Connect with us

Hi, what are you looking for?

သတင်း

ကရင်နီဒေသဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဆုတောင်းပွဲနဲ့ Free Her ကမ်ပိန်းလှုပ်ရှားမှု သြစတြေးလျရောက် မြန်မာတွေ ပြုလုပ်

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ မြန်မာတွေ စုပေါင်းပြီး ကရင်နီဒေသအတွင်း ဗုံးဒဏ်သင့်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပွဲနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းလှုပ်ရှားမှုတို့ကို နိုဝင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - CJ

နိုဝင်ဘာ ၁၆၊၂၀၂၆။သုည/People’s Spring

ဩစတြေးလျနိုင်ငံ၊ မဲလ်ဘုန်းမြို့မှာ မြန်မာတွေ စုပေါင်းပြီး ကရင်နီဒေသအတွင်း ဗုံးဒဏ်သင့်ခဲ့ရတဲ့ ပြည်သူတွေအတွက် ဆုတောင်းပွဲနဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် Free Her ကမ်ပိန်းလှုပ်ရှားမှုတို့ကို နိုဝင်ဘာလ ၁၅ ရက်က ပြုလုပ်ခဲ့ပါတယ်။

ပြည်ပရောက်မြန်မာတွေက ကရင်နီဒေသအတွင်း ဗုံးဒဏ်သင့်ပြည်သူတွေအတွက် ဝိုင်းဝန်းဆုတောင်းပေးခဲ့ကြပြီး လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးပြန်လည်လွတ်မြောက်လာရေးအတွက်လည်း ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင်း အသက်ဆုံးရှုံးခဲ့ရတဲ့ အပြစ်မဲ့ပြည်သူတွေကို ဂုဏ်ပြုအောက်မေ့ခြင်း လုပ်ဆောင်ခဲ့​ပြီး မြန်မာစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ရပ်တန့်ရေးအတွက်လည်း နိုင်ငံတကာကို တောင်းဆိုခဲ့ကြပါတယ်။

Public Service Announcement

Public Service Announcement

ယင်းလှုပ်ရှားမှုဟာ ကျဆုံးခဲ့ရသူတွေကို အောက်မေ့ခြင်း သာမကဘဲ မြန်မာပြည်သူတွေရဲ့ နာကျင်မှုနဲ့ တရားမျှတမှုအတွက် တောင်းဆိုသံတွေကို ကမ္ဘာကြီးက သိရှိစေဖို့အတွက် ရည်ရွယ်လုပ်ဆောင်ရတာ ဖြစ်ကြောင်း သြစ​တြေးလျရောက်မြန်မာတွေက ဆိုပါတယ်။

ဆက်စပ်သတင်းများ