Connect with us

Hi, what are you looking for?

News

မင်းအောင်လှိုင်၏ စစ်ကောင်စီအုပ်စု အထီးကျန်ဖြစ်နေပြီဟု KIO ဥက္ကဋ္ဌပြော

KIO ဥက္ကဋ္ဌက နှစ်သစ်ကူးမိန့်ခွန်းကို ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက မိန့်ခွန်းပါ အချက်များကို ဘာသာပြန် ပြောပြပေးခြင်းဖြစ်သည်။

▪️NUG၊ PDF၊ EAOsနှင့် ပြည်သူများလက်တွဲပြီး တော်လှန်ရေးရှေ့ဆက်ရန် တွန်းအားပေး

အာဏာသိမ်းစစ်ကောင်စီခေါင်းဆောင် မင်းအောင်လှိုင် ဦးဆောင်သည့် စစ်အုပ်စုသည် အထီးကျန် ဖြစ်နေပြီ ဖြစ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီးအင်ဘန်လက ၎င်း၏နှစ်သစ်ကူးမိန့်ခွန်း၌ ထည့်သွင်း ပြောကြားခဲ့ကြောင်း KIO/KIA သတင်းနှင့် ပြန်ကြားရေးဌာနတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO ဥက္ကဋ္ဌက နှစ်သစ်ကူးမိန့်ခွန်းကို ကချင်ဘာသာဖြင့် ထုတ်ပြန်ခဲ့ရာ ဗိုလ်မှူးကြီးနော်ဘူက မိန့်ခွန်းပါ အချက်များကို ဘာသာပြန် ပြောပြပေးခြင်းဖြစ်သည်။

“မြန်မာနိုင်ငံမှာက အခုတော့ NUG၊ PDF တွေအားလုံးက လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့ အချိန်ကာလဖြစ်နေတယ်။ နောက် EAOတွေလည်း လက်နက်ကိုင်ပြီးမှ တော်လှန်နေတဲ့အချိန်ဆိုတော့ စစ်ကောင်စီ မင်းအောင်လှိုင်အုပ်စုတွေလည်း သူတို့က အထီးကျန် ဖြစ်သွားတဲ့ အနေအထားရောက်နေတယ်ဆိုတဲ့ အကြောင်းတွေပါတာပေါ့။ဒါကြောင့် ကျွန်တော်တို့အားလုံး ၀ိုင်းဝန်းပြီး ရှေ့ဆက်ဖို့ တွန်းအားပေးတာတွေပါတာပေါ့” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အပြင် ၂၀၂၁အတွင်း စစ်ကောင်စီ အာဏာသိမ်း၍ ပြည်သူလူထုများ အခက်အခဲကြုံရသည့် ကိစ္စနှင့် ကိုဗစ်ကပ်ရောဂါ ကျရောက်ခဲ့၍ ပြည်သူလူထုများ အသက်ဆုံးရှုံးခဲ့ရမှု ကိစ္စများကို KIO ဥက္ကဋ္ဌက ပြောကြားခဲ့ပြီး လူထုများကို အားပေးစကားနှင့် ကပ်ရောဂါဆိုင်ရာ စည်းကမ်းချက်များ လိုက်နာရန် ပြောကြားခဲ့သည်ဟု ဆိုသည်။

မြန်မာနိုင်ငံ ငြိမ်းချမ်းရေးရရှိရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ရရှိနိုင်ရေးအားလုံး ၀ိုင်းဝန်းလက်တွဲပြီး ဆက်လက်ဆောင်ရွက်သွားရန်ကိုလည်း ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့သည်ဟုဆိုသည်။

“မြန်မာနိုင်ငံရဲ့ ငြိမ်းချမ်းရေးက ကျွန်တော်တို့ အားလုံး ၀ိုင်းဝန်းဖြေရှင်းမှသာလျင် ကျွန်တော်တို့ရဲ့ ဖက်ဒရယ်ပြည်ထောင်စုတွေကို တည်ဆောက်နိုင်ဖို့ အကြောင်းတွေပါတာပေါ့။ EAO တို့ ပြည်သူလူထုတို့ NUG တို့ အားလုံးပူးပေါင်းပြီး သွားဖို့ အချက်တွေပါတယ်”ဟု ၎င်း ကဆိုသည်။

