Connect with us

Hi, what are you looking for?

သတင်း

စစ်အုပ်စုလုပ်ပေးတဲ့ CI စာအုပ်လုပ်သူ တစ်လခန့်အတွင်း တစ်သောင်းခွဲခန့်သာရှိ၊ CI မလုပ်ရေးကမ်ပိန်း ပါဝင်သူ ထိုင်းရောက်မြန်မာလုပ်သား ၂ သန်းကျော်ရှိလာ

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေထံက အခွန်ကောက်ဖို့ စစ်အုပ်စုလုပ်ပေးနေတဲ့ CI စာအုပ်ကို တစ်လခန့်အတွင်း လာလုပ်သူ တစ်သောင်းခွဲသာရှိသေးပြီး CI မလုပ်ဖို့ တောင်းဆိုနေတဲ့ ကမ်ပိန်းမှာ ပါဝင်တဲ့ မြန်မာလုပ်သား ၂သန်းကျော်အထိ ရှိနေပါတယ်။

(CI မလုပ်​ရေးအပါအဝင် အချက်​လေးချက်ကို ထိုင်း​ရောက်မြန်မာအလုပ်သမား​တွေ​တောင်းဆိုကြစဥ်။ဓာတ်ပုံ - MMWRCCT)

နိုဝင်ဘာ ၉၊ ၂၀၂၆။ နေ့သစ်/People’s Spring

ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေထံက အခွန်ကောက်ဖို့ စစ်အုပ်စုလုပ်ပေးနေတဲ့ CI စာအုပ်ကို တစ်လခန့်အတွင်း လာလုပ်သူ တစ်သောင်းခွဲသာရှိသေးပြီး CI မလုပ်ဖို့ တောင်းဆိုနေတဲ့ ကမ်ပိန်းမှာ ပါဝင်တဲ့ မြန်မာလုပ်သား ၂သန်းကျော်အထိ ရှိနေပါတယ်။

စစ်အုပ်စုဟာ ထိုင်းနိုင်ငံက ခရိုင်မြို့တွေဖြစ်တဲ့ စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်၊ ချွန်ဘူရီတို့က CI ထုတ်ပေးရေးစခန်းတွေကို အောက်တိုဘာ ၁၄ ရက်မှာ ဖွင့်လှစ်ခဲ့ပါတယ်။အဲဒီ CI စခန်း​တွေကို ကြီးကြပ်ဖို့အတွက်စစ်အုပ်စုက အရာရှိ ၃၁ ဦးကို ​အောက်တိုဘာ လဆန်းပိုင်းမှာကတည်းက​စေလွှတ်ခဲ့ပါတယ်။

ဒါပေမယ့် CI လုပ်ပေးတဲ့ တစ်လခန့်အတွင်း မြန်မာလုပ်သား သိန်းချီလာလုပ်မယ်လို့ ခန့်မှန်းထားပေမယ့် လက်တွေ့မှာ တစ်သောင်ခွဲသာ လာလုပ်သူရှိသေးတယ်လို့ စစ်တပ်ခန့် အလုပ်သမားဝန်ကြီး မင်းကင်းမောင်မြင့်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

” အောက်တိုဘာ ၁၄ ရက်က စဖွင့်တာကို ကျွန်တော်တို့ကတော့ တစ်ရက်၊ တစ်ရက်ကို လေး၊ ငါးထောင်လောက် လုပ်ပေးလို့ရှိရင် ဒီအချိန်အလောက်ဆိုရင်ဖြင့် သိန်းဂဏန်းလောက်ပြီးပြီလို့ ယူဆပေမဲ့ အခုအချိန်မှာ အဘက်ဘက်က အနှောင့်အယှက်တွေကြောင့် စုစုပေါင်း လူတစ်သောင်းခွဲလောက်ပဲ လုပ်ပေးပြီးပါသေးတယ်”လို့ ဦးမောင်မြင့်က ပြောပါတယ်။

