Connect with us

Hi, what are you looking for?

News

ပုလဲမြို့နယ်တွင် စစ်ကောင်စီထုတ်ကုန် မြန်မာဘီယာများသယ်ဆောင်လာ၍ ဖျက်ဆီးခဲ့ရကြောင်း ဗိုလ်ပုလဲပြော

“အားလုံး ၁၅ ဖာ လောက်ရှိမယ်။လူနဲ့ ကားကိုတော့ မှတ်တမ်းယူထားတယ်။ စစ်တပ်ရဲ့ ထုတ်ကုန်တွေကို သယ်မလာဖို့ သေချာပြောလိုက်တယ်။ဒီတစ်ခါနောက်ဆုံးအကြိမ်ပဲ နောက်တခါဆိုရင် လူရော မော်တော်ယာဥ် အတွက် အာမမခံဘူးဆိုတာ သတိပေးလိုက်တယ်”ဟု ၎င်းက ရှင်းပြသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်ဖြစ်သည့် မြန်မာဘီယာများသယ်ဆောင် လာသည်ကို တွေ့ရှိသဖြင့် ဖျက်ဆီးခဲ့ရကြောင်း Pale Joker PDF အဖွဲ့ဦးဆောင်သူ ဗိုလ်ပုလဲက လူထုနွေဦးသို့ ပြောသည်။

ယနေ့(ဇန်နဝါရီ ၁ ရက်)နံနက်ပိုင်းတွင် ပုလဲမြို့နယ်ရှိဒေသတစ်ခုတွင် မြန်မာဘီယာများ တင်ဆောင်လာသည့် ယာဥ်တစ်စီးရှိကြောင်း သတင်းပို့ချက်အရ. တားဆီးစစ်ဆေးနိုငခဲ့ခြင်းဟု ၎င်းက ဆိုသည်။

“အားလုံး ၁၅ ဖာ လောက်ရှိမယ်။လူနဲ့ ကားကိုတော့ မှတ်တမ်းယူထားတယ်။ စစ်တပ်ရဲ့ ထုတ်ကုန်တွေကို သယ်မလာဖို့ သေချာပြောလိုက်တယ်။ဒီတစ်ခါနောက်ဆုံးအကြိမ်ပဲ နောက်တခါဆိုရင် လူရော မော်တော်ယာဥ် အတွက် အာမမခံဘူးဆိုတာ သတိပေးလိုက်တယ်”ဟု ၎င်းက ရှင်းပြသည်။

စစ်ကိုင်းတိုင်းတွင် အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များကို သယ်ဆောင်ခြင်းနှင့် ရောင်းဝယ် ဖောက်ကားမှုကို ခွင့်မပြုကြောင်း မြို့နယ်အလိုက် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များက သတိပေးထားသည်။

Public Service Announcement

Public Service Announcement

ထို့အတူ အကြမ်းဖက်စစ်ကောင်စီထုတ်ကုန်များကိုလည်း စစ်ဆေးတွေ့ရှိပါက ချက်ချင်းဖျက်ဆီးမှုများပါ ပြုလုပ်နေသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

ဆောင်းပါး

နောက်ကျိနေတဲ့မြစ်ရေတွေမြို့ထဲကို အရှိန်ပြင်းပြင်း စီးဝင်လာလို့ လူတွေက ဘေးလွတ်ရာထွက်ပြေးနေကြပါတယ်။ မြို့‌ကောင်းကင်ယံမှာက ရဟတ်ယာဉ်နဲ့ Y12လေယာဉ်၊ ဂျက်ဖိုက်တာတချို့ တဝီဝီပျံသန်းနေပါတယ်။