၂၀၂၁အတွင်း စစ်အာဏာသိမ်းမှုနှင့် ကပ်ရောဂါကြောင့် ပြည်သူများ စိတ်ဆင်းရဲခဲ့ရပြီး စီးပွားရေး ပညာရေး ကျန်းမာရေးကိစ္စများစွာ နစ်နာခဲ့ရကြောင်း၊ ၂၀၂၂ သည် ပြည်သူအားလုံး ပျော်ရွှင်သည့် နှစ်ဖြစ်ပါစေကြောင်း ဗိုလ်မှူးကြီးနော်ဘူကလည်း နှစ်သစ်ကူးစကား ပြောကြားသည်။

“ရှေ့ဆက်ရမယ့် ကျွန်တော်တို့ လုပ်ငန်းတွေ တာဝန်တွေကိုတေ့ာ အားလုံးက ၀ိုင်းဝန်းပြီးမှ ရှေ့ဆက်ဖို့ ပြည်သူလူထုကို အဲဒီလိုပဲ တွန်းအားပေးလိုပါတယ်” ဟု ဗိုလ်မှူးကြီးနော်ဘူက ပြောသည်။

KIO၏ လက်အောက်ခံတပ် ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သည် စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း မတ်လမှ စတင်ကာ စစ်ကောင်စီတပ်ကို ခုခံတိုက်ခိုက်မှုများ လုပ်ဆောင်နေသည့် တိုင်းရင်းသားလက်နက်ကိုင်တပ်ဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ(SCEF) ရဲ့ စစ်မဟာဗျူဟာပေါင်းစပ်ညှိနှိုင်းကွပ်ကဲရေး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌတွေအဖြစ် ကရင်အမျိုးသားအစည်းအရုံး(KNU/KNLA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးဘောကျော်ဟဲနဲ့ ကချင်လွတ်လပ်ရေးအဖွဲ့(KIO/KIA) စစ်ဦးစီးချုပ် ဒုဗိုလ်ချုပ်ကြီးအောင်ဆိုင်းလာ တို့ တာဝန်ယူထားတယ်လို့ SCEF ပြောရေးဆိုခွင့်ရှိသူတဦးဖြစ်တဲ့ ဆလိုင်းထက်နီက ပြောပါတယ်။

နိုင်ငံတကာ

မြန်မာနိုင်ငံမှာငြိမ်းချမ်းရေး၊ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးတွေ ပီပီပြင်ပြင်တည်ဆောက်နိုင်ခြင်း မရှိသေးဘဲ ထိုင်းနဲ့ မြန်မာကြား ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံမှု ကိစ္စတွေကို ဆွေးနွေးနေရင် ရည်မှန်းချက် ပြည့်အောင် အကောင်အထည် ဖော်ဖို့ ခက်ခဲလိမ့်မယ်လို့ ထိုင်းအတိုက်အခံ လွှတ်တော်အမတ် အနူဆွမ် သွမ်ချိုင်က သတိပေးခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

ဆောင်းပါး

ထိုင်းနိုင်ငံနဲ့ ထိုင်းပြည်သူတွေအတွက်လွန်စွာဝမ်းနည်းစိတ်မကောင်းဖြစ်ရပါတယ်လို့ ဦးစွာပြောလိုပါတယ်။ အကြောင်းရင်းကတော့ မိမိတို့နိုင်ငံရဲ့ ထုတ်ကုန်တစ်ခုဖြစ်တဲ့ ဗြဟ္မာ့ဦးခေါင်းကြီးကြောင့် သင်တို့မြေမှာ ဆိုးကျိုး တွေ ကြုံတွေ့ခဲ့ရတာကြောင့်ဖြစ်ပါတယ်။