ထိုင်းနိုင်ငံမှာ ဖွင့်ထားတဲ့ CI စခန်းတွေမှာ ကြန့်ကြာမှုရှိနေတာမဟုတ်ဘဲ လာလုပ်သူတွေမှာသာ အဘက်ဘက်က အခက်အခဲအကြပ်အတည်းတွေဖြစ်နေတာလို့ သူက ပြောပါတယ်။

CI လျှောက်ထားလိုတဲ့သူတွေအ​နေနဲ့ နီးစပ်ရာ 7-Eleven စတိုးဆိုင်တွေမှာ စာအုပ်ဖိုး ဘတ်၂,၆၆၀ ပေးသွင်းကာ လျှောက်ထားလိုတဲ့ စခန်းနာမည်နဲ့ နေ့ရက်ကို ရွေးချယ်နိုင်တယ်လို့ စစ်အုပ်စုက ဆိုပါတယ်။

ဒါ​ပေမယ့် CI လုပ်မယ်ဆိုရင် စာအုပ်ဖိုးနဲ့တင်မပြီး​သေးပါဘူး။CI လုပ်မယ်ဆိုရင် လုပ်သား​တွေအ​နေနဲ့ မိသားစုထံလွှဲပို့ငွေ အထောက်အထားပြရဦးမှာ ဖြစ်ပါတယ်။ ထိုင်းမှာ အခြေခံလုပ်ခလစာကို တစ်လ ထိုင်းဘတ် ၁၀,၄၀၀ လျာထားတာဖြစ်တဲ့ အတွက် တစ်လလွှဲပို့ငွေပမာဏ၂၅ ရာခိုင်နှုန်းဆိုရင် ဘတ်၂၆၀၀ ရှိရှိပါတယ်။ ၃လစာဆို​တော့ အကြမ်းဖျင်း ဘတ် ၇၈၀၀နဲ့ညီမျှတဲ့ ကျပ်၁၀သိန်းကျော် ပြည်တွင်းကို လွှဲပို့ထားရမယ့်သ​ဘောဖြစ်ပါတယ် ။ ဒါအပြင် ဘတ်ကတ်လုပ်ထားသူ​တွေဟာ စစ်​ကောင်စီကိုအခွန် ၂ ရာခိုင်နှုန်း​ပေးရမှာပါ။အကြမ်းဖျင်း တစ်လ ဘတ် ၁၅၀ ​ပေးရမှာဖြစ်လို့ ဘတ်ကတ်သတ်တမ်းအလိုက်​ဆောင်ရမှာ ဖြစ်ပါတယ်။

CI စာအုပ်ဖိုးရယ် ၊ ပြန်လွှဲပို့​ငွေ အ​ထောက်အထားရယ် ၊ ၂ ရာခိုင်နှုန်းရယ်၊ လမ်းစာရိတ် ရယ်၊ပွဲစားကတဆင့်လုပ်မယ်ဆိုရင် ပွဲစားစာရိတ် စတာ​တွေ​ကြောင့် လုပ်သားတစ်ဦး အနည်းဆုံး ဘတ်တစ်​သောင်း​ကျော်က​နေ နှစ်​​သောင်း​လောက်အထိကုန်မယ့် အစီအစဥ်ဖြစ်ပါတယ်။

နိုင်ငံတစ်ဝန်း စစ်ပွဲ​တွေမရပ်မနားတိုက်​နေပြီး ​နေ့စဥ် ဗုံးပါတ်ကြဲ​နေကာ ၊ တိုင်းပြည်စီးပွားပျက်​နေသလို ၊ပြည်ပ​ချေး​ငွေ-ကုန်သွယ်​ရေး-ပြည်ပရင်းနှီးမြှပ်နှံမှု​တွေ ​လျော့နည်း​နေလို့ နိုင်ငံခြား​ငွေ အငမ်းမရ လို​နေတဲ့ အာဏာသိမ်းစစ်တပ် အတွက် အစီအစဥ်အတိုင်းဖြစ်လာရင် ဘတ်​ငွေ ဘီလီယံချီရမယ့် ​ငွေရ​ပေါက်ကြီးလည်းဖြစ်​နေပါတယ်။

