Connect with us

Hi, what are you looking for?

News

မုံရွာသပိတ်​ခေါင်း​ဆောင် ကို​ဝေမိုးနိုင်အား ကားဖြင့်တိုက်ဖမ်းခဲ့​သော ဗျူဟာမှူး မိုင်းထိ

မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် ​​ပြောင်ကြီး​သေဆုံးခြင်းရှိမရှိ ၊စစ်​ကောင်စီတပ်ဖွဲ့ဝင်မည်မျှသေဆုံး ဒဏ်ရာရသည်ကိုမူ People’s Spring က အတည်ပြုမရ​သေးပါ။

မုံရွာလူထုသပိတ်​ခေါင်း​ဆောင်ကိုဝေမိုးနိုင်ကို ကားနှင့်တိုက်ဖမ်းဆီးခဲ့သည့် နမခ(အ​နောက်​မြောက်တိုင်း)ဗျူဟာမှုး အရာတော်-မုံရွာလမ်းတွင် မိုင်းဆွဲတိုက်ခိုက်ခံရကြောင်း ဒေသခံများက ပြောသည်။

ယနေ့(ဒီဇင်ဘာလ ၃၁ ရက်) နံနက် ၈း၃၉ နာရီက အရာတော်-မုံရွာလမ်းတစ်နေရာတွင် မုံရွာဘက်သို့မောင်းနှင်လာသော အကြမ်းဖက်စစ်ကောင်စီ၏ ပွိုင့်ကား ၂စီး၊ အိမ်စီးကား ၅ စီး၊ မှန်လုံ ၂စီး တို့ဖြင့် အရပ်ဝတ်များလည်းလိုက်ပါလာ
သည့် စစ်ကောင်စီယာဥ်တန်းအား ပဒေသာမိုင်း ၄ လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်ကောင်စီ၏ အိမ်စီးကား တစ်စီး၊ မှန်လုံတစ်စီးတို့ပျက်စီးသွားပြီး ပြင်းပ့င်းထန်ထန်ထိခိုက်သေဆုံးမှုများလည်းရှိကြောင်း Monywa Ranger Group က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ မိုင်းခွဲခံရသည့်ကားတစ်စီးပေါ်တွင်ပြောင်ကြီးဟုလူသိများသည့် အကြမ်းဖက်စစ်ကောင်စီတပ်မှ နမခဗျူဟာမှုးလည်း လိုက်ပါလာခဲ့ပြီး ၎င်းသည် ဧပြီလအတွင်းက မုံရွာလူထု၏သပိတ်ခေါင်းဆောင်တက်ကြွလှုပ်ရှားသူကိုဝေမိုးနိုင်ကို ကားနှင့်တိုက်ဖမ်းဆီးခဲ့သူဖြစ်ကြောင်း၊ ပြောင်ကြီးမှာမိုင်းထိ့ပြီးဒဏ်ရာများရရှိသွားသည်ဟု စစ်ဘက်ဆိုင်ရာသတင်းများအရ မုံရွာအခြေစိုက် ချင်းတွင်းရိုးမသတင်းဌာနက ရေးသားထားသည်။

မိုင်းခွဲတိုက်ခိုက်ခံရ၍ စစ်ကောင်စီတပ်သားများ အရေးပေါ်ဆေးကုသမှုခံယူနေရကြောင်း ဒေသခံများက ပြောသည်။

Public Service Announcement

Public Service Announcement

မိုင်းခွဲတိုက်ခိုက်မှု​ကြောင့် ​​ပြောင်ကြီး​သေဆုံးခြင်းရှိမရှိ ၊စစ်​ကောင်စီတပ်ဖွဲ့ဝင်မည်မျှသေဆုံး ဒဏ်ရာရသည်ကိုမူ People’s Spring က အတည်ပြုမရ​သေးပါ။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်က လူငယ်တွေပေါ်တာဆွဲဖမ်းဆီးနေချိန် ဘုရားကြီးပွဲတော်ကို ပြန်လည်ပြုလုပ်ဖို့ ပြင်ဆင်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ လူတစ်စုက အိမ်ခြံမြေပွဲစားတစ်ဦးကို အိမ်လိုက်ပြခိုင်းပြီး ဓါးနဲ့ခုတ်သတ်သွားကြောင်း မုံရွာမြို့နယ်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့မှာ စစ်တပ်လက်အောက်ခံ စည်ပင်ဌာနက လမ်းဘေးစျေးသည်တွေကို ရှင်းလင်းရာမှာ လိုင်းကြေးမပေးနိုင်တဲ့ စျေးသည်တွေကို အဓိက ဖယ်ရှားနေကြောင်း မြို့ခံတွေက ပြောပါတယ်။

သတင်း

မန္တလေးတိုင်းဒေသကြီး၊ တံတားဦးခရိုင်၊ ငါန်းဇွန်မြို့နယ်၊မြို့သာမြို့အနီးတိုက်ပွဲမှာ စစ်တပ်ရဲ့ လေကြောင်းရန် ကာကွယ်ရေးတပ်က ဗျူဟာမှူး သေဆုံးခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။