Connect with us

Hi, what are you looking for?

သတင်း

ရန်ကုန်မြို့မှာ တစ်ပတ်အတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၁၁ဦးရှိတယ်လို့ RSN ပြော

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၁၁ ဦးရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

( ရန်ကုန်မြို့လယ်မှာတွေ့ရတဲ့ စစ်တပ်လက်အောက်ခံ ရဲများ။ ဓာတ်ပုံ-AFP)

နိုဝင်ဘာ-၁၆၊၂၀၂၆။သတိုး/People’s Spring

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့တစ်ပတ်အတွင်း စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၁၁ ဦးရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကိုဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က အသိပေးထားပါတယ်။

နိုဝင်ဘာ ၉ ရက်ကနေ ၁၅ ရက်အတွင်း ရန်ကုန်မြို့ရဲ့ မြို့နယ် ၄ခုကနေ စစ်တပ်ရဲ့ မတရားဖမ်းဆီးခံရသူ ၁၁ ဦးရှိခဲ့တာလို့ RSN ကထုတ်ပြန်ထားပါတယ်။

လှိုင်မြို့နယ်တစ်ခုတည်းကနေ ၇ ဦးအထိ ဖမ်းဆီးခံခဲ့ရပြီး စမ်းချောင်းနှာ ၂ဦး ၊ ဒဂုံဆိပ်ကမ်း နဲ့ မြောက်ဥက္ကလာပမြို့နယ်မှာ ၁ဦးစီ ဖမ်းဆီးခံခဲ့ရတယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ဖမ်းဆီးခံရသူ ၈ ဦး‌က လမ်းပေါ်မှာသွားလာနေစဉ် ဖမ်းဆီးခံခဲ့ရတာဖြစ်ပြီး ၃ ဦးကတော့ နေအိမ်တွေအထိရှာဖွေ ဖမ်းဆီးခံခဲ့ရတာလို့ သိရပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာ ၂ ကနေ ၈ ရက်အတွင်း ရန်ကုန်မှာ စစ်တပ်ရဲ့ ဖမ်းဆီးခံရသူ ၁၂ ဦးခန့်ရှိခဲ့တာကြောင့် နိုဝင်ဘာ နှစ်ပတ်အတွင်းမှာ ဖမ်းဆီးခံရသူအရေအတွက် ၂၀ ကျော်ရှိပြီဖြစ်ပါတယ်။

စစ်မှုထမ်းအတွက် ပေါ်တာဆွဲတာတွေကို စစ်တပ်က လကုန်ခါနီးတပတ်အလိုနဲ့လကုန်ပြီးတပတ်တို့မှာ ပိုမိုလုပ် လေ့ရှိတယ်လို့ သိရပါတယ်။ လကုန်ခါနီး တစ်ပတ်အလိုမှာဆိုရင် နေ့ခင်း စစ်တပ်ဂိတ်ဖြတ်ချိန်မှာ ဂိတ်က နေဆွဲလိုက်တာ တွေလည်းရှိတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