Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ် ပစ်ခတ်သည့် လက်နက်ကြီးကျည်ထိ၍ လွိုင်ကော်ဒေသခံ တစ်ဦးသေ

လက်နက်ကြီးထိမှန်သေဆုံးသွားသူသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ကလေးများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တရာ၀တီတိုမ်း သတင်းဌာနက ဖော်ပြသည်။

အကြမ်းဖက်စစ်ကောင်စီတပ်မှ လက်နက်ကြီးများ ရမ်းသမ်းပစ်ခတ်ခဲ့ရာ လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်ရှိ လူနေအိမ်​ပေါ်သို့ ကျရောက်ပြီး ပြည်သူ ငါးဦးထိခိုက်ဒဏ်ရာရရှိကာ တစ်ဦးသေဆုံးသွားကြောင်း တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF)က ထုတ်ပြန် သည်။

ယမန်နေ့က လွိုင်ကော်မြို့တွင်း၌ တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် ယနေ့(ဇန်နဝါရီ ၇ရက်)နံနက်ပိုင်းတွင် လည်း ပစ်ခတ်မှုများ ဆက်ရှိနေသည်ဟု ဆိုသည်။

လက်နက်ကြီးထိမှန်သေဆုံးသွားသူသည် လွိုင်ကော်မြို့ မိုင်းလုံးရပ်ကွက်မှ အမျိုးသားတစ်ဦးဖြစ်ပြီး ၎င်း၏ ဇနီးနှင့် ကလေးများလည်း ဒဏ်ရာရရှိခဲ့ကြောင်း ကရင်နီဒေသအခြေစိုက် ကန္တရာ၀တီတိုမ်း သတင်းဌာနက ဖော်ပြသည်။

လက်ရှိတွင် ကရင်နီဒေသအသီးသီး၌ စစ်ရေးတင်းမာနေပြီး လွိုင်ကော်နှင့် ဒီးမော့ဆိုမြို့နယ်များ၌ ယခုရက်ပိုင်းအတွင်း တိုက်ပွဲပြင်းထန်ခဲ့သည်။ ထို့ပြင် စစ်ရေးအခြေ အနေကြောင့် လွိုင်ကော် -ရှားတော လမ်းကိုလည်း မော်တော်ယာဉ်များ ဖြတ်သန်းသွာလာခြင်းမပြုရန် ကရင်နီအမျိုးသားကာကွယ် ရေးတပ်ဖွဲ့(KNDF)က ယနေ့ အသိပေးထုတ်ပြန်ထားသည်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

ဒေသ​ခြောက်ခုမှာရေဘေးပ်ိုဆိုးလာပြီးသေဆုံးသူဦးရေတိုးလာ

သတင်း

ရခိုင်ပြည်နယ်၊ စစ်တွေမြို့နယ်နဲ့ ရသေ့တောင် မြို့နယ်အစပ်က နံ့သာကျွန်းအနီးမှာ ငါးဖမ်းနေတဲ့ငါးဖမ်းသမားတွေကို အာဏာသိမ်းစစ်တပ်က သေနတ်နဲ့လိုက်လံပစ်ခတ်တာကြောင့် ရသေ့တောင်မှာ စစ်ရှောင်နေသူ ငါးဖမ်းသမား ၁ဦး သေဆုံးပြီး ၂ဦး ဒဏ်ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

အခုနှစ်ရဲ့ခြောက်လတာကာလအတွင်းမြန်မာနိုင်ငံအရှေ့တောင်ပိုင်း ဒေသတွေမှာအာဏာသိမ်းစစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့်ကလေးငယ်တွေအပါအဝင်အရပ်သား ၆၆ ဦးသေဆုံးပြီး ၁၂၇ ဦး ဒဏ်ရာရတယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့ ( KHRG)ကဒီနေ့ (သြဂုတ်လ ၃ ရက်)မှာထုတ်ပြန်ပါတယ်။

သတင်း

စစ်ကောင်စီ ထုတ်ပြန်ချက်အပေါ် ဒေသခံတောင်သူတွေ အပြင်းအထန်ဝေဖန်၊ ဆန်စပါးအကြောင်းနဲ့ သဘာဝဘေးအကြောင်းလည်း နားမလည်ဟု တုံ့ပြန်