ထိုင်းနိုင်ငံမှာ မြန်မာလုပ်သားသန်းနဲ့ချီရှိပြီးရှိပါတယ်။ ဒါ​ပေမယ့် အခု CI စာအုပ်လုပ်ရမယ့် အလုပ်သမားတွေဟာ လူအဟောင်းတွေမဟုတ်ဘဲ ဘတ်အသစ်ပြုလုပ်ထားသူတွေအတွက်လို့ စုံစမ်းသိရပါတယ်။ဘတ်အသစ်ပြုလုပ်ထားတဲ့ မြန်မာလုပ်သားဦးရေ ၇ သိန်းကျော် ရှိတယ်လို့စုံစမ်းသိရပါတယ်။

CI စာအုပ်ထုတ်ပေးတာဟာ ထိုင်းအစိုးရနဲ့ မဆိုင်ဘဲ မြန်မာနိုင်ငံသားဖြစ်ကြောင်း အတည်ပြုပေးတဲ့ စာအုပ်သာဖြစ်တဲ့အတွက် ကောက်ခံတဲ့ CI စာအုပ်ဖိုးအပါအဝင် အခွန်​ငွေ​တွေကို အာဏာသိမ်းစစ်တပ်သာ ရရှိမှာဖြစ်ပါတယ်။ ပန်းရောင်ကတ် လူသစ်စာရင်းတင်ထားတဲ့သူ မြန်မာလုပ်သား ၇ သိန်းခန့်ရှိပြီး အဲဒီသူတွေဟာ လက်တလော CI လုပ်ရေး၊မလုပ်ရေးနဲ့ သက်ဆိုင်နေတာ ဖြစ်ပါတယ်။

ဒါအပြင် တခြားတဖက်မှာလည်း CI မလုပ်ရေး ကမ်ပိန်းပြုလုပ်နေပြီး အဲဒီ ကမ်ပိန်းမှာ မြန်မာလုပ်သားအများအပြားပါဝင်နေပါတယ်။

ထိုင်းရောက်မြန်မာလုပ်သားများတွေအရေး ကူညီပေးနေသူတွေက ထိုင်းနိုင်ငံရောက်မြန်မာရွှေ့ပြောင်းလုပ်သားများကိုယ်စားပြုညှိနှိုင်းရေးကော်မတီ (MMWRCCT)ဆိုပြီး ဖွဲ့စည်းပြီးနောက် CI စာအုပ်မလုပ်ရေးနဲ့ပတ်သက်ပြီးအချက်(၄)ချက်ပါတဲ့ တောင်းဆိုလှုပ်ရှားမှုစတင်ခဲ့တာဖြစ်ပါတယ်။

အဲဒီနောက် ထိုင်းရောက်မြန်မာလုပ်သားတွေ ပူးပေါင်းပါဝင်နိုင်ဖို့ လူမှုကွန်ရက်တွေကနေ ဓာတ်ပုံကမ်ပိန်းလှုပ်ရှားမှုစတင်ပြုလုပ်ခဲ့ပါတယ်။ အဲဒီနောက် အွန်လိုင်ကနေ လက်မှတ်ထိုးပါဝင်တဲ့ လှုပ်ရှားမှုကို ပြီးခဲ့တဲ့ နိုတင်ဘာ ၁ရက်က စတင်ပြုလုပ်ရာ နိုဝင်ဘာ ၅ရက်နေ့အထိ ၅ရက်အတွင်း မြန်မာလုပ်သား ၂ သန်း ကျော် ပူးပေါင်းပါဝင်ထားတယ်လို့ MMWRCCT က သတင်းထုတ်ပြန်ပါတယ်။

