နိုဝင်ဘာ-၁၆၊၂၀၂၆။ကတ်သရင်း/People’s Spring
အမျိုးသမီးငယ်တွေကိုအဓမ္မပြုကျင့်ခဲ့တဲ့ရဲစစ်ကြောင်းဟာ ဆူးဖြူကုန်းရွာက အဘိုး၊အဘွားနှစ်ဦးကို ဓားပြတိုက်ပြီး အိမ်ထဲထည့်ပြီး မီးရှိူ့သတ်သွားတယ်လို့ဒေသခံ တွေကပြောပါတယ်။
နိုဝင်ဘာလ၃ရက်နေ့မှာ မြို့သာ ကနေ နွားထိုးကြီးမြို့နယ်မြောက်ခြမ်းကိုရဲကွန်မန်ဒို စစ်ကြောင်းက ခန့်မှန်းအင်အား၃၀၀ လောက်နဲ့ စစ်ကြောင်းထိုးခဲ့ပါတယ်။အဲဒီစစ်ကြောင်းဟာ ကံကြီးရွာကနေတဆင့် ဆူးဖြူကုန်း၊ဝက်လူးရွာတွေကို စစ်ကြောင်းထိုးဝင်ရောက်ကာ ပြီး ဒေသခံပြည်သူတွေရဲ့ ရွှေ၊ငွေ တွေလု
ယက်ယူဆောင်ကာ ည၇နာရီ ကျော်ရင်အိမ်တွေ ပေါ်တက်ပြီး ဓားပြတိုက်တာ တွေလုပ်ခဲ့တယ်လို့မြင်းခြံခရိုင်တပ်ရင်း (၁၀) တာဝန်ရှိသူတဦးက ပြောပါတယ်။

Public Service Announcement
အဲဒီစစ်ကြောင်းဟာနိုဝင်ဘာလ၄ ရက်နေ့၊မနက်၈နာရီခွဲမှာ ဆူးဖြူကုန်းရွာက အသက် ၈၂ နှစ်အရွယ်ဦးစောနွယ် နဲ့ အသက်၈၃နှစ်အရွယ် ဒေါ်စိန်ရင်တို့ရဲ့ အိမ်ပေါ်တက်ပြီး ရိုက်နှက်အကြမ်းဖက်ကာ ရွှေငွေတွေလုယက်ပြီး အိမ်ထဲထည့်မီးရှို့သတ်သွားတယ်လို့ ဟေသခံအချို့ကပြောပါတယ်။
“စစ်ကြောင်းလာရင်ရှောင်တဲ့သူရော၊မရှောင်တဲ့သူရောရှိတာပေါ့။အဲတာကိုမှ ဒီလူတွေကျ အဘိုးကြီး၊အဘွားကြီးတွေဆိုတော့ မရှောင်လိုက်တာထင်ပါတယ်။အဲတာကို ဒီလိုလုပ်သွားတာပဲ”လို့ ဒေသခံတဦးက ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ ရွာတွေဝင် ရောက်ပြီး ဒေသခံ တွေရဲ့ ရွှေ၊ငွေတို့ကို လုယက်ကာ မြို့တွင်းပြန်ဝင်သွားတယ်လို့ သိရပါတယ်။
အဲဒီစစ်ကြောင်းဟာ အောက်တိုဘာလ၅ ရက်နေ့က ထနောင်းပင်လဲရွာကဒေသခံ အမျိုးသမီး ၅ ဦးကို အုပ်စုဖွဲ့ အဓမ္မပြုကျင့်ခဲ့တဲ့ စစ်ကြောင်းဖြစ်တယ်လို့ ဒေသခံတွေနဲ့တော်လှန်ရေးအင်အားစုတွေကပြောပါတယ်။






















































