Connect with us

Hi, what are you looking for?

သတင်း

လက်နက်ကြီးကျည်နယ်ကျော်ကျလာလို့မြန်မာနယ်စပ်အနီးမှာထိုင်းစစ်တပ်တပ်ဖြန့်

ထိုင်း – မြန်မာနယ်စပ်အနီး မြန်မာဘက်ခြမ်းမြဝတီမြို့နယ်အတွင်း တကျော့ပြန်ပြန်လည်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းပိုက်နက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုရှိခဲ့တဲ့အတွက် နယ်စပ်လုံခြုံရေးတိုးမြှင့်လိုက်သလိုကျည်ထပ်ကျရင်သတိပေးပစ်ခတ်မှုတွေလုပ်ဆောင်မယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်လာပါတယ်။

ဓာတ်ပုံ - AEC News

အောက်တိုဘာ – ၂၆ ၊၂၀၂၆

ထိုင်း – မြန်မာနယ်စပ်အနီး မြန်မာဘက်ခြမ်းမြဝတီမြို့နယ်အတွင်း တကျော့ပြန်ပြန်လည်ဖြစ်ပွားနေတဲ့တိုက်ပွဲတွေကြောင့်ထိုင်းပိုက်နက်ထဲ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲခဲ့ပြီး လူထိခိုက်မှုရှိခဲ့တဲ့အတွက် နယ်စပ်လုံခြုံရေးတိုးမြှင့်လိုက်သလိုကျည်ထပ်ကျရင်သတိပေးပစ်ခတ်မှုတွေလုပ်ဆောင်မယ်လို့ ထိုင်းစစ်တပ်က ထုတ်ပြန်လာပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းက မြဝတီမြို့တောင်ဘက် ၊ ဖလူးနဲ့မင်းလက်ပံရွာတွေမှာ စစ်တပ်နဲ့ KNU ပူးပေါင်းတပ်ကြား တိုက်ပွဲဖြစ်ရာမှာ လက်နက်ကြီးကျည်လေးလုံး ဟာ ထိုင်းဘက်ခြမ်း ၊မဲဆောက်မြို့ ၊ မဟာဝမ်ကျေးရွာအုပ်စုထဲကျရောက်ခဲ့တာပါ။

ဖြစ်စဉ်မှာ နေအိမ်အချို့ ထိခိုက်ခဲ့သလို လူတစ်ဦးလည်းဒဏ်ရာရခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီနောက်မှာတော့ထိုင်းစစ်တပ်က နယ်စပ်မှာ စစ်ကားတွေအပါအဝင်တပ်ဖွဲ့ဝင်တွေကို တပ်ဖြန့်ကာ စစ်ရေးအခြေအနေကိုအနီးကပ်စောင့်ကြည့်လာတာပါ။

ထိုင်းသတင်းမီဒီယာ Khaosod ရဲ့ဖော်ပြချက်အရတော့ နယ်ကျော်ကျလာတဲ့ခဲယမ်းတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ထိုင်းစစ်တပ်က အစီအမံတွေချထားတယ်လို့ဆိုပါတယ်။

အဲဒီအစီအမံထဲမှာ ထိုင်းနိုင်ငံသားတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုထိခိုက်လာမှုရှိရင်သတိပေးပစ်ခတ်မယ့်အစီအမံလည်းပါဝင်နေပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်း-မြန်မာ နယ်စပ် အခြေစိုက်အွန်လိုင်ငွေလိမ်လုပ်ငန်း ကျားဖြန့်ဂိုဏ်းတွေဟာ မြန်မာပိုင်နက် အတွင်းပိုင်းကို စတင် ရွှေ့ပြောင်းနေပြီလို့ ထိုင်းစစ်တပ်က ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲသုံးရက်အတွင်း စစ်တပ်က သေဆုံးသူနဲ့ ဒဏ်ရာရသူ ၁၀၀ ခန့်ရှိတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်ရဲ့ မြဝတီ မြို့နယ်ထဲက အွန်လိုင်း ငွေကြေး လိမ်လည်မှု (ကျားဖြန့်) ဂိုဏ်းတွေရဲ့ လှည့်စား ခေါ်ယူခြင်းကို ခံခဲ့ရသူတွေထဲက ၅၃၀၀ ကျော်လောက် နေရပ်မပြန်နိုင်ဘဲ တစ်နှစ်ကျော်လောက် သောင်တင်နေဆဲလို့ သိရပါတယ်။

သတင်း

မြန်မာဖက်ခြမ်းက စစ်ရေးတင်းမာမှုတွေကြောင့်နယ်စပ်နားက စာသင်ကျောင်းတစ်ကျောင်းကို ပိတ်ထားလိုက်ကြောင်းထိုင်းအာဏာပိုင်တွေက ပြောပါတယ်။