Connect with us

Hi, what are you looking for?

News

ကလေး-ဂန့်ဂေါလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၀ ဦးသေ

နံနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု PDF-GanGaw က ဆိုသည်။

ကလေး-ဂန့်ဂေါလမ်းပိုင်း၌ ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စစ်သားနှင့်ရဲ ၂၀ ဦးသေဆုံးခဲ့ကြောင်း PDF-GanGaw က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအနက် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ကြိမ်၊ ၂၇ ရက်တွင် တစ်ကြိမ်နှင့် ၂၈ ရက်(ယနေ့)တွင် နှစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သား ၁၈ ဦးနှင့် ရဲနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒီဇင်ဘာ ၂၆ ရက်က ကလေး-ဂန့်ဂေါ လမ်းပိုင်းတွင် ဂန့်ဂေါမှ ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ခွဲ(၁၇) ကြယ်ဖြူအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ခုနစ်ဦးသေဆုံးခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၇ တွင် ဆက်လက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ရင်း (၁) ပြောက် ကျားတပ်ဖွဲ့မှ မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါဦးသေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၈(ယနေ့)တွင်မူ နံနက်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်၊ နေ့လယ်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်ဖြင့် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည် PDF-GanGaw ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နံနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု PDF-GanGaw က ဆိုသည်။

ထို့အပြင် နေ့လယ်ပိုင်းတိုက်ပွဲတွင်းလည်း ဆိုင်ကယ်ငါးစီးဖြင့် တောင်ခင်ရန်းရဲစခန်းမှ ကင်းလှည့်ထွက်လာ‌သည့် စစ်ကောင်စီတပ်မှ ရဲများအား PDF-GanGaw တပ်ခွဲ (၂၅) စွန်ရဲအဖွဲ့မှ လျှပ်တပြက် ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်နှစ်စီးမိုင်းထိပြီး ရဲခွေးနှစ်ဦး သေဆုံးခဲ့သည်။

လက်ရှိအခြေအနေတွင် ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များကြား ဒီဇင်ဘာ ၂၆ရက်ကစပြီး တိုက်ပွဲများပြင်ထန်းခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခြင်း ကြောင့် ပြည်သူများ အသွားအလာသတိပြုကြရန် PDF-GanGaw က မေတ္တာရပ်ခံသည်။

မြေပြင်တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် စပ်လျဥ်းပြီး အချိန်နှင့်တပြေးညီ သတင်းမထုတ်ပြန်နိုင်ခြင်းမှာ လုံခြုံရေးအခြေအနေနှင့် အင်တာနက်လိုင်းပြတ်တောက်မှုတို့ကြောင့်ဖြစ်ကြောင်း PDF-GanGaw က အသိပေး တောင်းပန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

ကျောက်ဖြူမြို့နယ်၊တောင်မော်ဦး(​တောင်​မော်ကြီး )ရေတပ်စခန်းရဲ့ ကာကင်းတွေအပါအဝင် ရှေ့တန်းစစ်မျက်နှာသုံးခုထက် မနည်းမှာ အာရက္ခတပ်တော်(AA) နဲ့ အာဏာသိမ်းစစ်တပ်တို့ကြားတိုက်ပွဲပြင်းထန်နေလို့ စစ်​ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်