Connect with us

Hi, what are you looking for?

LuduNwayOo

News

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား KNU လက်ဖြောင့်တပ်သားက ပစ်ခတ်သတ်ဖြတ်

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးကျော် သေဆုံးခဲ့သည်။

(မှတ်ချက် - ပုံအ​ဟောင်းဖြစ်ပါသည်။)

သထုံမြို့နယ် ပိန္နဲတော ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) လက်​ဖြောင့်တပ်သားတစ်ဦးက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei Newsက သတင်းဖော်ပြသည်။

KNU တပ်မဟာ(၁)နယ်မြေ အတွင်းရှိ အဆိုပါ တပ်စခန်းကို KNU လက်ဖြောင့်တပ်သားက ဇွန်လ ၂၇ရက်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိပြီး ပစ်ခတ်ရသည့် အကြောင်းအရင်းကိုမူ သတင်း၌ ဖော်ပြမထားပေ။

“အဲဒီ သေနတ်သမားက KNLAလား ဘယ်အဖွဲ့တွေလည်းတော့ သေချာတော့ မသိရသေးဘူး။ ဒါပေမဲ့ လက်နက်ငယ်နဲ့ တစ်ချက်တော့ ပစ်တယ်။ အဲဒီ ပိန္နဲတောတပ်စခန်းက တစ်ယောက်ကို ထိမှန်ပြီး ဆုံးသွားတယ်လို့ သတင်းရတယ်”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် တပ်စခန်းရှေ့လမ်းမတွင် ပြည်သူများ ဖြတ်သန်းသွားလာခွင့်အား စစ်တပ်က ပိတ်ပင်ထားကြောင်း ၎င်းက ဆိုသည်။“သူတို့ စခန်းရှေ့လမ်းမကြီးကို ပိတ်ထားတယ်။ မပစ်ခင်ကတော့ ညနေ ၅နာရီခွဲဆို ပိတ်တယ် သွားလာခွင့်မပြုဘူး။ အဲဒီဖြစ်စဉ် ဖြစ်ပြီးတော့ နေ့ရော ညရော ပြည်သူလူထုတွေသွားလာခွင့် မပြုဘဲ ပိတ်ထားတယ်။ အခုအချိန်ထိ ပိတ်ထားဆဲပဲ။ သွားလာနေတဲ့ ပြည်သူ လူထုတွေက အဲဒီစခန်းကို ရှောင်ပြီး သွားလာနေကြတာပေါ့”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးကျော် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကောင်စီ နှင့် AA သည် ဘူးသီးတောင်၊ မောင်တော၊ သံတွဲ၊ ကျောက်ဖြူ ၊ အမ်း၊ ​တောင်ကုတ် စသည့် မြို့နယ်များတွင်တိုက်ပွဲများဖြစ်ပွား​နေသည်။

သတင်း

ဧပြီ လ ၂၈ ရက်ကပင် ဒီးမော့ဆို မြို့နယ်၊ပူဖားကျေး ရွာမှာနွားကျောင်းနေသည့် အသက် (၁၄)နှစ်အရွယ် အမျိုးသား တစ်ဦး မိုင်းနင်းမိပြီး သေဆုံးခဲ့ကြောင်း ဒေသတွင်းသတင်းရင်းမြစ်များ​က ဆိုသည်။

သတင်း

ဧပြီ ၃၀ရက်က ကျင်းပသည့် NUG ၏ သတင်းစာရှင်းလင်းပွဲ၌ ဝန်ကြီးက ယခုကဲ့သို့ ရှင်းပြပြီး မြေပြင် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့များ စုဖွဲ့မှု အကြောင်းကို ပြောပြသည်။

သတင်း

စစ်မြေပြင်၌ ခွဲခြားရန်ခက်ခဲသော်လည်း အရှင်ဖမ်းဆီးရရှိသည့် စစ်သုံ့ပန်းများထဲမှ အဓမ္မ စစ်မှုထမ်းရသူများအရေးကို စိစစ်ဆောင်ရွက် ပေးလို့ရကြောင်း ၎င်းက ပြောသည်။