Connect with us

Hi, what are you looking for?

News

ရှား​တောတိုက်ပွဲ စစ်​ကောင်စီတပ် အကျအဆုံးများ​

သေဆုံးသွားသည့် ဒုရင်းမှူးကျော်သူစိုး၏ အ​လောင်းကို BGF (၁၀၀၄) စခန်း (စစ်ဝန်တောင်စခန်း) ၌ ထားခဲ့ပြီး BGF တပ်ဖွဲ့ဝင်များကို လက်နက်မပါလူသားဒိုင်းအဖြင့် အသုံးပြုစေခိုင်းမည်ဟု KAက သတင်းရရှိထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

▪️ဒုတပ်ရင်းမှူး​ကျော်သူစိုးလည်း ​သေဟု ကရင်နီတပ်မ​တော် ထုတ်ပြန်

ကယား(ကရင်နီ)ပြည်နယ် ရှားတောမြို့နယ် တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်မှ ဒုတပ်ရင်းမှူး ကျော်သူစိုးအပါအဝင် ၁၆ဦးသေဆုံးကြောင်း ကရင်နီတပ်မတော် (KA)က ယနေ့(ဇန်နဝါရီ ၅ ရက်)တွင် ထုတ်ပြန်သည်။

ဇန်နဝါရီ ၄ ရက်က ရှားတောမြို့နယ်သို့ အင်အား ၃၀၀ ကျော်ဖြင့် စစ်ကြောင်းထိုးလာသည့် အကြမ်းဖက်စစ်ကောင်စီကို ပွန်ချောင်းရွာအကျော် စစ်ဝန်တောင်အတက် လမ်းမကြီးပေါ်၌ ကရင်နီတပ်မတော်နှင့် ထိပ်တိုက်ရင် ဆိုင်၍ နှစ်နာရီကြာတိုက်ပွဲ ဖြစ်ခဲ့သည်ဟု ဆိုသည်။

ထို့နောက် စစ်ကောင်သီဘက်မှ ဒုရင်းမှူးအပါအဝင် ၁၆ ဦးသေဆုံးပြီး အများအပြားဒဏ်ရာရရှိခဲ့သည်ဟု KA ကဆိုသည်။

Public Service Announcement

Public Service Announcement

သေဆုံးသွားသည့် ဒုရင်းမှူးကျော်သူစိုး၏ အ​လောင်းကို BGF (၁၀၀၄) စခန်း (စစ်ဝန်တောင်စခန်း) ၌ ထားခဲ့ပြီး BGF တပ်ဖွဲ့ဝင်များကို လက်နက်မပါလူသားဒိုင်းအဖြင့် အသုံးပြုစေခိုင်းမည်ဟု KAက သတင်းရရှိထားသည်ဟုလည်း ထုတ်ပြန်ထားသည်။

ယမန်နေ့က တိုက်ပွဲတွင် ကရင်နီတပ်မတော်မှ တပ်ဖွဲ့ဝင်တစ်ဦးခြေထောက် ဒဏ်ရာအနည်း ငယ်သာရရှိသွားခဲ့သည်။

ယနေ့(ဇန်နဝါရီ ၅ ရက်)တွင်လည်း အကြမ်းဖက်စစ်ကောင်စီတပ်နှင့် ကရင်နီတပ်မတော်တို့ ရှားတောမြို့နယ် တွင် တိုက်ပွဲဆက်လက်ဖြစ်ပွားနေ ကြောင်းလည်း ဒေသခံသတင်းရင်းမြစ်များက ဆိုသည်။

“ရှားတောဖက်မှာ KAနဲ့ စခတွေ တိုက်ပွဲတွေဖြစ်နေကြပါတယ်။ စခဖက်အကျအဆုံးများတယ်လို့ သိရပါတယ်” ဟု တိုးတက်သော ကရင်နီပြည်သူ့အင်အားစုက ယနေ့ နံနက် ၉နာရီ ၁၀မိနစ်တွင် ထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ၎င်းတို့၏ စစ်ကြောင်းတစ်လျှောက်အတွင်း လက်နက်ကြီးပစ်၍ လမ်းရှင်းလင်းခြင်း၊ဘူဒိုဇာ နှင့် ဘက်ဟိုးယာဥ်များကို အသုံးပြု၍ လမ်းရှင်းလင်းခြင်း နှင့် ရောက်ရှိသည့် ကျေးရွာ များ၌ ညအိပ်တပ်ဆွဲကာ ပြည်သူ့ အိုးအိမ်နှင့် ဆိုင်ခန်းများကို ဖောက်ထွင်း ပစ္စည်းခိုးယူသည့်အပြင် အိမ်အချို့ကိုပါ မီးရှို့ဖျက်ဆီးခဲ့ကြောင်းလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။

ရှားတောမြို့နယ်သို့ စစ်ကြောင်းထိုးလာသည့် အကြမ်းဖက် စစ်ကောင်စီတပ်ကို KA နှင့် KNDF တို့မှ အစွမ်းကုန် ခုခံတွန်းလှန်သွားမည်ဖြစ်ပြီးတိုက်ပွဲမှာ ပိုမို ပြင်းထန်လာနိုင်သည်ဟု အသိပေးသည်။

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။