Connect with us

Hi, what are you looking for?

News

ရက်ပေါင်း ၃၀၀ ကျော်အတွင်းစစ်ကောင်စီတပ်တွေ အိမ်ခြေ ၁၉၀၀ ကျော်ကိုမီးရှို့ဖျက်ဆီး

မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသအများစုကတော့ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်တဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။

စစ်တပ်အာဏာသိမ်းပြီး ရက်ပေါင်း ၃၀၀ ကျော်အတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်တွေမီးရှို့ဖျက်ဆီးတဲ့ အိမ်ခြေဟာ ၁၉၆၃ လုံး ထိရှိလာပါတယ်။

ဒီစာရင်ဟာ အာဏာသိမ်းတဲ့ ဖေဖော်ဝါရီလ ၁ ရက်ကနေ ဒီနှစ် ၂၀၂၂ ခုနှစ် ဇန်နဝါရီလ ၅ ရက်အထိ စာရင်းဖြစ်ပြီး Data for Myanmar အဖွဲ့က ပြုစုထားတာပါ။

မီးရှို့ဖျက်ဆီးခံရတဲ့ ဒေသအများစုကတော့ စစ်အာဏာသိမ်းမှုကိုအပြင်းထန်ဆုံးဆန့်ကျင်တဲ့နေရာတွေဖြစ်တာတွေ့ရပါတယ်။

အဲဒီဒေသတွေဟာ ချင်းပြည်နယ်၊ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းနဲ့ ကယားပြည်နယ်တို့ပဲဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ပဲခူးတိုင်း၊တနင်္သာရီတိုင်းနဲ့ကရင်ပြည်နယ်တို့မှာလည်း စစ်ကောင်စီက မီးရှို့ဖျက်ဆီးလိုက်တဲ့အိမ်ခြေတွေရှိနေတာကိုတွေ့ရပါတယ်။

စစ်ကောင်စီတပ်တွေ မီးရှို့ဖျက်ဆီးမှုကိုအများဆုံးကြုံရတာကတော့ ချင်းပြည်နယ်မှာဆို ထန်တလန်မြို့မှာ အိမ်ခြေ ၆၉၀၊ စစ်ကိုင်းတိုင်းက ကင်းမကျေးရွာဆို အိမ်ခြေ ၂၃၀ ပျက်စီးသွားတယ်လို့စာရင်းတွေအရသိရပါတယ်။

နေအိမ်တွေမီးရှို့ဖျက်ဆီးခံရတာကြောင့် ဒေသခံပြည်သူတွေဟာလည်း နေရပ်မပြန်နိုင်ဘဲ ဘေးလွတ်ရာကိုအခုထက်ထိတိမ်းရှောင်နေကြရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီက e-ID စနစ်နဲ့ ပြည်သူတွေကို တင်းကျပ်စွာစောင့်ကြည့်နေရာကနေ ယခုအခါ သံဃာထုကိုပါ ထိန်းချုပ်ဖို့ မန္တလေးမြို့က ရဟန်း၊ သာမဏေနဲ့ သီလရှင်တွေကို Unique ID နံပါတ် ထုတ်ပေးဖို့ ပြင်ဆင်နေကြောင်း သတင်းရရှိပါတယ်။

သတင်း

ကရင်အမျိုးသားအစည်းအရုံး(KNU) တပ်မဟာ(၆)နယ်မြေ ဒူးပလာယာခရိုင်အတွင်းဖမ်းမိ မူးယစ်ဆေးဝါးတွေကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒူးပလာယာခရိုင်က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်ခေါင်းဆောင်မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းအတွင်းမှာ အကျဉ်းထောင်အတွင်းက နိုင်ငံရေးအကျဥ်းသားတွေအပေါ် လူ့အခွင့်အရေးချိုးဖောက်မှု ဖြစ်စဉ် ၂၀ ကျော်ရှိခဲ့ပြီး အကျဉ်းသား ၅ ဦး သေဆုံးခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM) က အစီရင်ခံစာ ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပြည်သူ့အပေါ် ပစ်မှတ်ထားရက်စက်တဲ့ မင်းအောင်လှိုင်ရဲ့ ရက် ၁၀၀ စီမံကိန်းဟု ထုတ်ပြန်

Facebook