Connect with us

Hi, what are you looking for?

News

စစ်ကောင်စီတပ်ဖွဲ့ဝင်တစ်ဦးအား KNU လက်ဖြောင့်တပ်သားက ပစ်ခတ်သတ်ဖြတ်

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးကျော် သေဆုံးခဲ့သည်။

(မှတ်ချက် - ပုံအ​ဟောင်းဖြစ်ပါသည်။)

သထုံမြို့နယ် ပိန္နဲတော ကျေးရွာအတွင်း တပ်စွဲထားသည့် စစ်ကောင်စီတပ်စခန်းကို ကရင်အမျိုးသားအစည်းအရုံး (KNU/KNLA) လက်​ဖြောင့်တပ်သားတစ်ဦးက စနိုက်ပါဖြင့် ပစ်ခတ်ခဲ့ရာ စစ်ကောင်စီတပ်ဖွဲ့ဝင် တစ်ဦးသေဆုံးသွားကြောင်း KNU သတင်းနှင့်ပြန်ကြားရေးဌာန Thoolei Newsက သတင်းဖော်ပြသည်။

KNU တပ်မဟာ(၁)နယ်မြေ အတွင်းရှိ အဆိုပါ တပ်စခန်းကို KNU လက်ဖြောင့်တပ်သားက ဇွန်လ ၂၇ရက်တွင် သွားရောက်ပစ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း သတင်းတွင် ပါရှိပြီး ပစ်ခတ်ရသည့် အကြောင်းအရင်းကိုမူ သတင်း၌ ဖော်ပြမထားပေ။

“အဲဒီ သေနတ်သမားက KNLAလား ဘယ်အဖွဲ့တွေလည်းတော့ သေချာတော့ မသိရသေးဘူး။ ဒါပေမဲ့ လက်နက်ငယ်နဲ့ တစ်ချက်တော့ ပစ်တယ်။ အဲဒီ ပိန္နဲတောတပ်စခန်းက တစ်ယောက်ကို ထိမှန်ပြီး ဆုံးသွားတယ်လို့ သတင်းရတယ်”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူတစ်ဦးက ပြောသည်။

ပစ်ခတ်မှုဖြစ်စဉ်နှင့်ပတ်သက်ပြီး စုံစမ်းနေဆဲဖြစ်ကြောင်း၊ လက်ရှိတွင် တပ်စခန်းရှေ့လမ်းမတွင် ပြည်သူများ ဖြတ်သန်းသွားလာခွင့်အား စစ်တပ်က ပိတ်ပင်ထားကြောင်း ၎င်းက ဆိုသည်။“သူတို့ စခန်းရှေ့လမ်းမကြီးကို ပိတ်ထားတယ်။ မပစ်ခင်ကတော့ ညနေ ၅နာရီခွဲဆို ပိတ်တယ် သွားလာခွင့်မပြုဘူး။ အဲဒီဖြစ်စဉ် ဖြစ်ပြီးတော့ နေ့ရော ညရော ပြည်သူလူထုတွေသွားလာခွင့် မပြုဘဲ ပိတ်ထားတယ်။ အခုအချိန်ထိ ပိတ်ထားဆဲပဲ။ သွားလာနေတဲ့ ပြည်သူ လူထုတွေက အဲဒီစခန်းကို ရှောင်ပြီး သွားလာနေကြတာပေါ့”ဟု KNU တပ်မဟာ(၁) တာဝန်ရှိသူက ပြောသည်။

Public Service Announcement

Public Service Announcement

စစ်တပ်အာဏာသိမ်းပြီးနောက် KNU တပ်မဟာ (၁)နယ်မြေ သထုံမြို့နယ်နှင့် ဘားအံမြို့နယ်တို့တွင်စစ်ကောင်စီတပ်နှင့် တိုက်ပွဲ ၅ကြိမ်ထက်မနည်း ဖြစ်ပွားခဲ့သည်။ အဆိုပါတိုက်ပွဲများအတွင်း စစ်ကောင်စီ တပ်ဖွဲ့ဝင် ၁၀ဦးကျော် သေဆုံးခဲ့သည်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နိုင်ငံ ဝါရှင်တန်ဒီစီမြန်မာသံရုံးရှေ့နဲ့ တရုတ်သံအမတ်အိမ်ရှေ့တို့မှာ ပြည်ပရောက် မြန်မာတွေစုပေါင်းပြီး ကျောင်းသားခေါင်းဆောင် ကိုဖုန်းမော်နေ့အဖြစ် ဆန္ဒပြဆုတောင်းပွဲကို ဒီကနေ့ (မတ်လ ၁၄)မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း ၊ညောင်လေးပင်မြို့နယ်အတွင်းက ရေတွင်းကုန်း ၊ ခရုကုန်းနဲ့ကျောင်းကုန်း ကျေးရွာတွေဆီ မတ်လ ၅ ရက်က စစ်ကောင်စီ တပ် စစ်ကြောင်းဝင်ရောက်စီးနင်းရာမှာ အရပ်သား ၄၀ ကျော် သတ်ဖြတ်ခံရတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဆိုပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ပုလောမြို့နယ် တောင်ယာကမ်းကျေးရွာက စစ်ကောင်စီတပ် စခန်းအပါအဝင် မြို့နယ်အတွင်းရှိ တပ်စွဲရာနေရာ၄ခုကို တပြိုင်တည်းတိုက်ခိုက်ခဲ့ကြောင်း ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) အထူးတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ သရက်ချောင်းမြို့နယ် ဝင်း၀ စစ်ကောင်စီစခန်း သိမ်းပိုက်မှုမှာ ပါဝင်ပံ့ပိုးပေးတဲ့ မဟာမိတ်တော်လှန်ရေးအင်အားစုတွေ ကို အသိအမှတ်ပြု ကျေးဇူးတင် ဂုဏ်ပြုကြောင်း ကရင်အမျိုးသားအစည်းအရုံး(KNU) မြိတ်ထားဝယ်ခရိုင် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်(KNLA) တပ်မဟာ(၄) က ထုတ်ပြန်ခဲ့ပြီး လူငယ် ရဲဘော်ရဲဘက်များရဲ့ ပေးဆပ်မှုများကိုလည်း လေးစားစွာဖြင့် မှတ်တမ်းတင်ကြောင်း ဖော်ပြပါတယ်။

Facebook