Connect with us

Hi, what are you looking for?

News

ဝက်လက်နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေ

ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး ဇော်မိုးလတ်နှင့် တပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

(ဓာတ်ပုံ - ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို ​တွေ့ရစဥ်)

မိုင်းရှင်းရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဗိုလ်ကြီးဇော်မိုးလတ်နှင့် တပ်သားသုံးဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၈ ရက် နံနက် ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာကားကို ပဒေသာမိုင်းသုံးလုံးဖြင့် မန္တလေ-ရွှေဘိုလမ်းပေါ် စိုင်နိုင်ကွေ့ရွာအနီးတွင် ဗိုလ်သံမဏိအဖွဲ့က ကနဦး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ယနေ့(ဒီဇင်ဘာ ၂၉ ရက်)နံနက်တွင် စိုင်နိုင်ကွေ့အနီးနား၌ မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗိုလ်သံမဏိအဖွဲ့က ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး ဇော်မိုးလတ်နှင့် တပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်တွင် နိုဝက်ဘာ ၇ရက်မှစ၍ တော်လှန်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သစ်ဆိမ့် ရဲစခန်းမှူးနှင့် ဗိုလ်ကြီးဇော်မိုးလတ်တို့ ​သေဆုံးပြီး တပ်သားအသေအပြောက်လည်း များပြားနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။