ဆင်းကတ်အသစ်တစ်ကတ်ကို ငွေကျပ် နှစ်သောင်း အခွန်ကောက်မယ်လို့ အာဏာသိမ်းစစ်ကောင်စီက ကြေညာပြီးတဲ့နောက် ဈေးကွက်အတွင်း ဆင်းကတ်ဈေးနှုန်းတွေ မြင့်တက်ခဲ့ပါတယ်။
လမ်းဘေးမှာ ဆင်းကတ်ရောင်းချတဲ့ ဆိုင်တွေမှာ ဇန်နဝါရီ ၇ ရက်က ကတ်တစ်ကတ် ကျပ်ငါးထောင်အထိ ဈေးတင်ရောင်းနေတာကိုတွေ့ရပြီး အရောင်းအဝယ်ကတော့ပုံမှန်ပဲရှိတယ်လို့ ဈေးရောင်းသူတွေက ပြောပါတယ်။
နောက်ရက်ကျရင် ဒီ့ထက်ဈေးတတ်ဦးမှာလို့ လှည်းတန်းမှာ ဆင်းကတ်ရောင်းချနေသူတစ်ဦးကပြောသည်။
အရင်ကတော့ ဆင်းကတ်တစ်ကတ်ကို ပုံမှန် ငွေကျပ် ၁၅၀၀ ကနေ ၂၅၀၀ အထိ ဈေး အမျိူးမျိုးရောင်းချခဲ့တာပါ။
လှည်းတန်းဝန်းကျင်က လမ်းဘေးဆင်းကတ်ဆိုင်လေးတွေကတော့ ဒီကနေ့ ညနေ ၃ နာရီလောက်ထဲက ဆိုင်သိမ်းသွားကြတာတွေ့ရပါတယ်။
ဇန်နဝါရီ ၈ ရက်ကစပြီး ဆင်းကတ်တွေကိုအခွန် ငွေကျပ်နှစ်သောင်းကောက်ခံမယ်လို့ အာဏာသိမ်းစစ်ကောင်စီကကြေညာထားတာပါ။