” ၂သန်းကျော်တော့ ပါဝင်နေပြီ။ နောက်ဆုံး အချက်အလတ်တွေတော့ မရသေးဘူး။ အားအရမ်းကောင်းနေပြီလို့ ပြောရတယ်”လို့ MMWRCCT က တာဝန်ရှိသူ ဦးဝေလင်းမောင်က ပြောပါတယ်။

ကမ်ပိန်းမှာပါဝင်တဲ့ အချက်အလက်တွေကို လာမယ့် နိုဝင်ဘာ ၁၂ရက်နေ့မှာ ထိုင်းအစိုးရအဖွဲ့ (ကပ်ဘိနက်) တင်ပြနိုင်အောင်ကြိုးပမ်းနေတယ်လို့လည်း MMWRCCT က တာဝန်ရှိသူတစ်ဦးဖြစ်သူ ဦးခိုင်ကြီးက ပြောပါတယ်။

ဒါ့အပြင် ထိုင်းနိုင်ငံ​ရောက်မြန်မာအလုပ်သမား​တွေရဲ့ကွန်ယက်ဖြစ်တဲ့ Bright Future မှ ဆူရတ်ဂ်ျဂီရီ ဦးဆောင်ပြီး ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားတွေကို CI ထုတ်ပေးမှု ဖျက်သိမ်းပေးရေးနဲ့ လုပ်သားတွေအပေါ် အမြတ်ထုတ်နေတဲ့ ပွဲစားတွေ ဖမ်းဆီးအရေးယူပေးရေး ထိုင်းအောက်လွှတ်တော်အလုပ်သမားရေးရာကော်မတီထံ​ ​အောက်တိုဘာလဆန်းမှာ သွားရောက်တောင်းဆိုပြီး ဘန်ကောက်မြို့က UN ရုံးရှေ့မှာလည်း ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

ထိုင်းလွှတ်တော်အမတ်တချို့နဲ့ ထိုင်းနိုင်ငံက ရွှေ့ပြောင်းလုပ်သားတွေအရေးဆောင်ရွက်နေသူတွေကလည်း မြန်မာလုပ်သားတွေကို ပန်းရောင်းကတ် တစ်မျိုးတည်းနဲ့သာ နေထိုင်၊လုပ်ကိုင်ခွင့်ပြုပေးဖို့ ထိုင်းအစိုးရထံမကြာခဏတောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ထိုင်းအလုပ်သမားရေးဝန်ကြီးက​ ထိုင်းရောက် ရွှေ့ပြောင်းမြန်မာအလုပ်သမားတွေရဲ့ ဝင်ငွေ ၂၅ ရာခိုင်နှုန်းကို မြန်မာနိုင်ငံဆီ ပြန်လွှဲခိုင်းတဲ့ အာဏာသိမ်းမြန်မာစစ်တပ်ရဲ့ သတ်မှတ်ချက်ကို ထိုင်းအစိုးရက ကန့်ကွက်မယ်လို့ နိုဝင်ဘာ ၆ရက်က ပြောကြားလိုက်ပါတယ်။

အဲဒီ သတ်မှတ်ချက်ဟာ နိုင်ငံတကာ စည်းမျဉ်းစံနှုန်းတွေနဲ့ ကိုက်ညီမှု မရှိဘူးလို့ ပြောပါတယ်။ စစ်တပ်ဟာ ထိုင်းရောက် မြန်မာလုပ်သား​တွေကို CI လုပ်ပေးတဲ့အခါ အဲဒီလို ငွေလွှဲထားကြောင်း စာရွက်စာတမ်း

