Connect with us

Hi, what are you looking for?

သတင်း

မုံရွာ – မန္တလေးလမ်းပိုင်းမှာ စစ်တပ်ယာဥ်တန်း တိုက်ခိုက်ခံရ

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

နိုဝင်ဘာ ၁၊ ၂၀၂၆။ ဟာနာဆန်/People’s Spring

စစ်ကိုင်းတိုင်း၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ မုံရွာမြို့၊ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)က ထွက်လာတဲ့ စစ်တပ်ယာဉ်တန်း တိုက်ခိုက်ခံရပြီး ထိခိုက်မှုရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

မနေ့က အောက်တိုဘာလ ၃၁ ရက် မနက် ၁၁နာရီကျော်မှာ မြင်းမူမြို့နယ်ကိုဖြတ်သန်းသွားတဲ့ မုံရွာ – မန္တလေး လမ်းပိုင်းတနေရာကနေ တိုက်ခိုက်ခဲ့တာဖြစ်ပြီး စစ်သား ၇ ဦး ဒဏ်ရာရသွားကြောင်း ပကဖအသံက ဖော်ပြပါတယ်။

အဲဒီတိုက်ခိုက်မှုကို အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန စစ်ကိုင်းခရိုင်တပ်ရင်း (၅)နဲ့ မြင်းမူမြို့နယ် ပြည်သူ့ကာကွယ်ရေး အဖွဲ့ ပကဖတို့ ပူးပေါင်းပြီးတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

“မြင်းမူ အလ္လကပ္ပရွာနားမှာ ဖြစ်တာ။အသေအပျောက်များတယ်။ သံပြားကာ တစ်စီးလည်း ပျက်စီးတယ် ပြောတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

အောက်တိုဘာ ၃၁ ရက် မနက်ပိုင်းမှာ မုံရွာနမခကနေ မုံရွာမြို့က ပေါ်တာဆွဲခံရတဲ့လူငယ်တွေကို စစ်ကိုင်းမြို့ တပ်မ (၃၃)ပို့တဲ့ ယာဥ်တွေလည်း ထွက်ခွာသွားပြီး တိုက်ခိုက်ခံရတဲ့ယာဥ်တွေထဲ ပါ၊မပါ မသိရသေးပါဘူး။

စစ်ကိုင်းခရိုင်တပ်ရင်း (၅)နဲ့ မြင်းမူပကဖကို ဆက်သွယ်မေးမြန်းဖို့ကြိုးစားပေးမယ့် လက်တလော ဆက်သွယ်လို့ မရသေးပါဘူး။

အာဏာသိမ်းစစ်တပ်ဟာ တိုက်ခိုက်ခံရမှာစိုးလို့ မုံရွာ၊ ချောင်းဦး၊ မြင်းမူ၊ စစ်ကိုင်း စတဲ့ မုံရွာ-မန္တလေးလမ်းတလျှောက်မှာ အင်အားသုံး စစ်ကြောင်းထိုးခဲ့ပြီးလက်နက်ငယ်တွေပစ်ဖောက်တာ၊ ပြည်သူတွေကို မိုင်းရှင်းခိုင်းတာတွေ ပြုလုပ်ခဲ့ကြောင်း ဒေသခံတွေက ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာနအောက်မှာရှိတဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ ပကဖ တွေဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် PDF နဲ့လက်တွဲပြီး တိုက်ခိုက်ရေးတာဝန်တွေထမ်းဆောင်နေကြကြောင်း ပကဖအသံက အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ ပေါက်မြို့နယ်ကို ၀င်လာတဲ့ အာဏာသိမ်းစစ်တပ်ယာဉ်တန်း အသေခံဒရုန်းတွေနဲ့ တိုက်ခံရပြီး ထိခိုက်သေဆုံးမှုတွေ များနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းနေတဲ့ စစ်တပ်ယာဉ်တန်းဟာ ဒီကနေ့ အောက်တိုဘာ ၁၂ရက် မနက်မှာ မိုးညှင်းကနေ မြစ်ကြီးနားမြို့ဘက်ကို ဆက်လက်ထွက်ခွာသွားပြီလို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်၊ မုံရွာ-မန္တလေးလမ်းပိုင်းမှာ ရပ်ထားတဲ့ ၆ ဘီးကားကို ခွေးဘီလူးကားက ဝင်တိုက်လို့ ခွေးဘီလူးကားပေါ်ပါ ခရီးသည် ၁၀ ဦး သေဆုံးခဲ့ကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ကိုင်းမြို့နယ်မှာ စစ်တပ် ယာဉ်တန်းကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်က ရမ်းသမ်းပစ်ခတ်မှုကြောင့် မြေပဲနှုတ်နေတဲ့ တောင်သူ ၁ ဦး သေဆုံးခဲ့ပါတယ်။