Connect with us

Hi, what are you looking for?

သတင်း

ဧရာဝတီရေဘေး ပျက်စီးစပါးခင်းတွေပြန်စိုက်ဖို့ စစ်အုပ်စုပေးတဲ့ မျိုးစပါး​အပင်မပေါက်ဟုလယ်သမား​တွေ​ပြော

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

(ဧရာဝတီတိုင်းမှာ ​ရေကြီး​နေတာကိုသြဂုတ်လက​တွေ့ရစဥ်။ဓါတ်ပုံ-စစ်​ကောင်စီ)

​အောက်တိုဘာ-၂၅၊၂၀၂၆။မိထက်/People’s Spring

ဧရာဝတီတိုင်းအတွင်း ရေဘေးသင့်ဒေသတွေမှာပျက်စီးသွားတဲ့စပါးခင်းတွေအတွက် စစ်​ကောင်စီကပြန်လည်ထောက်ပံ့တဲ့ မျိုးစပါးတွေ အရည်အသွေးညံ့ပြီး ပျိုးမ‌အောင်တဲ့အတွက်​ရေ​ဘေးသင့်​တောင်သူ​တွေ ဆုံးရှုံးမှုတွေထပ်မံကြုံတွေ့ရတယ်လို့ဒေသခံတောင်သူလယ်သမားတွေကပြောပါတယ်။

ပြီးခဲ့တဲ့ဇူလိုင်လကုန်ကလေးမျက်နှာမြို့နယ် ရေကာတာကျိုးပြီး လေးမျက်နှာ၊ ရေကြည်၊ ကျုံပျော်၊ ငါးသိုင်းချောင်းမြို့နယ်တွေမှာ ရေကြီးခဲ့ပါတယ်။ရက်​ပေါင်းများစွာရေနစ်မြုပ်ခဲ့တာ​ကြောင့် စပါးစိုက်ခင်းအများအပြားပျက်စီးခဲ့ပါတယ်။

ပျက်စီးသွားတဲ့စပါးစိုက်ခင်းတွေအတွက် စစ်ကောင်စီရဲ့ဌာနဆိုင်ရာတွေက စာရင်းကောက်ယူနေဆဲဖြစ်သလို ၊ လတ်တလောမှာတော့ ၁ ဧကအတွက် ပျိုးစပါး၁ တင်းနဲ့ လယ်မြေကိုထွန်ယက် ပေးတယ်လို့ တောင်သူတချို့ကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမယ့် စစ်အုပ်စုထုတ်ပေးတဲ့ ပျိုးစပါးတွေက အပင်မပေါက်တဲ့အတွက် ထပ်ဝယ်​ပြီး ထပ်စိုက်ရတယ်လို့ လေးမျက်နှာမြို့နယ်က လယ်သမားတစ်ဦးကပြောပါတယ်။

“G11 လို့ ခေါ်တဲ့ စပါးပေးတယ်။ မပေါက်တဲ့အတွက် တခြားမျိုးကို ၁ တင်း ၄ သောင်းပေးပြီးဝယ်ရတယ်။ စိုက်ပျိုးစရိတ်တွေပိုကုန်တာ။ ကျွန်​တော်ဆို ရေမြုပ်သွားတဲ့စပါးတွေအကုန်ပျက်တယ်။ခြုံပြောရရင်တော့ တောင်သူလယ်သမားကအရှုံးချည်းပဲ”လို့ အဆိုပါလယ်သမားကပြောပါတယ်။

အလားတူ ရေကြည်၊ကျုံပျော်၊ငါးသိုင်းချောင်းမြို့နယ်တွေက လယ်သမားအချို့လည်းစစ်ကောင်စီပေးတဲ့မျိုးစပါးတွေ မပေါက်တဲ့အတွက် အသစ်ထပ်ဝယ်ပြီးပျိုး​နေရတယ်လို့ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီဟာရေဘေးကြောင့်လယ်တွေပျက်စီးသွားတဲ့အပေါ် ကူညီထောက်ပံ့မှုတွေ စနစ်တကျလုပ်ဆောင်ခြင်းမရှိဘူးလို့ ဒေသခံတွေကပြောပါတယ်။ ပြန်လည်ထွန်ယက်ဖို့အတွက် စက်သုံးဆီဝယ်ဖို့ ခက်ခဲသလို ပျက်စီးတဲ့လယ်ဧကအရေအတွက်ကိုလည်းစနစ်တကျစာရင်း ကောက်ယူခြင်းမရှိဘူးလို့ ပြောပါတယ်။

