Connect with us

Hi, what are you looking for?

News

LNG ဓါတ်အား​ပေးစက်ရုံစီမံကိန်းများ စစ်​ကောင်စီပိုက်ဆံမ​ပေးနိုင်​တော့၍ ရပ်ဆိုင်း ၊ဓါတ်အားထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်း​လျော့ကျ

“ဝန်ကြီးဌာနက ငွေပေးချေဖို့ အခက်အခဲဖြစ်နေလို့ ကုမ္ပဏီက ဆက်မလုပ်တာ ဈေးတက်တယ်ဆိုတာလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ”ဟု လျှပ်စစ်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် အကောင်အထည်ဖော်ခဲ့သည့် LNG (သဘာဝဓာတ်ငွေ့ရည်) ဓာတ်အားပေးစက်ရုံများသည် စစ်တပ်အာဏာသိမ်းထားသည့် ကာလအတွင်း ရပ်ဆိုင်းသွား၍ နိုင်ငံ့ဓာတ်အားစနစ်အတွင်း လျှပ်စစ်ထုတ်လုပ်မှု ၁၈ ရာခိုင်နှုန်းလျော့ကျသွားသည်။

ထိုသို့ရပ်ဆိုင်းသွားခြင်းမှာ အကြမ်းဖက်စစ်ကောင်စီက ကုမ္ပဏီများကို ပေးချေရမည့် ငွေများမပေးနိုင်တော့၍ ကုမ္ပဏီများက လုပ်ငန်းရပ်ဆိုင်းခြင်းဖြစ်သည်ဟု စွမ်းအင်ကုမ္ပဏီများထံမှ သိရသည်။

သို့သော်လည်း အကြမ်းဖက်စစ်ကောင်စီ ထိန်းချုပ်ထားသည့် လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနကမူ ပြည်ပက တင်သွင်းရသည့် ဓာတ်ငွေ့ဈေး လေးဆခန့်မြင့်တက်သွားခြင်းကြောင့် ရပ်တန့်ထားရသည်ဟု ဇန်နဝါရီ ၅ ရက်စွဲဖြင့် ထုတ်ပြန်ဝါဒဖြန့်ထားသည်။

“ဝန်ကြီးဌာနက ငွေပေးချေဖို့ အခက်အခဲဖြစ်နေလို့ ကုမ္ပဏီက ဆက်မလုပ်တာ ဈေးတက်တယ်ဆိုတာလည်း ပုံမှန်လုပ်ရိုးလုပ်စဉ်အတိုင်းပါပဲ”ဟု လျှပ်စစ်ထုတ်လုပ်နေသည့် ကုမ္ပဏီတစ်ခု၏ တာဝန်ရှိသူတစ်ဦးကပြောသည်။

Public Service Announcement

Public Service Announcement

အကြမ်းဖက်စစ်ကောင်စီက ယခုကာလတွင် နိုင်ငံအတွင်း လျှပ်စစ်ဓာတ်အားထုတ်လုပ်မှု ၁၄၇၀ မဂ္ဂါဝပ် လျော့နည်းမည်ဟု ထုတ်ပြန်ထားသည်။ ထိုပမာဏသည် တနိုင်ငံလုံး လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မူ၏ ၃၅ ရာခိုင်နှုန်းရှိသည်။ တနိုင်ငံလုံးတွင် လျှပ်စစ်ဓာတ်အားအမြင့်ဆုံးထုတ်လုပ်နိုင်မှုသည် မဂ္ဂါဝပ် ၄၂၀၀ ရှိသည်။

ထိုထဲတွင် LNGစီမံကိန်းများရပ်ဆိုင်းခြင်းကြောင့် ဓာတ်အား ၇၅၀ မဂ္ဂါဝပ်၊ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း နှစ်စဉ်ထိန်းသိမ်းခြင်းကြောင့် ဓာတ်အားပေးစက်ရုံများ ရပ်ဆိုင်းခြင်း ကြောင့် မဂ္ဂါဝပ် ၅၄၀လျော့နည်းခြင်းနှင့် ဘီလူးချောင်းရေအားလျှပ်စစ်စီမံကိန်းမှ ဓာတ်အား ပို့လွှတ်ရေးတာဝါတိုင်များ ပျက်စီးခြင်းကြောင့် မဂ္ဂါဝပ် ၁၈၀လျော့ခြင်းတို့ကြောင့်ဖြစ်သည်ဟုဆိုသည်။ ရတနာကမ်းလွန်သဘာဝဓာတ်ငွေ့စီမံကိန်း သည် ဇန်နဝါရီ ၇ ရက်တွင် ပုံမှန်ပြန်လည် လည်ပတ်မည်ဟုဆိုသည်။ သို့သော်လည်း ဓာတ်အားပြတ်တောက်မူများ ဆက်လက်ဖြစ်မည်ဟုလည်း ဆိုထားသည်။

