Connect with us

Hi, what are you looking for?

News

သရက်​ချောင်းတွင် ပျူ​စောထီးကားမိုင်းဆွဲခံရပြီး စစ်​ကောင်စီတပ်က လိုက်ပစ်​နေ၍ ​ဒေသခံများထွက်​ပြေး​နေရ

ယခုအခါထားဝယ်မြို့နှင့် ထိုင်းနယ်စပ်ကြားရှိ ထားဝယ်-မေတ္တာလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် တပ်စွဲနေရာယူနေသည်ဟု ဒေသခံများကပြောသည်။

ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ်တွင်ပျူစောထီးများ စီးနင်းလာသော ကားတစ်စီး မိုင်းဆွဲခံရပြီးနောက် ကျေးရွာများအတွင်း အာဏာသိမ်းစစ်ကောင်စီတပ်သားများက လိုက်လံပစ်ခတ်နေ၍ ​ဒေသခံပြည်သူများရွာလုံးကျွတ်ထွက်ပြေး နေရ​ကြောင်းဒေသခံများက ပြောသည်။

စစ်ကောင်စီလက်အောက်ခံ ပျူစောထီးစီးနင်းလာသည့် ကားသည် သရက်ချောင်းမြို့နယ် မိုးရွှေဂူရွာထိပ်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ကျေးရွာအတွင်းသို့ အကြမ်းဖက်စစ်ကောင်စီနှင့်ပျူထီးစောထီးတို့က ​သေနတ်ဖြင့်ဝင်ရောက်ပစ်ခတ်ခဲ့ခြင်း ဖြစ်သည်။

ထိုအပြင် စော်ဖျားရွာတွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်သားများနှင့် ပျူစောထီးများက လမ်းပိတ်စစ်ဆေးပြီး ရွာအတွင်းကို ဝင်ရောက်ပစ်ခတ်ခဲ့သည်ဟု ဒေသခံများက ဆိုသည်။ စစ်ကောင်စီတပ်များက ​စော်ဖျားရွာရှိ နေအိမ်လေးလုံးကိုမီးရှို့ဖျက်ဆီးပြီး အခြားအိမ်တစ်ခုမှပစ္စည်းများကို ခိုးယူသွားခဲ့​ကြောင်းဒေသခံများကပြောသည်။ စစ်ကောင်စီတပ်သားများ ဝင်ရောက်ပစ်ခတ်မူများကြောင့် စော်ဖျားရွာအတွင်း ပြည်သူအများစုမှာလည်း ထွက်ပြေးတိမ်းရှောင်နေရသည်ဟု ဒေသခံများက ဆိုသည်။

ဒီဇင်ဘာ ၂၅ ရက်ကလည်း သရက်ချောင်းမြို့နယ်ရှိ ပိန်းတောရွာနှင့် သရက်နှစ်ခွရွာ အနီးတို့တွင် စစ်ကောင်စီယာဥ်တန်းများကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်က မိုင်းဆွဲတိုက်ခိုက်ခဲ့သေးသည်။

Public Service Announcement

Public Service Announcement

ယခုအခါထားဝယ်မြို့နှင့် ထိုင်းနယ်စပ်ကြားရှိ ထားဝယ်-မေတ္တာလမ်းပိုင်းတွင် အကြမ်းဖက်စစ်ကောင်စီတပ်များက အင်အားအလုံးအရင်းဖြင့် တပ်စွဲနေရာယူနေသည်ဟု ဒေသခံများကပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ်ယာဥ်တန်းကို ကင်းစောင့်ပေးနေတဲ့ ရဲတွေ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook