Connect with us

Hi, what are you looking for?

News

စစ်အာဏာရှင်ပြုတ်ကျရေး အမြန်လုပ်မည်ဖြစ်၍ ပြည်သူများနိုးကြားသတိရှိရန် NUG တိုက်တွန်း

“ပြည်သူတစ်ရပ်လုံးကို ပြောချင်တာက ကျွန်တော်တို့ အခု NUG အစိုးရသည် စစ်အာဏာရှင် ပြုတ်ကျ ရေးနဲ့ စစ်အာဏာရှင် သက်ဆိုးမရှည်ရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်နေပါတယ်”

စစ်အာဏာရှင် ပြုတ်ကျရေးနှင့် စစ်အာဏာရှင် သက်ဆိုးမရှည်ရေး ဆောင်ရွက်ချက်ကို မကြာခင် ကာလတွင် အမြန်ဆုံးဆောင်ရွက်သွားမည်ဖြစ်၍ ပြည်သူများ နိုးကြားသတိရှိကြရန် အမျိုးသား ညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောကြားသည်။

ယနေ့ ပြုလုပ်သည့် NUG ၏ ဒုတိယ အကြိမ်မြောက် သတင်းစာရှင်းလင်းပွဲ၌ သတင်းထောက်တစ်ဦးက မသန်စွမ်းသူများအကူအညီပေးရေး အစီအမံများနှင့်ပတ်သက်ပြီး မေးမြန်းသည့်အပေါ် ဝန်ကြီးက အထက်ပါအချက်ကို ထည့်သွင်းပြောကြားခဲ့သည်။

မသန်စွမ်းသူများ အပါအဝင် ပြည်သူများအားလုံးနေ့စဉ်နှင့်အမျှ ဒုက္ခခံစားနေရခြင်း ကို ကိုင်တွယ်ဖြေရှင်း ရာတွင် အရေးကြီးသည့်အချက်မှာ စစ်အာဏာရှင်အမြန်ပြုတ်ကျရေး ကို ဦးစားပေး ဆောင်ရွက်ရမည်ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ပြည်သူတစ်ရပ်လုံးကို ပြောချင်တာက ကျွန်တော်တို့ အခု NUG အစိုးရသည် စစ်အာဏာရှင် ပြုတ်ကျ ရေးနဲ့ စစ်အာဏာရှင် သက်ဆိုးမရှည်ရေးကို ဦးတည်ပြီးတော့ ဆောင်ရွက်နေပါတယ်” ဟု ၎င်း ကဆို သည်။

Public Service Announcement

Public Service Announcement

ထိုသို့ ရည်မှန်းချက်ထား၍ ဆောင်ရွက်ရာတွင် အချိန်ကာလ ကန့်သတ်ချက်ဖြင့် လုပ်ဆောင်နေပြီး ပြည်သူများက နိုးကြားသတိဖြင့် ပူးပေါင်းဆောင်ရွက်ရန်လိုကြောင်း ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

“ပြည်သူများကလည်း အဆင့်သင့်ရှိနေတယ်ဆိုတာ ကျွန်တော်တို့ သိပါတယ်။ ကျွန်တော်တို့ကလည်း ပြည်သူနဲ့ တစ်သားတည်းပါပဲ။ အဲဒါကြောင့်မို့လို့ အဆင့်သင့်ရှိနေတဲ့ ပြည်သူများနဲ့ တစ်သားတည်းရှိနေတဲ့ ပြည်သူ့အစိုးရ NUGဟာ မကြာခင်မှာ ဒီကိစ္စတွေကို အမြန်ဆုံးအကောင် အထည်ဖော်ပြီးတော့ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ စစ်အာဏာရှင် သက်ဆိုးမရှည်ရေးအတွက် ဆောင်ရွက်သွားကြပါမယ်။ အားလုံးက နိုးကြားသတိနဲ့ရှိကြပါလို့ တိုက်တွန်းလိုပါတယ်” ဟု ဒေါက်တာဝင်းမြတ်အေးက ပြောသည်။

NUG ပြည်ထဲရေးဝန်ကြီး ဦးလွင်ကိုလတ်ကလည်း မြေပြင်၌ရှိနေသည့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များနှင့် ချိတ်ဆက်ဆောင်ရွက်နေကြောင်း ပြောသည်။

“ ကျွန်တော်တို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ဟာဆိုလို့ရှိရင်လည်း အချိန်တစ်ခုကို ရောက်လာပြီ ဆိုတဲ့အခါကျလို့ရှိရင် ဒီ ပြည်သူ့တော်လှန်ရေးကြီးကို ဦးဆောင်ပြီးတော့ ပန်းတိုင်ရောက်တဲ့အထိ ဆောင်ရွက်နိုင်ဖို့အတွက် အခြေအနေကောင်းတွေ အများကြီးရနေပြီ။ ကျွန်တော်တို့မှာ များစွာတိုးတက်တဲ့ ပြင်ဆင်မှုတွေ၊များစွာတိုးတက်တဲ့ ထောက်ပံ့မှုတွေ ရရှိနေတယ်ဆိုတာလောက်ကို ဒီမှာ ပြောချင်ပါတယ်။” ဟု ဦးလွင်ကိုလက်က ပြောသည်။

ထောက်ပံ့မှုရရှိခြင်းနှင့် မည်ကဲ့သို့ ပြင်ဆင်ထားသည် ဆိုသည့် အသေးစိတ် အခြေအနေများကိုမူ ဝန်ကြီးက ပြောဆိုခြင်းမရှိပေ။

ကချင်လက်နက်ကိုင်အဖွဲ့(KIA) အပါအဝင် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တာဝန်ရှိသူအချို့ကလည်း နေရာအနှံ့၌ အချိန်မရွေး တိုက်ပွဲများ ဖြစ်ပွားလာနိုင်၍ ပြည်သူများအနေဖြင့် စစ်ရေးသတင်းများကို နားစွန့်ထားရန် ပြောကြားထားသည်။

ဆက်စပ်သတင်းများ

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ဂျပန်နိုင်ငံမှာ ပတ်စ်ပို့(နိုင်ငံကူးလက်မှတ်)သက်တမ်းမတိုးဘဲ ရပ်တည်နေတဲ့ မြန်မာနိုင်ငံသားတွေအတွက် လုပ်ငန်းခွင်အရည်အချင်းစစ် ဗီဇာ(Tokutei Gino)စာမေးပွဲဖြေဆိုဖို့ ကြုံနေရတဲ့ အခက်အခဲကို ဖြေရှင်းနိုင်ခဲ့တယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUGရဲ့ ဂျပန်နိုင်ငံဆိုင်ရာကိုယ်စားလှယ်ရုံးက ထုတ်ပြန်ပါတယ်။

သတင်း

စစ်ဆင်ရေးမှာ ကျဆုံးခဲ့ရတဲ့ ရဲဘော် ၃ဦး ဦးညွှတ်အလေးပြုကြောင်း ဖော်ပြ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

Facebook