ထိုကြောင့် မနက် ၇နာရီမှ နေလယ် ၁၁ နာရီ၊ ညနေ ၅နာရီမှ ည ၇ နာရီအတွင်း ဓာတ်အားပြတ်တောက်မှုများ အချိန်မ​ရွေးဖြစ်ပေါ်နိုင်သည်ဟု စစ်ကောင်စီထိန်းချုပ်ထားသည့် ဝန်ကြီးဌာနက ဆိုသည်။

“စစ်တပ်အာဏာသိမ်းလိုက်တော့ နွေရာသီမီးမပျက်စေဖို့ လုပ်ထားတဲ့ ဓာတ်အားပေးစီမံကိန်းတွေ အကုန်ရပ်သွားတယ်။ ဒီနှစ်နွေမှာ ဓာတ်အားပြတ်တောက်မူ အကြီး အကျယ် ကြုံတွေ့ရလိမ့်မယ်”ဟု လျှပ်စစ်နှင့်စွမ်းအင်ဝန်ကြီးဌာနက အရာရှိတစ်ဦးက ပြောသည်။

အရပ်သားအစိုးရလက်ထက်တွင် ၂၀၁၈ ခုနှစ်၊ ဇန်နဝါရီ၌ မဂ္ဂါဝပ် (၃၀၀၀) ခန့်ထွက်ရှိမည့် LNG စီမံကိန်း (၃)ခု နှင့် ၂၀၁၉တွင် မဂ္ဂဝါဝပ် ၉၀၀ထွက်ရှိမည့် LNG စီမံကိန်း ၃ ကို လုပ်ကိုင်ခွင့်စတင်ပေးခဲ့ပြီး ၃နှစ်အတွင်း လျှပ်စစ်ဓာတ်အားထုတ်ရန်စီစဉ်ခဲ့ခြင်းဖြစ်သည်။

သဘာဝဓါတ်​ငွေ့​အရည် (LNG) ဖြင့် ဓာတ်အားထုတ်လုပ်မည့် သာကေတ ၄၀၀ မဂ္ဂါဝပ်နှင့် သန်လျင် ၃၅၀ မဂ္ဂါဝပ် ဓာတ်အားပေးစက်ရုံစီမံကိန်းများသည် ၂၀၂၀ ဇွန်လတွင် ဓာတ်အားစတင်ထုတ်လုပ်ခဲ့သည်။ နွေရာသီတွင် မီးမပျက်​စေရန် သဘာဝဓာတ်ငွေ့သုံး စီမံကိန်းငါးခုဖြစ်သည့် ကျွန်းချောင်း၊ အလုံ၊ ကျောက်ဖြူ၊ သန်လျင်နှင့်သာကေတတို့တွင် အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ဦး​ဆောင်​သောအစိုးရလက်ထက်တွင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။

သတင်းဆောင်းပါး

ထီးချိုင့်၊ကသာ၊အင်း​တော်မြို့နယ်​တွေမှာစစ်တပ် စစ်ကြောင်းတွေကို တော်လှန်ရေးတပ်တွေက ပျောက်ကြားတိုက်ခိုက်ချိန်မှာ အလောင်းအများစုရဲ့ ယူနီဖောင်း​တွေဟာ စစ်မှုမထမ်းမ​နေရဥပ​ဒေနဲ့ အဓမ္မစု​ဆောင်းထားတဲ့ ၊​ပေါ်တာဆွဲထားတဲ့ စစ်သားသစ်​တွေရဲ့ပစ တံဆိပ်တွေဖြစ်နေတယ်လို့ ပျောက်ကြားတိုက်ခိုက်မှုမှာပါဝင်နေတဲ့ တော်လှန်ရေး ရဲဘော်တဦးက ပြောပါတယ်။

သတင်း

ကျော်သောင်း ဆိုသူက ကျောက်စိမ်းမြေ ဖားကန့်ကို လှုပ်လှုပ်ရှားရှားဖြစ်သွားစေပါတယ်။စစ်တပ်ရဲ့ အကြိးစား ဒေါက်တိုင်လက်နက်ပွဲစား စီးပွားရေးလုပ်ငန်းရှင် ခရိုနီ ဂျော်နသန်ကျော်သောင်းမဟုတ်ပါ။ ဖားကန့်မြို့က နာမည်ကြီးပြည့်တန်ဆာလုပ်ငန်းရှင် ကျော်သောင်းဆိုသူဖြစ်ပါတယ်။