Connect with us

Hi, what are you looking for?

ဗီဒီယို

မိုးမလင်းခင်ထဲက ခုချိန်အထိအ​မှောင်ချခံထားရတဲ့ ရန်ကုန်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မီးပြန်ပေးနေပြီလို့ကြေညာထားပေမယ့် အခု ည ၈ နာရီကျော်တဲ့အထိ မီးမလာသေးဘူး၊ တစ်မြို့လုံးမှောင်မဲနေတယ်လို့ ကမာရွတ်မြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

နှစ်သစ်ရဲ့ ပထမဆုံးနေ့မိုးမလင်းခင်ထဲက ရန်ကုန်တစ်မြို့လုံး တစ်နေ့လုံးနီးပါး မီးဖြတ်ခံထားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မနက် ၅ နာရီခွဲလောက်ကစလို့ တစ်နေကုန်ကို မီးလာတာ တစ်နာရီကျော်ပဲရှိတယ်လို့ ကမာရွတ်မြို့နယ် ဆင်မလိုက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ ဓာတ်အားစနစ်ချို့ယွင်းခဲ့လို့ ပြတ်တောက်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီ ၂၃ မိနစ်မှာ ဓာတ်အားကို အချိန်နဲ့တပြေးညီပို့လွှတ်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့ခံတွေကတော့ တစ်နေ့လုံးမီးပြတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ မီးဖြတ်ထားတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညက နှစ်သစ်ကိုကြိုရင်း မင်းအောင်လှိုင်ကို ညီညီညာညာအော်ဟစ်ဆဲဆို၊ ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြလို့ ဒီနေ့တစ်နေ့လုံးမီးဖြတ်ပစ်တာဖြစ်တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြေပါတယ်။

မနေ့ညက New Year ကို အရင်လို Happy New Year လို့ မအော်ကြတော့ဘဲ နွေဦးတော်လှန်ရေးကြွေးကြော်သံတွေနဲ့အတူ မင်းအောင်လှိုင်ကိုလည်း နာမည်တဲ့ အော်ဟစ်ဆဲဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မီးပြန်ပေးနေပြီလို့ကြေညာထားပေမယ့် အခု ည ၈ နာရီကျော်တဲ့အထိ မီးမလာသေးဘူး၊ တစ်မြို့လုံးမှောင်မဲနေတယ်လို့ ကမာရွတ်မြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာလူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့၈၁ နှစ်ပြည့်မွေးနေ့ မှာနှင်းဆီလှုပ်ရှားမှုပြုလုပ်ခဲ့တယ်လို့ Yangon 4 Brothers- ရန်ကုန်တော်လှန်ညီနောင် ၄ ဖွဲ့က အသိပေးထားပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ မွေးနေ့မှာ ပြုလုပ်မယ့် နှင်းဆီလှုပ်ရှားမှုကို လှုံ့ဆော်ပေးတဲ့အနေနဲ့ စစ်တပ်ရဲ့ လုံခြုံရေးတင်းကျပ်နေတဲ့ ရန်ကုန်မြို့မှာ နှင်းဆီလှုပ်ရှားမှုကို ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်မြို့အနီးမှာ ဒီနေ့ (ဇွန်လ၁၄)ညနေ ၅နာရီ ၉ မိနစ်ခန့်ကရစ်ခ်တာစကေး ၄ ဒဿမ ၁ အဆင့် ငလျင်ထပ်လှုပ်သွားပါတယ်။

သတင်း

ရန်ကုန်မှာအမေရိကန်သံအရာရှိသေဆုံးမှုနဲ့ ပတ်သက်ပြီးထိုင်းအမျိုးသမီးတဦးကို လူသတ်မှုနဲ့ စွဲချက်တင်ခဲ့ကြောင်း AP သတင်းဌာနက​ဖော်ပြပါတယ်။