Connect with us

Hi, what are you looking for?

News

အောင်လံလွှင့်ချီနွေဦးထီ ပထမဆုံးသိန်း ၁၀၀ကံထူးရှင် NUG သို့ပြန်လည်လှူဒါန်း

၂၀၂၁ ဒီဇင်ဘာလတွင် သိန်း ၁၀၀ အထူးဆု တစ်ဆု အပါအဝင်၊ ၁၅ သိန်း (၅၆) ဆု ဖွင့်လှစ်ပေးခဲ့ပြီး ကံထူးရှင် ၅၇ ဦးတွင် ၄၅ ဦးက ထီဆုကြေးများကို ပြန်လည်လှူဒါန်းခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

အောင်လံလွှင့်ချီနွေဦးထီ ပထမဦးဆုံးချီးမြှင့်သည့် အထူးဆုကျပ်သိန်း ၁၀၀ ကံထူးရှင်ကဆု​ကြေးမယူဘဲအမျိုးသားညီညွတ်ရေးအစိုးရ(NUG)ထံ ပြန်လည်လှူဒါန်းကြောင်း ယနေ့ထုတ်ပြန်သည်။

ထီလက်မှတ်နံမှတ် ၀၂၁၀၂၉၀၀၈၉ က ကျပ်သိန်း ၁၀၀ အထူးဆု​ဆွတ်ခူးခဲ့သည်။စစ်အာဏာရှင်ချုပ်ငြိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု ပေါ်ပေါက်ရေးအတွက် ပြန်လည်လှူဒါန်းပေးမှုကို NUG၏ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံမှု ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးတင်ထွန်းနိုင်ကဂုဏ်ပြုမှတ်တမ်းလွှာပေးခဲ့သည်ဟုလည်း ထုတ်ပြန်ထားသည်။

၂၀၂၁ ဒီဇင်ဘာလတွင် သိန်း ၁၀၀ အထူးဆု တစ်ဆု အပါအဝင်၊ ၁၅ သိန်း (၅၆) ဆု ဖွင့်လှစ်ပေးခဲ့ပြီး ကံထူးရှင် ၅၇ ဦးတွင် ၄၅ ဦးက ထီဆုကြေးများကို ပြန်လည်လှူဒါန်းခဲ့သည်ဟု NUGကထုတ်ပြန်ထားသည်။

အောင်လံလွှင့်ချီနွေဦးထီ အထူးဆုအဖြစ် ကျပ်သိန်း ၁၀၀ထပ်တိုးချီးမြှင့်မည်ဖြစ်ကြောင်း အမျိုးသားညီညွတ်ရေးအစိုး(NUG)က ဒီဇင်ဘာ ၇ ရက်တွင် ထုတ်ပြန်ကြေငြာခဲ့သည်။

Public Service Announcement

Public Service Announcement

အောင်လံလွှင့်ချီနွေဦးထီကို အမျိုးသား ညီညွတ်ရေးအစိုးရ(NUG)၊ စီမံကိန်း၊ ဘဏ္ဍာရေးနှင့် ရင်းနှီးမြှုပ်နှံရေးဝန်ကြီးဌာနက ဩဂုတ် ၁၅ရက်တွင် စတင်ရောင်းချခဲ့ခြင်းဖြစ်သည်။ အောက်တိုဘာ ၁ ရက်တွင် ပထမဦးဆုံး ထီဖွင့်ပွဲကို ကျင်းပခဲ့သည်။ တစ်ဆုလျှင် ကျပ် ၁၅ သိန်းချီးမြှင့်ခဲ့ခြင်းဖြစ်သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးနဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေး တာဝန်များ ထမ်းဆောင်ရင်း ကိုယ်အင်္ဂါ စွန့်လွှတ်ခဲ့ရသော တော်လှန်ရေးရဲဘော်များအတွက် ပြန်လည်ထူထောင်ရေး ကော်မတီတစ်ရပ်ကို ဖွဲ့စည်းပြီးဖြစ်လို့ ကိုယ်လက်အင်္ဂါစွန့်လွှတ်ရဲဘော်တွေ ဆက်သွယ်နိုင်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG)နဲ့ ကြားကာလ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ပေါက်နဲ့ မြိုင်မြို့နယ်တွေက စစ်ဘေးရှောင်ပြည်သူတွေအတွက် တစ်မြို့နယ်ကို ကျပ်သိန်း ၅၀၀ စီထောက်ပံ့ခဲ့တယ်လို့ မကွေးဖက်ဒရယ်ယူနစ်အစိုးရက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တွင်းမ ပျူစောထီးကျေးရွာလာရောက်တဲ့ စစ်တပ် ရဟတ်ယာဉ်ကို ဒရုန်းနဲ့ တိုက်ခိုက်ဖျက်ဆီးနိုင်ခဲ့တဲ့ ပေါက်မြို့နယ် ပကဖ ဒရုန်းတပ်ဖွဲ့ ကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ဂုဏ်ပြုငွေ ကျပ်သိန်း တစ်သောင်း နဲ့ ဂုဏ်ပြုလက်မှတ် ပေးအပ်ချီးမြှင့်ခဲ့ကြောင်း NUG က သတင်းထုတ်ပြန်ပါတယ်။

Facebook