Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ဆိုက်ဘေးရီးယားမှာ ရုရှားစစ်လေယာဉ် ပျက်ကျပြီး ၁၉ ဦးသေဆုံး

ဆိုက်ဘေးရီးယား ဒေသမှာ ရုရှားစစ်လေယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ ၁၉ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

ဆိုက်ဘေးရီးယား ဒေသမှာ ရုရှားစစ်လေယာဉ် ပျက်ကျပြီး လိုက်ပါသွားသူ ၁၉ ဦးစလုံး သေဆုံးခဲ့ကြောင်း သိရပါတယ်။

An-12 အမျိုးအစား စစ်ဖက် သယ်ယူပို့ဆောင်ရေးလေယာဉ် ပျက်ကျတဲ့ သတင်းကို ရုရှား ကာကွယ်ရေး ဝန်ကြီးဌာနက အတည်ပြု ကြေညာခဲ့ပါတယ်။

လေယာဉ်ဟာ ဒီဇင်ဘာ ၁၇ ရက် ညပိုင်းတုန်းက ဆိုက်ဘေးရီးယားရဲ့ ကီမီရိုဗို မြို့နယ်ထဲက လူသူကင်းမဲ့တဲ့ ဧရိယာ တစ်ခုထဲ ပျက်ကျခဲ့တာလို့ သိရပါတယ်။ ပုံမှန် ပျံသန်းပြေးဆွဲနေကျ ခရီးစဉ် တစ်ခုမှာ လေယာဉ် ပျက်ကျသွားခဲ့တာလို့လည်း ကာကွယ်ရေး ဝန်ကြီးဌာနက ပြောပါတယ်။

နည်းပညာဆိုင်ရာ ချွတ်ချော်မှု တစ်ခုခုကြောင့် လေယာဉ်ပျက်ကျခဲ့တာလို့ ယူဆရကြောင်း ရုရှားစစ်တပ်က ကနဦး မှတ်ချက်ပေးထားပေမယ့် အသေးစိတ် စုံစမ်းစစ်ဆေးမှုတွေကို စတင်နေပြီ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒေသခံ အုပ်ချုပ်ရေးမှူး အီလ်ယာ ဆာရက်ဒ်ယွတ်ခ်က ယူဂူနိုဗို ကျေးရွာနားမှာ လေယာဉ် ပျက်ကျမှုကြောင့် ဖြစ်ပေါ်လာတဲ့ မီးလောင်မှုကို အလျင်အမြန် ထိန်းချုပ် ငြှိမ်းသတ်ခဲ့ပြီး အနီးတဝိုက် ဧရိယာတွေကိုလည်း ရဲတပ်ဖွဲ့က ပိတ်ထားလိုက်ကြောင်း ပြောပါတယ်။ သူဟာ လေယာဉ်ပျက်ကျတဲ့ နေရာဆီ ကိုယ်တိုင်သွားရောက် စစ်ဆေးကြည့်ရှုခဲ့ပါတယ်။

လူမှုကွန်ရက်ပေါ်မှာ ပျံ့နှံ့နေတဲ့ လုံခြုံရေးကင်မရာ မှတ်တမ်း ဗီဒီယို တစ်ခုမှာတော့ ညအချိန် ကောင်းကင်ကနေ တောက်ပတဲ့ အလင်းရောင်တစ်ခု စိုက်ဆင်းသွားပြီး မြေပြင်မှာ ပေါက်ကွဲသွားတာကို တွေ့ရပါတယ်။

လေယာဉ်ပျက်ကျချိန်မှာ ခရီးသည်တွေအပြင် တခြားကုန်စည်တွေ သယ်ဆောင်သွားခဲ့သလား ဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးပါဘူး။

An-12တွေဟာ စစ်လက်နက်တွေ၊ စစ်သည်တွေကို သယ်ယူပို့ဆောင်ရေးအတွက် ရုရှားစစ်တပ်က ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနေပြီး လေယာဉ် အမျိုးအစားပါ။ ပြီးတော့ ကယ်ဆယ်ရေးနဲ့ ရှာဖွေရေး မစ်ရှင်တွေ အတွက်လည်း အသုံးပြုလေ့ ရှိပါတယ်။

၁၉၅၉ ခုနှစ်၊ ဆိုဗီယက်ခေတ်မှာ Antonov ကုမ္ပဏီက စတင်ထုတ်လုပ်ခဲ့တဲ့ အင်ဂျင်လေးလုံးတပ် လေယာဉ် အစီး ၅၀ နဲ့ ၆၀ ကြားလောက် ရုရှားစစ်တပ်က အသုံးပြုနေတယ်လို့ ယုံကြည်ရပါတယ်။

ကိုးကား: CNN

ဆက်စပ်သတင်းများ