန်းမှာ Starshield ကွန်ရက်ရဲ့ မြန်နှုန်းတွေ လျော့ကျလာသလို ယူကရိန်း စစ်တပ်ဟာ တာဝေးပစ် လက်နက်တွေ အသုံးပြုလို့ မရဘဲ ဖြစ်လာပါတယ်။

Starshield မြန်နှုန်းတွေ လျှော့ချထားတာနဲ့ ပတ်သက်လို့ မတ်စ်ခ်နဲ့ ထရမ့်တို့ကြား အပြန်အလှန် လွှဲချနေခဲ့ပြီး တိတိကျကျ အဖြေမပေါ်ခဲ့သလို ဘယ်သူက ဆုံးဖြတ် ညွှန်ကြားထားသလဲ ဆိုတာကို မသိရကြောင်း ယူကရိန်း စစ်တပ်ကလည်း ဝန်ခံခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အောက်တိုဘာ ၂၄ ရက်နေ့မှာတော့ ယူကရိန်းက Starshieldဟာ ပုံမှန်အခြေအနေမျိုး ပြန်လည် ရောက်ရှိနေပြီလို့ ထုတ်ပြန်ခဲ့ပါတယ်။ ယူကရိန်း အနေနဲ့ အင်တာနက်ကွန်ရက် နှေးကွေးတာ၊ နှောင့်ယှက်ခံရတာမျိုး အခြေအနေတွေကို တစ်ပတ်ကျော်လောက် ကြုံတွေ့ခဲ့ရတာ ဖြစ်ပါတယ်။

ယူကရိန်းဆီက ကြေညာချက် ထွက်ပေါ်လာပြီး နာရီပိုင်းလောက် အကြာမှာတော့ SpaceXရဲ့ အမှုဆောင်ချုပ်ဖြစ်သူ မတ်စ်ခ်က ယူကရိန်းဟာ Starlink (Starshield) အသုံးပြုခွင့်နဲ့ ပတ်သက်လို့ သဘောတူညီမှုတွေကို ချိုးဖောက်ခဲ့ကြောင်း လူမှုကွန်ရက်ပေါ်မှာ စွပ်စွဲ ရေးသားခဲ့ပါတယ်။

ယူကရိန်းက သဘောတူညီမှုတွေကို ဖောက်ဖျက်ပြီး အများပြည်သူ ထိခိုက်သေဆုံးစေတဲ့ ဒရုန်းတိုက်ခိုက်မှုတွေကို လုပ်ဆောင်ခဲ့ကြောင်း၊ အဲဒီလို ဟာကွက်ဖြစ်နေတဲ့ အချက်ကိုတော့ ပြီးခဲ့တဲ့ သီတင်းပတ်မှာ ပြန်ပြင်ဆင်ခဲ့ကြောင်း မတ်စ်ခ်က ဆိုပါတယ်။

ယူကရိန်း သမ္မတ အကြံပေး ဆာဟီ ဘက်စ်ခရက်နော့ဗ်က ယူကရိန်း အနေနဲ့ တာလတ်နဲ့ တာဝေးပစ် ဒရုန်းစစ်ဆင်ရေးတွေအတွက် Starlinkကို သုံးခွင့်ရှိမှာ မဟုတ်ကြောင်း ပြောကြားခဲ့ပါတယ်။ ယူကရိန်း စစ်ဦးစီးဌာနနဲ့ ကာကွယ်ရေး ဝန်ကြီးဌာနတို့ကတော့ အခုကိစ္စအပေါ် ဘာမှတ်ချက်မှ မပေးသေးကြောင်းလည်း သိရပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ရုရှား ထိန်းချုပ်ထားရာ ယူကရိန်း မြို့ငယ်လေး တစ်ခုမှာ အပစ်အခတ် ရပ်စဲစေပြီး ဒေသခံတွေ ဘေးကင်းကင်း ရွှေ့ပြောင်းဖို့ အမေရိကန် သမ္မတကတော် မယ်လာနီယာ ထရမ့်က အောင်အောင်မြင်မြင် ကြားဝင် စေ့စပ်ပေးနိုင်ခဲ့ကြောင်း အိမ်ဖြူတော်က ထုတ်ပြန်ခဲ့ပါတယ်။

နိုင်ငံတကာ

ဒဏ်ရာရနေတဲ့ စစ်သည်တစ်ယောက်ကို စစ်မြေပြင်သုံး ပျံသန်းရေး ဒရုန်းတစ်ခု အကူအညီနဲ့ အောင်အောင်မြင်မြင် ရွှေ့ပြောင်း သယ်ယူခဲ့တဲ့ မှတ်တမ်း ဗီဒီယိုကို ယူကရိန်းက ထုတ်ပြန် ပြသခဲ့ပါတယ်။

နိုင်ငံတကာ

ရုရှားအပေါ် အရေးယူ ပိတ်ဆို့မှုတွေ ဖြေလျှော့ပေးလိုက်တဲ့ အမေရိကန် သမ္မတ ဒေါ်နယ်လ်ထရမ့်ရဲ့ ဆုံးဖြတ်ချက်ကို ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက ဝေဖန်လိုက်ပါတယ်။

နိုင်ငံတကာ

ယူကရိန်းနိုင်ငံ အလယ်ပိုင်းက အခြေခံ အဆောက်အအုံတွေကို ရုရှားက ဒရုန်းတွေ အများအပြားနဲ့ တိုက်ခိုက်ခဲ့တဲ့နောက် ရုရှားရဲ့ ရေနံချက် စက်ရုံတွေကို တိုက်ခိုက်မှု ပြန်စမယ်လို့ ယူကရိန်းက ပြောပါတယ်။ ကမ္ဘာ့လောင်စာဆီ စျေးကွက်မှာ အကျပ်အတည်းတွေ ဖြစ်ပေါ်နေချိန် ရုရှားနဲ့ ယူကရိန်းကြား စွမ်းအင်ဆိုင်ရာ အဆောက်အအုံတွေကို မတိုက်ခိုက်ကြဖို့...