Connect with us

Hi, what are you looking for?

LuduNwayOo

News

ဝက်လက်နယ်တွင် မိုင်းရှင်းရန်လာသည့် စစ်​ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရာ ဗိုလ်ကြီးတစ်ဦးအပါအဝင် သုံးဦး​သေ

ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး ဇော်မိုးလတ်နှင့် တပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

(ဓာတ်ပုံ - ဝက်လက်မြို့နယ်မှ ပြည်သူ့ကာကွယ်ရေးရဲဘော်တစ်ဦးကို ​တွေ့ရစဥ်)

မိုင်းရှင်းရန်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်ကောင်စီတပ်သား ဗိုလ်ကြီးဇော်မိုးလတ်နှင့် တပ်သားသုံးဦးသေဆုံးကြောင်း ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ယနေ့ ထုတ်ပြန်သည်။

ဒီဇင်ဘာ ၂၈ ရက် နံနက် ၈နာရီခန့်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာကားကို ပဒေသာမိုင်းသုံးလုံးဖြင့် မန္တလေ-ရွှေဘိုလမ်းပေါ် စိုင်နိုင်ကွေ့ရွာအနီးတွင် ဗိုလ်သံမဏိအဖွဲ့က ကနဦး မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

ထို့နောက် ယနေ့(ဒီဇင်ဘာ ၂၉ ရက်)နံနက်တွင် စိုင်နိုင်ကွေ့အနီးနား၌ မိုင်းရှင်းလင်းရန်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များကို ဗိုလ်သံမဏိအဖွဲ့က ထပ်မံမိုင်းဆွဲတိုက် ခိုက်ခဲ့ခြင်းဖြစ်သည်။

ထိုတိုက်ခိုက်မှုတွင် ဗိုလ်ကြီး ဇော်မိုးလတ်နှင့် တပ်သား သုံးဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာ ရရှိနိုင်ကြောင်းလည်း စုံစမ်းသိရှိရသည်ဟု ဝက်လက်မြို့နယ် သတင်းမှန်ပြန်ကြားရေးက ဆိုသည်။

Public Service Announcement

Public Service Announcement

ဝက်လက်မြို့နယ်တွင် နိုဝက်ဘာ ၇ရက်မှစ၍ တော်လှန်ရေးအဖွဲ့များ၏ မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သစ်ဆိမ့် ရဲစခန်းမှူးနှင့် ဗိုလ်ကြီးဇော်မိုးလတ်တို့ ​သေဆုံးပြီး တပ်သားအသေအပြောက်လည်း များပြားနေသည်ဟု ထုတ်ပြန်ချက်တွင် ပါရှိသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီဟာ တရုတ်က တပ်ဆင်ပေးတဲ့ လက်နက်တွေကို ပြည်သူတွေအပေါ် ညှင်းပန်းနှိပ်စက် သတ်ဖြတ်မှုတွေအတွက် အသုံးချနေတယ်လို့ NUGက ဆိုပါတယ်။

သတင်း

PIA ရဲဘော်သွင်ထူးအောင် (ခ)ဘိုင်အိုသည် ဧပြီ ၂၅ရက်က တိုက်ပွဲအတွင်း ကျဆုံးခဲ့ခြင်းဖြစ်ကြောင်း PIA က ယနေ့(‌ဧပြီ၂၈ရက်) သတင်းထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီတပ်သည် ဧပြီ ၂၇ ရက်၌ လက်နက်ကြီးများဖြင့် ဆီဆိုင်မြို့နယ်အတွင်း ရမ်းသမ်းပစ်ခတ်သဖြင့် ကျေးရွာများအတွင်းသို့ လက်နက်ကြီးများ ကျရောက်ကာ ဒေသခံ ပြည်သူများ ထွက်ပြေးတိမ်းရှောင်ခဲ့ရသည်ဟု PNLAက ထုတ်ပြန်သည်။

သတင်း

စစ်ကောင်စီသည် မင်းတပ်မြို့နယ် ၀မ္မသူးပြည်သူ့ ဆေးရုံအား ဧပြီ ၂၄ရက် ညပိုင်းက လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ ဆေးကုသနေသည့် ပြည်သူ ၅ဦး သေဆုံးခဲ့ပြီး ဒဏ်ရာပြင်းထန်သူ ၁၆ဦး အပါအဝင် ၃၀ဦး ဒဏ်ရာရရှိခဲ့သည်ဟု ဆိုသည်။