Connect with us

Hi, what are you looking for?

သတင်း

မြန်မာ့လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အခြေအနေတွေကို စိုးရိမ်ကြောင်း G7ပြော

မြန်မာပြည်သူတွေရဲ့ဆန္ဒနဲ့အညီ စစ်မှန်တဲ့ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေပြန်လည်စတင်နိုင်ရေးတိုက်တွန်း

(G-7 အစည်းအ​ဝေးတက်​ရောက်လာတဲ့ နိုင်ငံခြား​ရေးဝန်ကြီး​တွေ။ဓါတ်ပုံ-AFP)

နိုဝင်ဘာ-၁၂၊၂၀၂၆။People’s Spring

ပြင်သစ်နိုင်ငံမှာကျင်းပခဲ့တဲ့စက်မှုထွန်းကားပြီး ဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံကြီး ၇ နိုင်ငံအဖွဲ့(Group of Seven-G7) နိုင်ငံခြားရေး ဝန်ကြီးများ ညီလာခံအပြီး ပူးတွဲ ထုတ်ပြန်ချက်မှာ မြန်မာ့လူ့အခွင့်အရေးနဲ့ လူသားချင်း စာနာမှု အကူအညီပေးရေး အခြေအနေတွေအပေါ် စိုးရိမ်ကြောင်း ပါရှိလာခဲ့ပါတယ်။

G7 ညီလာခံကို နိုဝင်ဘာ ၉ ရက်နေ့တုန်းက ပါရီမြို့တော်မှာ ကျင်းပခဲ့တာပါ။ အဲဒီ အစည်းအဝေးကို ကနေဒါ၊ ပြင်သစ်၊ ဂျာမနီ၊ အီတလီ၊ ဂျပန်၊ ဗြိတိန်နဲ့ အမေရိကန်က နိုင်ငံခြားရေးဝန်ကြီးတွေ၊ဥရောပသမဂ္ဂ(EU)က စေလွှတ်တဲ့ အဆင့်မြင့်ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ကြပါတယ်။

G7ရဲ့ ကြေညာချက်မှာတော့ ယူကရိန်း၊ အရှေ့အလယ်ပိုင်း၊ အင်ဒို-ပစိဖိတ်၊ အာဖရိက၊ လက်တင်အမေရိက ဒေသတွေမှာ ကြုံတွေ့နေတဲ့ အကျပ်အတည်းတွေ၊ စိုးရိမ်စရာ အခြေအနေတွေနဲ့ ပတ်သက်ပြီး သဘောထား မှတ်ချက်တွေ ပါဝင်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

မြန်မာနဲ့ ပတ်သက်လို့ G7ရဲ့ သဘောထားကိုတော့ အင်ဒို-ပစိဖိတ်အရေးနဲ့ ပတ်သက်တဲ့ ခေါင်းစဉ်အောက်မှာ ထည့်သွင်း ဖော်ပြထားခဲ့တာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံအနှံ့မှာ လူ့အခွင့်အရေး နဲ့ လူသားချင်းစာနာမှု အကူအညီပေးရေး အခြေအနေတွေ ပိုမိုဆိုးရွား ယိုယွင်းလာနေတာကို စိုးရိမ်ကြောင်း G7က ထုတ်ပြန်ခဲ့ပြီး ရန်လိုတိုက်ခိုက်မှုတွေ ချက်ချင်း အရှိန်အဟုန် လျှော့ချပေးဖို့ ထပ်လောင်း တိုက်တွန်းခဲ့ပါတယ်။ ဒါ့အပြင် လူသားချင်းစာနာမှုအကူအညီတွေကို လိုအပ်သူတွေဆီ အနှောင့်အနှေးမရှိ ပို့ဆောင်နိုင်ရေး၊မြန်မာပြည်သူတွေရဲ့သဘောထား ဆန္ဒနဲ့ ကိုက်ညီပြီး စစ်မှန်တဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တွေ ပြန်လည်စတင်နိုင်ရေးတွေကိုလည်း G7က တောင်းဆိုခဲ့ပါတယ်။

G7 ထုတ်ပြန်ချက်ထဲမှာတော့ နိုင်ငံတကာ ပဋိပက္ခတွေရဲ့ နောက်ဆက်တွဲ ကြုံတွေ့လာတဲ့ စားနပ်ရိက္ခာ ဖူလုံမှုနဲ့ အာဟာရ ဖြည့်တင်းမှု ပြဿနာတွေ၊ နေရပ်စွန့်ခွာ ထွက်ပြေးရမှုတွေနဲ့ ပတ်သက်လို့လည်း အလေးပေး ဖော်ပြခဲ့သလိုအွန်လိုင်းငွေကြေးလိမ်လည်မှု(ကျားဖြန့်)အပါအဝင်နိုင်ငံတကာဖြတ်ကျော် မှုခင်းတွေထူပြောလာတာကိုလည်းမီးမောင်းထိုးပြသွားခဲ့ပါတယ်။

ကိုးကား- France Diplomatie

ဆက်စပ်သတင်းများ

Facebook