Connect with us

Hi, what are you looking for?

News

မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး

စစ်တပ်ရဲ့အခွန်ရရှိရာနေရာတစ်ခုဖြစ်တဲ့အတွက် ကျောက်ဝိုင်းအတွင်းမကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

မန္တလေးမြို့၊ မဟာအာင်မြေကျောက်မျက်ဝိုင်းရောင်းဝယ်ရေးစခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောက်သမားတစ်ဦးသေဆုံးခဲ့ပါတယ်။

မန္တလေးကျောက်ဝိုင်းအတွင်း အရှေ့ဘက်ခြမ်းမှာ နံနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ညအိပ်စောင့်တဲ့ ကျောက်သမားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

” မနက်ခင်းအစောပိုင်းပဲ အုန်းခနဲအသံအကျယ်ကြီးပဲ။ ကျောက်ဝိုင်းထဲကိုအရင်လို ဝင်ပြီးအလုပ်လုပ်တဲ့သူက မရှိသလောက်ပဲ။ သူ့အခန်းစောင့်တဲ့ ကျောက်သမားလို့ပြောတယ်”ဟု ကျောက်ပွဲစားတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့အခွန်ရရှိရာနေရာတစ်ခုဖြစ်တဲ့အတွက် ကျောက်ဝိုင်းအတွင်းမကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုဟာ ပထမအကြိမ် ဖြစ်ပါတယ်။

ကျောက်သမားတွေဟာ ကျောက်ဝိုင်းအတွင်း ဝင်ရောက်ပြီးအရောင်းအဝယ်မပြုလုပ်ကြတဲ့ အတွက် စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့မှာ ရှစ်လေးလုံးသပိတ်ပြုလုပ်မှာစိုးရိမ်ပြီး စစ်တပ်က နေရာစုံစစ်ဆေးမှုတွေပြုလုပ်နေသလို PSMS နည်းပညာနဲ့ မြို့ပတ်လမ်းတွေမှာ ရှောင်တခင်စစ်ဆေးတာတွေလည်းပြုလုပ်နေတယ်လို့ မြို့ခံ တွေက ပြောပါတယ်။

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

မန္တလေးမြို့၊ အောင်ပင်လယ်မှာ ကနေတဲ့ အောင်ဇမ္ဗူဇာတ်ပွဲ ရာသီဥတု အခြေအနေကြောင့်ဆိုပြီး ဒီကနေ့ည ဖျော်ဖြေပွဲ ဖျက်သိမ်းလိုက်ရကြောင်း သတင်းရှိပါတယ်။

သတင်း

မန္တလေးမြို့မှာ တက္ကစီမောင်းနေ​တဲ့ စစ်မှုထမ်းဟောင်းတစ်ဦး ပြန်ပေးဆွဲခံရပြီးနောက် ၂ ပတ်ကျော်ကြာ ပျောက်ဆုံးနေကြောင်း သတင်းရရှိပါတယ်။