Connect with us

Hi, what are you looking for?

နိုင်ငံတကာ

လေဆိပ်နှစ်ခုကြား အောင်အောင်မြင်မြင် စမ်းသပ် ပျံသန်းနိုင်ခဲ့တဲ့ မိုးပျံကားလေး

AirCarဟာ လေယာဉ်ငယ်နဲ့ မော်တော်ကား ပုံစံကြား အကူးအပြောင်းလုပ်ဖို့ အချိန် ၂ မိနစ်နဲ့ ၁၅ စက္ကန့် လိုအပ်ပါတယ်။ ကားအဖြစ် မောင်းနှင်တဲ့အခါ ကိုယ်ထည်က တောင်ပံတွေကို ခေါက်သိမ်းထားလိုက်မှာပါ။

စမ်းသပ်ဆဲအဆင့် မိုးပျံကား တစ်စီးကို ဆလိုဗက်ကီးယား နိုင်ငံက လေဆိပ်နှစ်ခုကြား အောင်အောင်မြင်မြင် စမ်းသပ် ပျံသန်းနိုင်ခဲ့ပါတယ်။

ဇွန်လ ၂၈ ရက်က နီထရာနဲ့ ဘရာတီဆလာဗာ မြို့တွေက နိုင်ငံတကာ လေဆိပ်တွေမှာ AirCarက အောင်အောင်မြင်မြင် ခရီးဆံ့နိုင်ခဲ့တာ ဖြစ်ပါတယ်။ AirCarဟာ BMW ကားကုမ္ပဏီရဲ့ ဓာတ်ဆီအင်ဂျင် တပ်ဆင်ထားတဲ့ ကားတစ်ပိုင်း၊ လေယာဉ်တစ်ပိုင်း မျိုးစပ် ယာဉ်ငယ်လေး ဖြစ်ပါတယ်။

၃၅ မိနစ် ကြာမြင့်တဲ့ စမ်းသပ် ပျံသန်းမှု ရလဒ်တွေဟာ ဘာပြဿနာမှ မရှိဘဲ ချောချောမွေ့မွေ့ ဖြစ်ခဲ့တယ်လို့ Air Carကို တီထွင်ထားတဲ့ ပရော်ဖက်ဆာ စတီဖန် ကလိန်းက ပြောပါတယ်။ အပြီးသတ် အောင်မြင်သွားရင် ဒီကားလေးဟာ ပေပေါင်း ၈၂၀၀ အမြင့်လောက်မှာ ကီလိုမီတာ ၁၀၀၀ လောက်ထိ ဆက်တိုက် ပျံသန်းနိုင်လိမ့်မယ်လို့လည်း ပရော်ဖက်ဆာ ကလိန်းက ဆိုပါတယ်။

AirCarဟာ လေယာဉ်ငယ်နဲ့ မော်တော်ကား ပုံစံကြား အကူးအပြောင်းလုပ်ဖို့ အချိန် ၂ မိနစ်နဲ့ ၁၅ စက္ကန့် လိုအပ်ပါတယ်။ ကားအဖြစ် မောင်းနှင်တဲ့အခါ ကိုယ်ထည်က တောင်ပံတွေကို ခေါက်သိမ်းထားလိုက်မှာပါ။ ပရော်ဖက်ဆာ ကလိန်းရဲ့ ကားပျံလေးဟာ ဖိတ်ကြားထားတဲ့ သတင်းမီဒီယာတွေ စောင့်မျှော်နေတဲ့ လေယာဉ်ပြေးလမ်းပေါ်ကို ချောချောမောမော ဆင်းသက်လာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ပရော်ဖက်ဆာ ကလိန်းက စမ်းသပ် ပျံသန်းမှုဟာ အဆင်ပြေခဲ့ပြီး အရမ်းကျေနပ်မိတယ်လို့ ဆိုပါတယ်။ ဒီကားလေးကို မောင်းနှင်သူဟာ ကားလိုင်စင်အပြင် ပိုင်းလော့လိုင်စင်ပါ ရှိဖို့ လိုအပ်ပါတယ်။ AirCarဟာ အမြင့်ဆုံးမြန်နှုန်း တစ်နာရီ ကီလိုမီတာ ၁၇၀ နှုန်းလောက်နဲ့ ပျံသန်းနိုင်ပါတယ်။ ကားပေါ်မှာ လူနှစ်ဦးကို တင်ဆောင်နိုင်ပြီး အလေးချိန် ၂၀၀ ကီလိုဂရမ်နဲ့ ကန့်သတ်ထားပါတယ်။

တခြားကုမ္ပဏီ တချို့က စမ်းသပ်နေတဲ့ ဒရုန်းTaxiတွေနဲ့ မတူတာက ဒီကားလေး အတက်အဆင်းလုပ်ဖို့ ပြေးလမ်း လိုအပ်ပြီး ရဟတ်ယာဉ်တွေလို ဒေါင်လိုက် အတက်အဆင်း မလုပ်နိုင်ပါဘူး။ စီးပွားရေး အကြံပေး ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Morgan Stanleyဟာ အနာဂတ်မှာ မိုးပျံကားတွေ အသုံးပြုမှုက အရမ်းတွင်ကျယ်လာနိုင်ပြီး ၂၀၄၀ ပြည့်နှစ်မှာ ဒီစျေးကွက်ရဲ့ တန်ဖိုးက ဒေါ်လာ ၁.၅ ထရီလီယံလောက်ထိ ရောက်ရှိနေလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

လေဆိပ်ကို ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တဲ့ အီရန်ရဲ့ လုပ်ရပ်ကို ရာဇဝတ်မှုမြောက်တဲ့ ရန်လိုမှု တစ်ခုအဖြစ် ကူဝိတ်က စွပ်စွဲ ရှုတ်ချခဲ့ပါတယ်။

နိုင်ငံတကာ

လေဆာ အမွေးရိတ်စက် တစ်ခုကို ဗုံးလို့ သံသယရှိရာက ဩစတြေးလျမှာ လေဆိပ်တစ်ခု ယာယီပိတ်ခဲ့ရပြီး ဗုံးရှင်းလင်းရေး အဖွဲ့တွေကိုပါ ခေါ်ယူခဲ့ရပါတယ်။

နိုင်ငံတကာ

ဩစတြေးလျက လေဆိပ်တစ်ခုမှာ လေယာဉ်ငယ်တစ်စီး ပျက်ကျခဲ့တာကြောင့် အနည်းဆုံး လူ ၂ ဦး သေဆုံးခဲ့ပါတယ်။

နိုင်ငံတကာ

တရုတ်ချေးငွေနဲ့ တည်ဆောက်ခဲ့ပြီး ဆိုးဆိုးရွားရွား အရှုံးပေါ်နေတဲ့ လေဆိပ်တစ်ခုကို ရောင်းချနိုင်ဖို့ သီရိလင်္ကာ အစိုးရက ဝယ်လိုက်တွေ လိုက်ရှာနေပါတယ်။