Connect with us

Hi, what are you looking for?

News

ဖက်ဆစ်စစ်အုပ်စုကို အမြစ်ပြတ်နှိမ်နင်းရန် တိုက်ပွဲများစတင်ဆင်နွှဲ​တော့မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကြေညာ

BPLA၏ နိုင်ငံရေးရည်မှန်းချက်များမှာ အာဏာရှင် စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့်လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည် ဆောက်ရေးတို့ ဖြစ်သည်။

ပြည်သူလူထုကို အကြမ်းဖက်နေသည့် ဖက်ဆစ်စစ်အုပ်စုကို အမြစ်ပြတ်နှိမ်နင်းသွားရန် တိုက်ပွဲများ စတင်ဆင်နွှဲ​တော့မည်ဟု ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)က ယနေ့(ဇန်နဝါရီ ၄ ရက်)ထုတ်ပြန် ကြေညာသည်။

အကြမ်းဖက်စစ်အုပ်စုကို တိုက်ပွဲဆင်နွှဲရာတွင် ဘုံရည် မှန်းချက်တူညီသည့်အဖွဲ့အစည်းများနှင့် မဟာမိတ်ပြုလုပ်သွားမည်ဟုလည်း ထုတ်ပြန်ချက်၌ ဖော်ပြသည်။

BPLA၏ နိုင်ငံရေးရည်မှန်းချက်များမှာ အာဏာရှင် စနစ်ကျဆုံးပြီး ပြည်သူလူထုအားလုံးအဖိနှိပ်ခံဘ၀မှလွတ်မြောက်ရေး၊ လူမျိုးကြီးဝါဒချုပ်ငြိမ်းပြီး တန်းတူညီမျှမှုနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ ဒီမိုကရေစီနှင့်လူ့ရပိုင်ခွင့်ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံတော်သစ်တည် ဆောက်ရေးတို့ ဖြစ်သည်။

ယင်းနောက် ဖက်ဒရယ်ပြည်ထောင်စုသစ်တည်ထောင်ရာတွင် ပြည်ထောင်စုအဖွဲ့ဝင် ဗမာဖက်ဒရယ် ယူနစ်(ဝါ) ဗမာပြည်/ဗမာပြည်နယ် သတ်မှတ်ပါဝင်တည်ဆောက်ရေးနှင့် ပြည်သူလူထု၏ လွတ်လပ်မှု၊ လုံခြုံမှုတို့ကို ကာကွယ်စောင့်ရှောက်ရေးတို့ ဖြစ်သည်။

Public Service Announcement

Public Service Announcement

ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော်(BPLA)ကို ဗမာမဟုတ်သော တိုင်းရင်းသားလူမျိုးစု လက်နက်ကိုင် တော်လှန်ရေးအဖွဲ့များနှင့် တွေ့ဆုံဆွေးနွေးကာ ၎င်းတို့၏ အကူအညီများဖြင့် ၂၀၂၁ ဧပြီ ၁၇ တွင် စတင်ဖွဲ့စည်းခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် စစ်ဗြဲ(စပ်ပြဲ)ကျေးရွာတိုက်ပွဲမှာ စစ်တပ်က အထိနာ ဆုတ်ခွာထွက်ပြေးသွားပြီး ရုပ်အလောင်းတွေနဲ့ လက်နက်ခဲယမ်းအချို့ သိမ်းရခဲ့ကြောင်း လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

သတင်း

လက်နက် ၉လက်နဲ့ စစ်သုံ့ပန်း ၄ဦးဖမ်းမိဟု PDF ထုတ်ပြန်

သတင်း

ရွှေကူမြို့ထဲပါတိုက်ပွဲဖြစ်လာပြီး စစ်တပ်စစ်ကြောင်းမှာပါတဲ့ ရဲတွေနဲ့ စစ်မှုထမ်းသင်တန်းဆင်း စစ်သားသစ်တွေ ထွက်ပြေးသွားကြသလို KIA ၊KPDF ထံအလင်းဝင်သူအချို့လည်းရှိတယ်လို့မြေပြင်စစ်​ရေးသတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ 81 လျှပ်စစ်ပစ္စည်းကုမ္ပဏီရဲ့ အားကစားဝတ်စုံနဲ့ ဒီက​နေ့ပြေးခဲ့တဲ့အမျိုးသားတစ်ဦးကို စစ်အုပ်စုက ရိုက်နှက်ဖမ်းဆီးသွားကြောင်း မြို့ခံတွေက ပြောပါတယ်။