“တာကျိုးလို့ရေကြီးတုန်းကလည်းကယ်ဆယ်ရေးကိုသေသေချာချာမလုပ်ခဲ့ဘူး။အခုပြန်လည်ထူထောင်ရေးကာလမှာလည်း အဆင်မပြေဘူးဗျ။ဌာနဆိုင်ရာတွေနဲ့ ပေါင်းစားနေတဲ့သူတွေပဲ နည်းနည်းအဆင်ပြေကြတယ်”လို့ ရေကြည်မြို့နယ်ကဒေသခံတစ်ဦးကပြောပါတယ်။

ငဝန်မြစ်ရေကာတာကျိုးကျတာဟာသာမာန်ရေကြီးတာမဟုတ်ဘဲ တာကျိုးပေါက်ကနေ ရေတွေ ဒလ‌ဟော ဝင်လာတာမို့ ရေဝပ်ကာလ အနည်းဆုံး နှစ်လကနေ သုံးလအထိ ကြာမြင့်နိုင်တယ်လို့ ဒေသခံတွေနဲ့ ကျွမ်းကျင်သူတွေကသတိပေးနေချိန်မှာပဲ ၁၄ ရက်အတွင်းရေပြန်ကျရင် ‌စပါးခင်းတွေမပျက်စီးနိုင်ဘူးလို့ စစ်ကောင်စီက သြဂုတ်လ၃ရက်နေ့မှာ သတင်းထုတ်ပြန်ခဲ့ပါတယ်။ ရေက ၂လနီးပါအထိရေနစ်မြုပ်ခဲ့ပြီး စပါးခင်းတွေလည်းပျက်စီးခဲ့တာဖြစ်ပါတယ်။ပြန်လည်ထူထောင်ရေးကာလမှာလည်းစီမံခန့်ခွဲမှုအမှားတွေလုပ်နေတာလို့ ဒေသခံတွေကပြောပါတယ်။

ဧရာဝတီတိုင်းရေဘေးကိုအာဏာသိမ်းခေါင်းဆောင်ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်ရောက်ရှိချိန်မှာ ခရိုနီတွေက အလှူငွေ စုစုပေါင်းငွေကျပ် ၂၃ဘီလီယံကျော်လှူဒါန်းခဲ့ကြပါတယ်။ အဲဒီငွေတွေကိုဘယ်လိုသုံးစွဲနေတယ်ဆိုတာကို​တော့ စစ်ကောင်စီကထုတ်ပြန်ထားခြင်းမရှိပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ရေဘေးနဲ့ မြေပြိုဘေး ဆိုးရွားစွာကြုံတွေ့ခဲ့ရတဲ့ လောင်းလုံးမြို့နယ်၊ တောကျဲကျေးရွာမှာ ဒီကနေ့ ရုပ်အလောင်း ၁လောင်း ထပ်မံတူးဖော်တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်အုပ်စုဖွင့်ထားတဲ့ CI စခန်းလာလုပ်သူမရှိဟုဆို

သတင်း

အာဏာသိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ဦးဆောင်တဲ့ စစ်အုပ်စုဟာ တနိုင်ငံလုံးအပစ်ရပ်စာချုပ်ကို သုံးပြီး တိုင်းရင်းသားတော်လှန်ရေးအဖွဲ့အစည်းတွေကို သွေးခွဲဖို့ ကြိုးပမ်းနေတာဖြစ်ကြောင်း မွန်ပြည်သစ်ပါတီ-စစ်အာဏာရှင်တိုက်ဖျက်ရေး(NMSP-AD) ရဲ့ မဟာမိတ်ဆက်ဆံရေးတာဝန်ခံ နိုင်ဗညားမွန်က ပြောကြားပါတယ်။

ဆောင်းပါး

အာဏာသိမ်းစစ်အုပ်စုက ကာကွယ်ရေးဝန်ကြီးကိုအပြောင်းအလဲလုပ်သလို ကြည်းရေလေ ညှိနှိုင်းကွပ်ကဲရေးမှူး နေရာကိုလည်း လူ​ပြောင်းလိုက်ပါတယ်။ဒါ့အပြင် ဗိုလ်ချုပ်အဆင့် နဲ့ တိုင်းမှူးအဆင့်တွေအပါအဝင် စစ်တပ်ထိပ်ပိုင်း ရာထူး​တွေကိုအပြောင်းအလဲထပ်လုပ်လိုက်ပြန်ပါတယ်။