Connect with us

Hi, what are you looking for?

ဗီဒီယို

မိုးမလင်းခင်ထဲက ခုချိန်အထိအ​မှောင်ချခံထားရတဲ့ ရန်ကုန်

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မီးပြန်ပေးနေပြီလို့ကြေညာထားပေမယ့် အခု ည ၈ နာရီကျော်တဲ့အထိ မီးမလာသေးဘူး၊ တစ်မြို့လုံးမှောင်မဲနေတယ်လို့ ကမာရွတ်မြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

နှစ်သစ်ရဲ့ ပထမဆုံးနေ့မိုးမလင်းခင်ထဲက ရန်ကုန်တစ်မြို့လုံး တစ်နေ့လုံးနီးပါး မီးဖြတ်ခံထားရတယ်လို့ ရန်ကုန်မြို့ခံတွေက ပြောပါတယ်။

မနက် ၅ နာရီခွဲလောက်ကစလို့ တစ်နေကုန်ကို မီးလာတာ တစ်နာရီကျော်ပဲရှိတယ်လို့ ကမာရွတ်မြို့နယ် ဆင်မလိုက်မှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းကတော့ ဓာတ်အားစနစ်ချို့ယွင်းခဲ့လို့ ပြတ်တောက်ခဲ့တာဖြစ်ပြီး ညနေ ၆ နာရီ ၂၃ မိနစ်မှာ ဓာတ်အားကို အချိန်နဲ့တပြေးညီပို့လွှတ်လျက်ရှိတယ်လို့ ထုတ်ပြန်ကြေညာထားပါတယ်။

ဒါပေမယ့် ရန်ကုန်မြို့ခံတွေကတော့ တစ်နေ့လုံးမီးပြတ်နေတာဟာ ရည်ရွယ်ချက်ရှိရှိ မီးဖြတ်ထားတာဖြစ်တယ်လို့ သုံးသပ်ပါတယ်။

Public Service Announcement

Public Service Announcement

မနေ့ညက နှစ်သစ်ကိုကြိုရင်း မင်းအောင်လှိုင်ကို ညီညီညာညာအော်ဟစ်ဆဲဆို၊ ကြွေးကြော်သံတွေအော်ဟစ်ခဲ့ကြလို့ ဒီနေ့တစ်နေ့လုံးမီးဖြတ်ပစ်တာဖြစ်တယ်လို့ စမ်းချောင်းမြို့နယ်မှာ နေထိုင်သူတစ်ဦးက ပြေပါတယ်။

မနေ့ညက New Year ကို အရင်လို Happy New Year လို့ မအော်ကြတော့ဘဲ နွေဦးတော်လှန်ရေးကြွေးကြော်သံတွေနဲ့အတူ မင်းအောင်လှိုင်ကိုလည်း နာမည်တဲ့ အော်ဟစ်ဆဲဆိုခဲ့ကြတာလည်းဖြစ်ပါတယ်။

ရန်ကုန်လျှပ်စစ်ဓာတ်အားပေးရေး ကော်ပိုရေးရှင်းက မီးပြန်ပေးနေပြီလို့ကြေညာထားပေမယ့် အခု ည ၈ နာရီကျော်တဲ့အထိ မီးမလာသေးဘူး၊ တစ်မြို့လုံးမှောင်မဲနေတယ်လို့ ကမာရွတ်မြို့နယ်ထဲမှာ နေထိုင်သူတစ်ဦးက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့မှာ လမ်းဘေးခွေးကိုက်ခံရပါက ဆေးကုသစရိတ်နဲ့လမ်းစရိတ်ထောက်ပံ့ပေးမဲ့ အသင်းအဖွဲ့တစ်ခုကိုတိရိစ္ဆာန်ချစ်သူတွေစုပြီး အောက်တိုဘာပထမအပတ်မှာဖွဲ့စည်းလိုက်တယ်လို့ အဲဒီမှာ ပါဝင်သူတွေက ပြောပါတယ်။

သတင်း

FMIက Yoma Strategic နဲ့အတူ စီမံကိန်းကို အဆင့်လိုက်ပြန်စမယ်ဟုဆို

သတင်း

ရန်ကုန်မြို့မှာ ပြီးခဲ့တဲ့ တစ်ပတ်အတွင်း မတရားပေါ်တာဆွဲဖမ်းဆီးခံရတဲ့ လူငယ် ၃၀ကျော်ရှိတယ်လို့ ရန်ကုန်မြေပြင်သတင်းတွေကို ဖော်ပြပေးနေတဲ့ Rangoon Scout Network-RSN က ထုတ်ပြန်ပါတယ်။

ဆောင်းပါး

"ဈေးရောင်းရတာထက် ကျားမြီးသာပြေးဆွဲချင်တယ်"လှ်ိုင်မြို့နယ်မှာ လမ်းဘေးဈေးရောင်းနေတဲ့ အမျိုးသမီးတစ်ဦးက သူမခံစားချက်ကိုပြောပါတယ်။လမ်းဘေးဈေးရောင်းသူတွေ ဈေးခင်းပြီးချိန်မှ အပြာဝတ်​တွေလာပြီဆိုရင်ပြန်သိမ်းရတာအကြိမ်ကြိမ်။

Facebook