Connect with us

Hi, what are you looking for?

နိုင်ငံတကာ

ခရိုင်းမီးယား တံတားကြီး တစ်ပတ်အတွင်း သုံးကြိမ် တိုက်ခိုက်ခံရကြောင်း ရုရှားထုတ်ပြန်

ခရိုင်းမီးယား တံတားကြီးဟာ တစ်ပတ်အတွင်း တတိယအကြိမ်မြောက် တိုက်ခိုက်ခံရပြီး ရထားပြေးဆွဲမှုတွေကို ယာယီ ဆိုင်းငံ့ထားရကြောင်း ရုရှားက ထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - AP

ခရိုင်းမီးယား တံတားကြီးဟာ တစ်ပတ်အတွင်း တတိယအကြိမ်မြောက် တိုက်ခိုက်ခံရပြီး ရထားပြေးဆွဲမှုတွေကို ယာယီ ဆိုင်းငံ့ထားရကြောင်း ရုရှားက ထုတ်ပြန်ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ မနက်ပိုင်းမှာ ရုရှားက ခန့်အပ်ထားတဲ့ ခရိုင်းမီးယား အုပ်ချုပ်ရေးမှူး ဆာဂျီ အက်ခ်ဆီယိုနော့ဗ်က တံတားကို ယူကရိန်းက နောက်တစ်ကြိမ် တိုက်ခိုက်ခဲ့ကြောင်း Telegramမှာ အတည်ပြု ရေးသားထားခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေတွေကို ဆန်းစစ်နေဆဲလို့ ပြောပါတယ်။

နိုဝင်ဘာ ၁၇ ရက်နေ့တုန်းက ယူကရိန်းဟာ ဒရုန်းတွေ၊ ဒုံးကျည်တွေကို အသုံးပြုပြီး တိုက်ခိုက်ခဲ့တာကြောင့် တံတားရဲ့ အလယ်က ကားလမ်းဖောက်လုပ်ထားရာ အပိုင်းဟာ လုံးဝ ကျိုးကျ ပျက်စီးသွားပြီး ကားအသွားအလာ လုပ်လို့ မရတော့ပါဘူး။ ဒါပေမဲ့ ရထားလမ်းကတော့ အကောင်းအတိုင်း ဆက်ရှိနေခဲ့ပါတယ်။

နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှု အပြီးမှာတော့ တံတားပေါ်က ရထားပြေးဆွဲမှုကိုပါ ဆိုင်းငံ့ထားလိုက်ရတာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

၂၀၁၄ ခုနှစ်မှာ ရုရှားတပ်တွေက ယူကရိန်းပိုင် ခရိုင်းမီးယား ကျွန်းဆွယ်ကို ဝင်ရောက် သိမ်းပိုက်ခဲ့ပါတယ်။ အဲဒီနောက် ရုရှားရဲ့ ကမ်းရိုးတန်းနဲ့ ခရိုင်းမီးယားကို တိုက်ရိုက် ဆက်သွယ်ပေးဖို့အတွက် ၁၉ ကီလိုမီတာလောက် ရှည်လျားတဲ့ တံတားကြီးကို ရုရှားက ၃ နှစ်ကြာ အချိန်ယူ တည်ဆောက်ခဲ့ပါတယ်။

၂၀၁၉ မှာ စတင်ဖွင့်လှစ်တဲ့ တံတားကြီးဟာ ရုရှားသမ္မတ ဗလာဒီမာပူတင် ဂုဏ်အယူဆုံး အခြေခံ အဆောက်အအုံ စီမံကိန်းတစ်ခု ဖြစ်လာပြီး စုစုပေါင်း ဒေါ်လာ ၃ ဘီလီယံကျော်လောက် ကုန်ကျခဲ့ကြောင်း သိရပါတယ်။

ယူကရိန်းစစ်ပွဲ စတင်လာချိန်မှာတော့ ယူကရိန်းစစ်တပ်နဲ့ ထောက်လှမ်းရေးတို့ဟာ အဲဒီတံတားကြီးကို စစ်ရေးပစ်မှတ် တစ်ခုအဖြစ် သတ်မှတ်ပြီး တိုက်ခိုက်မှုတွေ လုပ်ဆောင်လာပါတယ်။

အခုသီတင်းပတ်မှာတော့ ယူကရိန်းဟာ နိုဝင်ဘာ ၁၆၊ ၁၇ နဲ့ ၁၉ ရက်နေ့တွေမှာ တံတားကို တိုက်ခိုက်လာခဲ့တာ ဖြစ်ပါတယ်။ နိုဝင်ဘာ ၁၉ ရက်နေ့ တိုက်ခိုက်မှုမှာ ယူကရိန်းက ဘယ်လိုနည်းလမ်းကို အသုံးပြုခဲ့သလဲ ဆိုတာကိုတော့ နှစ်ဖက်စလုံးက မထုတ်ပြန်သေးပါဘူး။

ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးကတော့ ၅ နှစ်ကြာ စစ်ပွဲကာလတလျှောက် ရုရှားက ယူကရိန်းရဲ့ အရပ်ဖက် အခြေခံ အဆောက်အအုံတွေ အများအပြားကို ပစ်မှတ်ထား ဖျက်ဆီးခဲ့တာကြောင့် ပူတင် အရမ်းဂုဏ်ယူတဲ့ ခရိုင်းမီးယား တံတားကြီးကို ယူကရိန်းက လက်တုံ့ပြန် ဖျက်ဆီးတာဟာ မျှတတယ်လို့ ကာကွယ် ပြောဆိုထားပါတယ်။

ကိုးကား: Reuters

ဆက်စပ်သတင်းများ