Connect with us

Hi, what are you looking for?

သတင်း

စဉ့်ကိုင်မှာ စစ်မှုထမ်းကြေးကောက်နေတဲ့ အုပ်ကြီးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံး

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

(ပစ်ခတ်ခံရသူ ၃ဦး၏ ပုံများအား တွေ့ရစဥ်။ ဓါတ်ပုံံ-နဂါးနီပြောက်ကျားတပ်ဖွဲ့)

အောက်တိုဘာ-၂၆၊၂၀၂၆။ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာမှာ စစ်မှုထမ်းကြေးကောက်ပေးနေတဲ့ အုပ်ချုပ်ရေးမှူးအပါအဝင် ၃ ဦး ပစ်ခတ်ခံရပြီး ၂ ဦး သေဆုံးကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံက သတင်းထုတ်ပြန်ပါတယ်။

​ပြီးခဲ့တဲ့ အောက်တိုဘာ ၂၃ ရက် မနက် ၇နာရီကျော်အချိန်ခန့်က စဉ့်ကိုင်မြို့နယ်၊ နဘဲပင်ကျေးရွာ ဘုန်းကြီးကျောင်းအနီးက ဆိုင်တစ်ဆိုင်မှာ စစ်မှုထမ်းကြေးကောက်ခံဖို့ စာရင်းပြုစုနေတဲ့ နဘဲပင်ရွာက စစ်တပ်ခန့် အုပ်ချုပ်ရေးမှူး ဆန်းဝင်း၊ဇော်လင်းအောင်နဲ့ ပေါက်ကိုယ်တော်တပည့်လုပ်ခဲ့ဖူးတဲ့ သူရိန် တို့ ၃ဦးကို ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်း နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံရဲ့ တာဝန်ရှိသူက ပြောပါတယ်။

​အဆိုပါ ပစ်ခတ်မှုကြောင့် အုပ်ချုပ်ရေးမှူး ဆန်းဝင်းနဲ့ပေါက်ကိုယ်တော်ရဲ့ တပည့်ဖြစ်ဖူးသူ သူရိန်တို့ ၂ ဦးမှာ နေရာမှာတင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဇော်လင်းအောင် ဆိုသူမှာမူ ဒဏ်ရာရရှိခဲ့ကာ ဆေးရုံသို့ ပို့ဆောင်ထားရတယ်လို့ နဂါးနီပြောက်ကျားတပ်ဖွဲ့-မြင်းခြံရဲ့ တာဝန်ရှိသူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

“ဘာမှတော့မသိမ်းဆည်းခဲ့ရဘူး။ နယ်မြေကြပ်တော့လုပ်ရတာခက်ခဲတာနဲ့အမြန်ပြန်ထွက်ခဲ့တာပါ”လို့ အထက်ပါတာဝန်ရှိသူက ပြောပါတယ်။

ပစ်ခတ်မှုဖြစ်ပွားပြီးနောက် ၁ နာရီခန့်အကြာမှာ စစ်တပ်က ကား ၁စီးနဲ့ ရောက်လာပြီး စစ်ဆေးခဲ့ကြောင်း သိရပါတယ်။ အာဏာသိမ်းစစ်တပ်ဟာ အဲဒီပစ်ခတ်မှုနဲ့ပတ်သက်ပြီး ၎င်းတို့ မသင်္ကာတဲ့ အမျိုးသား ၁၀ ဦးခန့်ကိုလည်း ဖမ်း​ဆီးသွားကြောင်း ဒေသခံအချို့က ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ လာမယ့်နိုဝင်ဘာမှာလုပ်မယ့် စစ်မှုထမ်းအပတ်စဥ်(၃၀)အတွက် စစ်မှုထမ်းဆင့် ခေါ်တာ၊ ပေါ်တာဆွဲတာတွေ အခုကတည်းက ပြုလုပ်နေတာဖြစ်ပြီး ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ အခုလပိုင်းအတွင်း ပေါ်တာဆွဲတာ​တွေကို ဆက်တိုက်လုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့၊ ရွှေပြည်သာနဲ့ လှိုင်သာယာမြို့နယ်တွေမှာ လူငယ်တွေကို လိုက်လံဖမ်းဆီးနေတဲ့အဖွဲ့တွေ သောင်းကျန်းနေပြီး လာဖမ်းရင် အဖမ်းမခံဘဲ ခုခံကြဖို့ ရွှေပြည်သာမြို့နယ်၊ ဘိုရှည်ကုန်းကျေးရွာက စစ်တပ်ခန့်အုပ်ချုပ်ရေးမှူး ဝင်းဇော်က ပြောပါတယ်။

သတင်း

ရေကြီး၊ရေလျှံမှုဖြစ်နေတဲ့ မန္တလေးတိုင်း၊ စဉ့်ကိုင်မြို့နယ်မှာ ရေဘေးရှောင်ဖို့ ထွက်ခွာလာတဲ့ စက်လှေတစ်စီးတိမ်းမှောက်ခဲ့ပြီး လူ ၁ဦးသေဆုံးခဲ့တယ်လို့ ကူညီကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါတယ်။

အတွေးအမြင်

လည်ပင်းမှာ ပန်းကုံးတွေ အများကြီးအစွပ်ခံထားရတဲ့ အမျိုးသားတစ်ယောက်ဟာ မိုက်ကိုကိုင်ရင်းမျက်ရည်တွေဝဲနေခဲ့တယ်။သူ့ရှေ့က လူတွေကိုကြည့်ရင်း သူ့အသံတွေဟာ တုန်ရင်နေခဲ့တယ်။

သတင်း

ကျောက်ဆည် PDFက ကိုယ်တိုင်ထုတ် ပစ္စတိုသေနတ်ကို ပြသပြီး စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးတွေ သတိပြုနေထိုင်ကြဖို့ သတိပေးလိုက်ပါတယ်။