Connect with us

Hi, what are you looking for?

News

ပြည်သူလူထုတော်လှန်ရေးအောင်မြင်လေလေ စစ်အုပ်စု၏ရက်စက်သတ်ဖြတ်မှုပြင်းထန်လေလေဟု NUG ယာယီသမ္မတပြော

ပြည်သူကို ကာကွယ်ရမည့် စစ်တပ်သည် ပြည်သူကို သတ်ဖြတ်သည့် အကြမ်းဖက်အုပ်စုဖြစ်သွားပြီဖြစ်၍ ပြည်သူလူထုသည် မိမိတို့ အသက်ရှင် ရပ်တည်ရေးအတွက် ပြည်သူ့ခုခံကာကွယ်စစ်ကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းက မှန်ကန်တရားမျှတသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

ပြည်သူလူထု၏ စွန့်လွှတ်မှုများနှင့် ထိုက်တန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကို အောင်မြင်အောင် ကြိုးစားကြရန် ဝန်ကြီးချုပ်မန်းဝင်းခိုင်သန်း တိုက်တွန်း

ပြည်သူလူထု၏ တော်လှန်ရေး အောင်မြင်လာလေလေ အကြမ်းဖက်စစ်အုပ်စုက ပြည်သူလူထုကို ရက်စက်ကြမ်းကြုတ်စွာ သတ်ဖြတ်မှုပြင်းထန်လာလေလေဖြစ်သည်ကိုတွေ့ရကြောင်း အမျိုး သားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတဒူဝါလရှီးလက ပြောကြားသည်။

ယနေ့(ဇန်နဝါရီ ၁၁ ရက်) နံနက်ပိုင်းတွင် ကျင်းပခဲ့သော အမျိုးသားညီညွတ်ရေးအစိုးရအဖွဲ့ အစည်းအဝေး၌ ယာယီသမ္မတက ယင်းသို့ပြောကြားခြင်းဖြစ်ပြီး ကုလသမဂ္ဂနှင့် ကမ္ဘာ့နိုင်ငံအသီးသီးက မြန်မာနိုင်ငံတွင် ငြိမ်းချမ်းမှု၊ ဒေသတွင်းတည်ငြိမ်မှုကိုလိုချင်ပါက အကြမ်းဖက်စစ်ကောင်စီကို ဖယ်ရှားကာ NUG ကို တညီတညွတ်တည်း မဆိုင်းမတွ အတည်ပြု ထောက်ခံအားပေး ကူညီသွားရန် ထပ်မံပြောကြားသည်။

ပြည်သူကို ကာကွယ်ရမည့် စစ်တပ်သည် ပြည်သူကို သတ်ဖြတ်သည့် အကြမ်းဖက်အုပ်စုဖြစ်သွားပြီဖြစ်၍ ပြည်သူလူထုသည် မိမိတို့ အသက်ရှင် ရပ်တည်ရေးအတွက် ပြည်သူ့ခုခံကာကွယ်စစ်ကို ဖွဲ့စည်းလုပ်ဆောင်နေခြင်းက မှန်ကန်တရားမျှတသည့် လုပ်ရပ်ဖြစ်ကြောင်းလည်း ယာယီသမ္မတက ပြောသည်။

Public Service Announcement

Public Service Announcement

ထို့အတွက် အကြမ်းဖက်စစ်တပ်တွင် မလွဲမရှောင်သာ တာဝန်ထမ်းဆောင်နေကြသည့် ရဲဘော်ရဲဘက်များ၊ ကိုယ်ကျိုးအတွက် မျှော်ရည်လုပ်ကိုင်နေကြသည့် နိုင်ငံရေးပါတီများအနေဖြင့် ပြည်သူလူထုဘက်သို့ ချက်ချင်း ပြောင်းလဲရပ်တည်ကာ အကြမ်းဖက်စစ်အုပ်စုကို တွန်းလှန်ရန် လိုအပ် ကြောင်း ယာယီသမ္မတဒူဝါလရှီးက တိုက်တွန်းသည်။

NUG ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြီးခဲ့သည့် အစိုးရအဖွဲ့ အစည်းအဝေးတွင် လေးကေကော်ဒေသ စစ်ဘေးရှောင်များအတွက် ဆွေးနွေးတိုင်ပင်သကဲ့သို့ ယခုတပတ်တွင်လည်း ကရင်နီဒေသအတွက် ဆွေးနွေးကြရမည်ဟု ပြောသည်။

အကြမ်းဖက်စစ်ကောင်စီသည် ပြည်သူများ၏ စုစည်းတွန်းလှန်နေသော ခိုင်မာသည့် စိတ်ဓါတ်အင်အားကို မယှဉ်နိုင်သဖြင့် လေကြောင်းဖြင့် ပြည်သူများကို ဒုက္ခပေးနေသည်ကိုတွေ့ရကြောင်း ပြည်ထောင်စုဝန်ကြီးချုပ်က ဆိုသည်။

ပြည်သူလူထု၏ စွန့်လွှတ်မှုများနှင့် ထိုက်တန်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုကြီးကို အောင်မြင်အောင် ဝိုင်းဝန်းတည်ဆောက်ကြရင်း ၎င်းတို့ကိုဂုဏ်ပြုနိုင်ရန် NUG အစိုးရအဖွဲ့က ကြိုးစားကြရန် မန်းဝင်းခိုင်သန်းက ဆက်လက်တိုက်တွန်းသည်။

ဆက်စပ်သတင်းများ

ဆောင်းပါး

နိုင်ငံတစ်ဝန်း ဖြစ်ပေါ်နေတဲ့ စစ်မျက်နှာတွေအနက် ချင်းပြည်နဲ့ မကွေးတိုင်းတို့ရဲ့ စစ်ရေးမျက်နှာစာ ချိတ်ဆက် ဆက်စပ်နေမှုဟာ စိတ်ဝင်စားဖွယ် မဟာဗျူဟာ အလှည့်အပြောင်းကို ဖော်ဆောင်နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ မုံရွာမြို့ပေါ်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက ဆိုင်ကယ်စီးနင်းသူတွေကို လိုက်လံစစ်ဆေးဖမ်းဆီးပြီး ကျပ်သိန်းချီတောင်းနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

​မကွေးတိုင်း၊ ရေစကြိုမြို့မှာ စစ်အုပ်စုက ကျေးရွာတွေကနေ စျေးဝယ်တက်လာတဲ့ စျေးကားတွေပေါ်က ပြည်သူတွေကို ငွေကြေး အဓမ္မတောင်းခံနေကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

မန္တလေး PDF တပ်ဖွဲ့စည်းပုံ ပြောင်းလဲချိန် လွှဲပေးရမယ့် ဘဏ္ဍာရေးနဲ့ရွှေလုပ်ငန်းဆိုင်ရာ စာရင်းတွေ ဖျက်ဆီးခဲ့ဟု ဖော်ပြ