Connect with us

Hi, what are you looking for?

LuduNwayOo

News

ကလေး-ဂန့်ဂေါလမ်းပိုင်း တိုက်ပွဲများတွင် စစ်ကောင်စီတပ်မှ ၂၀ ဦးသေ

နံနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု PDF-GanGaw က ဆိုသည်။

ကလေး-ဂန့်ဂေါလမ်းပိုင်း၌ ဖြစ်ပွားလျှက်ရှိသော တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်မှ စစ်သားနှင့်ရဲ ၂၀ ဦးသေဆုံးခဲ့ကြောင်း PDF-GanGaw က ယနေ့(ဒီဇင်ဘာ ၂၈) ထုတ်ပြန်သည်။

အဆိုပါတိုက်ပွဲများအနက် ဒီဇင်ဘာ ၂၆ ရက်တွင် တစ်ကြိမ်၊ ၂၇ ရက်တွင် တစ်ကြိမ်နှင့် ၂၈ ရက်(ယနေ့)တွင် နှစ်ကြိမ် အသီးသီးဖြစ်ပွားခဲ့ပြီး စစ်ကောင်စီတပ်မှ စစ်သား ၁၈ ဦးနှင့် ရဲနှစ်ဦးသေဆုံးခဲ့ခြင်းဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ဒီဇင်ဘာ ၂၆ ရက်က ကလေး-ဂန့်ဂေါ လမ်းပိုင်းတွင် ဂန့်ဂေါမှ ကလေးဘက်သို့ စစ်ကြောင်းထိုးလာသော စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ခွဲ(၁၇) ကြယ်ဖြူအဖွဲ့က မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ ဘက်မှ ခုနစ်ဦးသေဆုံးခဲ့သည်။

ထို့နောက် ဒီဇင်ဘာ ၂၇ တွင် ဆက်လက် စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ရင်း (၁) ပြောက် ကျားတပ်ဖွဲ့မှ မိုင်းဖြင့်ထပ်မံတိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သား ငါဦးသေဆုံးသွားကြောင်း အတည်ပြုနိုင်ခဲ့သည်ဟု ထုတ်ပြန်ချက်က ဆိုသည်။

Public Service Announcement

Public Service Announcement

ဒီဇင်ဘာ ၂၈(ယနေ့)တွင်မူ နံနက်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်၊ နေ့လယ်ပိုင်း၌ တိုက်ပွဲတစ်ကြိမ်ဖြင့် တစ်ရက်တည်း တိုက်ပွဲနှစ်ကြိမ်ဖြစ်ပွားခဲ့သည် PDF-GanGaw ၏ ထုတ်ပြန်ချက်တွင်ပါရှိသည်။

နံနက်ပိုင်းဖြစ်ပွားသည့် တိုက်ပွဲတွင် စစ်ကောင်စီယာဉ်တန်းအား PDF-GanGaw တပ်ခွဲ (၂၁) ဗိုလ်ရွှေကျားအဖွဲ့က မိုင်းဖြင့်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီတပ်သားခြောက်ဦးကိုသုတ်သင်ရှင်းလင်းနိုင်ခဲ့သည်ဟု PDF-GanGaw က ဆိုသည်။

ထို့အပြင် နေ့လယ်ပိုင်းတိုက်ပွဲတွင်းလည်း ဆိုင်ကယ်ငါးစီးဖြင့် တောင်ခင်ရန်းရဲစခန်းမှ ကင်းလှည့်ထွက်လာ‌သည့် စစ်ကောင်စီတပ်မှ ရဲများအား PDF-GanGaw တပ်ခွဲ (၂၅) စွန်ရဲအဖွဲ့မှ လျှပ်တပြက် ချောင်းမြောင်းတိုက်ခိုက်ခဲ့ရာ ဆိုင်ကယ်နှစ်စီးမိုင်းထိပြီး ရဲခွေးနှစ်ဦး သေဆုံးခဲ့သည်။

လက်ရှိအခြေအနေတွင် ကလေး-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ကောင်စီတပ်နှင့် ဒေသကာ ကွယ်ရေးတပ်ဖွဲ့များကြား ဒီဇင်ဘာ ၂၆ရက်ကစပြီး တိုက်ပွဲများပြင်ထန်းခဲ့ရာ စစ်ကောင်စီဘက်မှ လက်နက်ကြီးများအသုံးပြု ပစ်ခတ်ခြင်း ကြောင့် ပြည်သူများ အသွားအလာသတိပြုကြရန် PDF-GanGaw က မေတ္တာရပ်ခံသည်။

မြေပြင်တိုက်ပွဲဖြစ်ပွားမှုအခြေအနေများနှင့် စပ်လျဥ်းပြီး အချိန်နှင့်တပြေးညီ သတင်းမထုတ်ပြန်နိုင်ခြင်းမှာ လုံခြုံရေးအခြေအနေနှင့် အင်တာနက်လိုင်းပြတ်တောက်မှုတို့ကြောင့်ဖြစ်ကြောင်း PDF-GanGaw က အသိပေး တောင်းပန်ထားသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ၊ ARSAနှင့် ARA တို့သည် အကျိုးစီးပွား အတွက် ယာယီ ပေါင်းစည်းကြခြင်းဖြစ်ကြောင်း ဦးခိုင်သုခကပြောသည်။

သတင်း

စစ်ကောင်စီတပ်ကမူ မြဝတီမြို့ပြင်ရှိ KNU၏ KNLA ဦးဆောင်သည့် ပူးပေါင်းတပ် သိမ်းပိုက်ထားသည့် ခလရ(၂၇၅)ကို ဧပြီ ၁၁ ရက်နောက်ပိုင်း လေကြောင်းမှ တိုက်လေယာဥ်ဖြင့် ပေါင် ၅၀၀ ဗုံးများချကာ အနည်းဆုံး နှစ်ကြိမ် တိုက်ခိုက်ခဲ့သည်။

သတင်း

လှိုင်သာယာနှင့် အင်းစိန်မြို့နယ်တို့တွင် ယနေ့ ပေါက်ကွဲမှုများဖြစ်ခဲ့၍ စစ်ဆေးခြင်းဟုလည်း ဒေသခံအချို့က ပြောသည်။

သတင်း

စစ်ကောင်စီတပ်က လေကြောင်းမှ အဆိပ်ငွေ့ဗုံးများ၊ မီးလောင်ဗုံးများအသုံးပြုတိုက်ခိုက်လာကောင်းလည်း ဗိုလ်မှူးက ပြောသည်။ ကျားဖြူစစ်ကြောင်းမှ ရဲဘော်လေးဦးလည်း မစိုးရိမ်ရ ဒဏ်ရာရရှိကြောင်းလည်း ၎င်းက ဆက်ပြောသည်။