Connect with us

Hi, what are you looking for?

News

အရပ်သားများအပေါ် စစ်ကောင်စီ၏ လူသားမဆန်ကျူးလွန်မှုများကို ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချကြောင်း PPST ထုတ်ပြန်

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ပါဝင်သော အဓိပ္ပါယ်ပြည့်၀သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း PPSTက ထုတ်ပြန်သည်။

ဖရူဆိုမြို့နယ်တွင် ပြည်သူ ၃၀ ကျော်ကို မီးရှို့သတ်ဖြတ်ခဲ့မှု၊ လေးကေ့ကော်မြို့သစ်သို့ အကြမ်းဖက်တိုက်ခိုက်မှု နှင့် အခြားဒေသ များရှိ အမျိုးသမီးများ၊ကလေးများနှင့်သက်ကြီး ရွယ်အိုများအပါအဝင် အရပ်သားများအပေါ် စစ်ကောင်စီ၏ လူသားမဆန် ကျူးလွန်မှုများအပေါ် ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကြောင်း NCAလက်မှတ်ထိုး တိုင်းရင်းသားခေါင်းဆောင်များဖြင့် ဖွဲ့စည်းထားသည့် ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ဦးဆောင်အဖွဲ့(PPST)က ထုတ်ပြန်သည်။

PPST အစည်းအဝေးကို ဇန်နဝါရီ ၅ရက်နှင့် ၆ရက်က ကျင်းပခဲ့ရာ အစည်းအဝေးအပြီးတွင် ကြေညာချက် ထုတ်ပြန်ခဲ့ခြင်းဖြစ်သည်။

လက်ရှိ နိုင်ငံရေးအကျပ်အတည်း ဖြေရှင်းရေးအတွက် နိုင်ငံတကာအဖွဲ့အစည်းများ၊ ကုလသမဂ္ဂအထူးကိုယ်စားလှယ်၊ အာဆီယံနိုင်ငံများအပါအဝင် နိုင်ငံတကာ၏ ကြားဝင် စေ့စပ်ဖြေရှင်းမှုများသည် မြန်မာနိုင်ငံ၏ ပကတိ နိုင်ငံရေးအခြေအနေနှင့်အညီ လက်တွေ့ကျကျ ဆောင်ရွက်နိုင်ရေးကို PPST အနေဖြင့် ကြိုးပမ်းသွားမည်ဖြစ်ကြောင်းလည်း ဖော်ပြထားသည်။

မြန်မာနိုင်ငံ၏ လက်ရှိနိုင်ငံရေးအကျပ်အတည်းကို ဖြေရှင်းနိုင်ရေးအတွက် သက်ဆိုင်သူများအားလုံး ပါဝင်သော အဓိပ္ပါယ်ပြည့်၀သည့် နိုင်ငံရေးဆွေးနွေးပွဲများဖြင့်သာ ဖြေရှင်းနိုင်မည်ဟု ယုံကြည်ကြောင်း PPSTက ထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

နိုင်ငံရေးပြဿနာများကို အင်အားသုံးဖြေရှင်းမှုများကြောင့် အပြစ်မဲံပြည်သူများ သေကြေခြင်း၊ အတိဒုက္ခမျိုးစုံခံစားရခြင်း၊ လူမှုစီးပွားရေးများ နိမ့်ဆင့်သွားခြင်း လူငယ်များ၏ အနာဂတ်များ ပျောက်ဆုံးသွားရမှုများအတွက် PPST အနေဖြင့် အထူးတုန်လှုပ်ဝမ်းနည်းရကြောင်း၊ နိုင်ငံရေးပြဿနာများကို နိုင်ငံရေးဆွေးနွေးခြင်းဖြင့် ဖြေရှင်းကြရန် သက်ဆိုင်ရာအစုအဖွဲ့အားလုံးကို ပန်ကြားကြောင်း ထုတ်ပြန်ခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

သတင်း

တောင်ကိုရီးယားနိုင်ငံ ၊ဆိုးလ်မြို့ရှိ ထိုင်းနိုင်ငံသံရုံးရှေ့မှာ ပြည်ပရောက် မြန်မာတွေက ထိုင်းအစိုးရအနေနဲ့ စစ်ကောင်စီနဲ့ ထိတွေ့ဆက်ဆံနေကို ကန့်ကွက်ကြောင်း ဒီကနေ့ (သြဂုတ် ၁၉)မှာ ဆန္ဒပြခဲ့ပါတယ်။

Facebook