Connect with us

Hi, what are you looking for?

News

ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ ဒေါ်အောင်ဆန်းစုကြည်ကို စွဲဆိုထားတဲ့အမှု ဇန်နဝါရီလ ၁၀ ရက်အမိန့်ချမယ်

ထောင်ဒဏ် ၃ နှစ်အထိ ချလို့တဲ့ ဒီအမှုကို အမိန့်ချမယ့် ရက် ဟာ ၂ ကြိမ်တိုင်ရွှေ့ဆိုင်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်မှာအမိန့်ချ ဖို့ တရားရုံးကသတ်မှတ်လိုက်တာဖြစ်ပါတယ်။

နေပြည်တော်က ပါတီဝင်တွေ အိမ်ကိုသွားရောက်တဲ့ခရီးစဉ်နဲ့ပတ်သက်ပြီး ကိုဗစ်စည်းကမ်းချိုးဖောက်တယ်ဆိုကာ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပေါ် စွဲဆိုထားတဲ့အမှုကို အပြီးသတ်အမိန့် ဇန်နဝါရီလ ၁၀ ရက် မှာ ချဖို့ တရားရုံးကသတ်မှတ်လိုက်ပါတယ်။

ရွေးကောက်ပွဲမတိုင်ခင်က နေပြည်တော် ၊ ဇဗ္ဗူသီရိမြို့နယ်၊ ရွှေကြာပင်ရပ်ကွက် မှာရှိတဲ့ NLD ပါတီ ဝင် အချို့ရဲ့နေအိမ်ကိုသွားရောက်လည်ပတ်တာဟာ ကိုဗစ်စည်းကမ်း ချိုးဖောက်တယ်ဆိုပြီး စစ်ကောင်စီရဲ့ ကမ်းလှမ်းမှုနဲ့ NLD ပါတီဝင်ဟောင်း ဦးညီညီဆိုသူက သဘာဝဘေးအန္တရာယ်စီမံခန့်ခွဲမှု ဥပဒေပုဒ်မ ၂၅ နဲ့တရားစွဲဆိုထားတာပါ။

ထောင်ဒဏ် ၃ နှစ်အထိ ချလို့တဲ့ ဒီအမှုကို အမိန့်ချမယ့် ရက် ဟာ ၂ ကြိမ်တိုင်ရွှေ့ဆိုင်းလိုက်ပြီးနောက် ဇန်နဝါရီလ ၁၀ ရက်မှာအမိန့်ချ ဖို့ တရားရုံးကသတ်မှတ်လိုက်တာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဗြိတိန်နိုင်ငံ လန်ဒန်မြို့ စစ်ကောင်စီသံရုံးရှေ့မှာပြည်ပရောက်မြန်မာနိုင်ငံသား တိုင်းရင်းသားတွေ စုပေါင်းပြီး စစ်အာဏာရှင်စနစ်အမြစ်ပြတ်ချုပ်ငြိမ်းရေးနဲ့ ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး ဆန္ဒပြသပိတ်ကို အောက်တိုဘာ ၂၇ ရက်က ပြုလုပ်ခဲ့ပါတယ်။

သတင်း

ရန်ကုန်နဲ့ စစ်ကိုင်းတိုင်းအတွင်း တော်လှန်သပိတ်အင်အားစုတွေ၊ ဒေသခံပြည်သူတွေက ဒေါ်အောင်ဆန်းစုကြည်လွတ်မြောက်ရေး Free Her ကမ်ပိန်းနဲ့ တော်လှန်သီတင်းကျွတ် ဆီမီးသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (အောက်တိုဘာ ၂၆) ပြုလုပ်ခဲ့ပါတယ်။

သတင်း

မိခင်ဖြစ်သူရဲ့ ကျန်းမာရေး အခြေအနေ ကောင်းမွန်နေပုံ ရပေမယ့် တစ်ဦးတည်း သီးသန့်ခွဲပြီး နေထိုင်နေရပုံ ပေါ်တယ်လို့ နိုင်ငံတော် အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ သားက ဗြိတိန်အ​ခြေစိုက် The Guardian သတင်းဌာနကို ပြောကြားပါတယ်။

သတင်း

နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သားဖြစ်သူ ကိုထိန်လင်းတို့ ဖုန်းနဲ့ဆက်သွယ်ပြောဆိုခွင့်ရရှိခဲ့တဲ့အပေါ် အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ရာ မိသားစုဝင်တွေ၊ မြန်မာပြည်သူတွေနဲ့ထပ်တူ ဝမ်းမြောက်ကြောင်း ဖော်ပြပြီး ဖြစ်စဉ်တခုလုံးကို အလေးအနက်ထား စောင့် ကြည့်လျက်ရှိဟု ထုတ်ပြန်ပါတယ်။

Facebook