Connect with us

Hi, what are you looking for?

LuduNwayOo

News

မန္တလေးကျောက်ဝိုင်း ဗုံးပေါက်ကွဲပြီး ကျောက်သမားတစ်ဦးသေဆုံး

စစ်တပ်ရဲ့အခွန်ရရှိရာနေရာတစ်ခုဖြစ်တဲ့အတွက် ကျောက်ဝိုင်းအတွင်းမကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

မန္တလေးမြို့၊ မဟာအာင်မြေကျောက်မျက်ဝိုင်းရောင်းဝယ်ရေးစခန်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် ကျောက်သမားတစ်ဦးသေဆုံးခဲ့ပါတယ်။

မန္တလေးကျောက်ဝိုင်းအတွင်း အရှေ့ဘက်ခြမ်းမှာ နံနက် ၈ နာရီလောက်က ဗုံးပေါက်ကွဲမှုနှစ်ကြိမ်ဖြစ်ပွားပြီး ညအိပ်စောင့်တဲ့ ကျောက်သမားတစ်ဦးသေဆုံးခဲ့တယ်လို့ ကျောက်အရောင်းအဝယ်ပြုလုပ်သူတစ်ဦးကပြောပါတယ်။

” မနက်ခင်းအစောပိုင်းပဲ အုန်းခနဲအသံအကျယ်ကြီးပဲ။ ကျောက်ဝိုင်းထဲကိုအရင်လို ဝင်ပြီးအလုပ်လုပ်တဲ့သူက မရှိသလောက်ပဲ။ သူ့အခန်းစောင့်တဲ့ ကျောက်သမားလို့ပြောတယ်”ဟု ကျောက်ပွဲစားတစ်ဦးကပြောပါတယ်။

စစ်တပ်ရဲ့အခွန်ရရှိရာနေရာတစ်ခုဖြစ်တဲ့အတွက် ကျောက်ဝိုင်းအတွင်းမကြာခဏဆိုသလို ဗုံးပေါက်ကွဲမှုတွေဖြစ်ပွားနေတာဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကျောက်ဝိုင်းအတွင်း ဗုံးပေါက်ကွဲမှုကြောင့် လူသေဆုံးမှုဟာ ပထမအကြိမ် ဖြစ်ပါတယ်။

ကျောက်သမားတွေဟာ ကျောက်ဝိုင်းအတွင်း ဝင်ရောက်ပြီးအရောင်းအဝယ်မပြုလုပ်ကြတဲ့ အတွက် စစ်ကောင်စီက လိုက်လံဖမ်းဆီးမှုတွေပြုလုပ်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ယ‌နေ့ညနေ ၃နာရီခန့်အထိ ရရှိထားသောသတင်းများအရ မိုးမောက်မြို့ပေါ်တွင် စစ်ကောင်စီလက်နက်ကြီးပစ်ခတ်မှုကြောင့် ကလေးတဦးအပါအဝင် သေဆုံးသူသုံးဦးရှိပြီး တစ်ဦးဒဏ်ရာရာရှိခဲ့ကြောင်း သိရသည်။

သတင်း

ပေါင် ၃၀၀ ဗုံးနှစ်လုံးကြောင့် သေဆုံးသွားသည့် ပြည်သူ များအနက် အမျိုးသား နှစ်ဦးနှင့် မိန်က​လေးငယ် နှစ်ဦးအပါအဝင် အမျိုးသမီး ​လေးဦး ပါဝင်သည်။

နိုင်ငံတကာ

BBCရဲ့ အဆိုအရ စစ်ပွဲမှာ ရုရှား စစ်သည် ၅၀၀၀၀ ကျော် သေဆုံးခဲ့ပြီးဖြစ်ကြောင်း၊ ဒါဟာ ၂၀၂၂ ခုနှစ်၊ စက်တင်ဘာလတုန်းက နောက်ဆုံးအကြိမ်အဖြစ် တရားဝင် ထုတ်ပြန်ခဲ့တဲ့ အသေအပျောက် စာရင်းထက် ၈ ဆ ပိုများနေတာဖြစ်ကြောင်း သိရပါတယ်။

သတင်း

တိုက်ပွဲမှာနေ့စဉ်ရက်ဆက်ဖြစ်နေသောကြောင့် ကျည်ဆန်လိုအပ်ချက်ရှိနေ၍ ပြည်သူများအနေဖြင့် ကူညီပါဝင်ပေးကြရန်လည်း ဗိုလ်မှူးကျော်ဟိန်းက ပြောသည်။