အထောက်အထားတွေ တောင်းဆိုပါတယ်။ အထောက်အထား မပြနိုင်ရင် CI လုပ်မ​ပေးပါဘူး။

CI လျှောက်နေရတာက နှစ်ထပ်ကွမ်း အခွန်ဆောင်ရသလို ဖြစ်နေတဲ့အတွက် ထိုင်းအစိုးရ အနေနဲ့ ပန်းရောင်ကတ် တစ်မျိုးတည်းနဲ့တင် ထိုင်းမှာ အလုပ်လုပ်ခွင့် ပေးဖို့ မြန်မာရွှေ့ပြောင်း လုပ်သားတွေက တောင်းဆိုထားပေမယ့်လည်း ထိုင်းအလုပ်သမားဝန်ကြီး ဂျူလာပေါင် အမွန်ဗီဗတ်က CIကတ် ထုတ်

ပေးတဲ့ CI စင်တာတွေရဲ့ အခန်းကဏ္ဍက လိုအပ်နေဆဲလို့ နိုဝင်ဘာ ၆ ရက်မှာ မှတ်ချက်ပေးသွားခဲ့ပါတယ်။

CI ကတ်ရဖို့အတွက် လွန်ခဲ့တဲ့ ၃ လကနေ ၆ လအတွင်း ဝင်ငွေရဲ့ ၂၅ ရာခိုင်နှုန်းကို မြန်မာဖက် ငွေပြန်လွှဲထားတဲ့ အထောက်အထား စာရွက်စာတမ်းတွေ ပြသဖို့ CI စင်တာတွေမှာ တောင်းဆိုတဲ့ကိစ္စကို ထိုင်းဖက်က ကန့်ကွက်ထားကြောင်း ဂျူလာပေါင်က ဆိုပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေအနေနဲ့ မိသားစုထံ ၃လစာငွေလွှဲပို့ထားသူတွေကို မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ် (CI) ထုတ်ပေးရေးစခန်း ၅ခုပြန်ဖွင့်ပြီး လုပ်ပေးသွားမယ်လို့ စစ်အုပ်စုကထုတ်ပြန်ပါတယ် ။

သတင်း

ထိုင်းနိုင်ငံမှာ အလုပ်ပါမစ်(Work Permit) ကိုင်ဆောင်ထားတဲ့ မြန်မာလုပ်သားတွေကို ဖေဖော်ဝါရီ ၁၇ရက်ကစတင်ပြီး မည်သူမည်ဝါဖြစ်ကြောင်းသက်သေခံလက်မှတ်(CI) ထုတ်ပေးတဲ့ လုပ်ငန်းစဉ်တွေဆောင်ရွက်ပေးမယ်လို့ စစ်ကောင်စီလက်အောက်ခံ ဘန်ကောက်မြို့ကမြန်မာသံရုံးက ထုတ်ပြန်ထားပါတယ်။

သတင်း

ထိုင်းနိုင်ငံရောက် မြန်မာလုပ်သားတွေရဲ့ ၁၄ ရက်တာအပြင်မထွက်တဲ့လှုပ်ရှားမှုဟာ ၄ရက်​မြောက်နေ့အထိ အောင်မြင်နေပြီး ထိုင်းဈေးသည်တွေကိုယ်တိုင် ညည်းတွားနေကြတယ်လို့ ထိုင်းရောက်မြန်မာလုပ်သားတွေက ပြောပါတယ်။

ထိုင်း - ကမ္ဘောဒီးယား

ထိုင်း - ကမ္ဘောဒီးယား နယ်စပ် စစ်ရေးပဋိပက္ခနဲ့ပတ်သက်လို့ မြန်မာလုပ်သားတွေအနေနဲ့ သတိထားနေထိုင်ကြဖို့နဲ့ ဝေဖန်ပြောဆိုတာတွေမလုပ်ကြဖို့ထိုင်းနိုင်ငံရောက်မြန်မာလုပ်သားအရေးကူညီဆောင်ရွက်နေသူတွေက သတိပေးပြောကြားလိုက်ပါတယ်။