Connect with us

Hi, what are you looking for?

News

လွိုင်ကော်တိုက်ပွဲ စစ်ကောင်စီတပ်ဖွဲ့ဝင်အများအပြား သေဆုံး၊ သုံးဦးအရှင်ဖမ်းမိပြီး လက်နက်အချို့ရဟု ဒီးမော့ဆို PDF ထုတ်ပြန်

တိုက်ပွဲတွင် လက်နက်တချို့သိမ်းဆည်းရမိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးလည်း KNDFတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းခန်းချထားသောနေရာတွင် ပြည်သူပိုင်အိုး အိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ - ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)

စစ်ကောင်စီတပ်မှ တိုက်လေယာဉ်ဖြင့် တိုက်ခိုက်၊ ပြည်သူ့ရဲဘော်အချို့ဒဏ်ရာရ

ကယား(ကရင်နီ)ပြည်နယ် လွိုင်ကော်မြို့ရှိ ဒေါဥခူရပ်ကွက်နှင့် မိုင်းလုံး ရပ်ကွက်တွင် ယနေ့ တိုက်ပွဲပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားကာ သုံးဦးဖမ်းမိခဲ့ကြောင်း ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ (DMO-PDF)က ထုတ်ပြန်သည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)

ဒေါဥခူရပ်ကွက် အကျဥ်းထောင်ဘေးပတ်လည်တွင် ကင်းပုန်းဝပ်ချထားသောအကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို DMO-PDF ၊ KDF၊ GZ 21 တပ်ဖွဲ့များ ပူးပေါင်း တိုက်ခိုက်ခဲ့ရာ တိုက်ပွဲမှာ ၄နာရီကျော် ကြာမြင့်ပြီး စစ်ကောင်စီတပ်မှငါးဦးခန့် သေဆုံးခဲ့သည်ဟု ဖော်ပြထားသည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)

မိုင်းလုံးရပ်ကွက်တွင်လည်း စစ်ကောင်စီတပ်ဖွဲ့ကို DMO-PDF၊ လွိုင်ကော် PDF၊ ကရင်နီ အမျိုးသား ကာကွယ်ရေးတပ်ဖွဲ့(KNDF)၊ ကရင်နီတပ်မတော်(KA)နှင့် အခြား တော်လှန်ရေးတပ်ဖွဲ့များ ပူးပေါင်းတိုက်ခိုက်ခဲ့ရာ နံနက်မှ ညပိုင်းအထိ တိုက်ပွဲ ပြင်းထန်ခဲ့သည်ဟု ဆိုသည်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွင် လက်နက်တချို့သိမ်းဆည်းရမိသည့်အပြင် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်သုံးဦးလည်း KNDFတပ်ဖွဲ့က အရှင်ဖမ်းဆီးရမိခဲ့ကြောင်း၊ စစ်ကောင်စီတပ်စခန်းခန်းချထားသောနေရာတွင် ပြည်သူပိုင်အိုး အိမ်နှစ်လုံး မီးလောင်ပျက်စီးခဲ့ကြောင်း ထုတ်ပြန်သည်။

ဓာတ်ပုံ – ပြည်သူ့ကာကွယ်ရေးတပ်-ဒီးမော့ဆို (DMO-PDF)

အဆိုပါ တိုက်ပွဲတွင် အကြမ်းဖက်စစ်ကောင်စီတပ်ဖက်က အများအပြားသေဆုံးနိုင်ပြီး ထိခိုက်ဒဏ်ရာရသူ အမြောက်အများလည်းရှိခဲ့ကြောင်း၊ ညနေပိုင်းတွင် တိုက်လေယာဉ်ဖြင့် ဗုံးကြဲတိုက်ခိုက်ခဲ့ကြောင်း ဖော်ပြသည်။

လွိုင်ကော်မြို့တွင်း တိုက်ပွဲ ၂ရက်အတွင်း ဒီးမော့ဆို PDF တပ်ဖွဲ့မှ ရဲဘော်သုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ထုတ်ပြန်ခဲ့သည်။ အခြားတော်လှန်ရေးတပ်ဖွဲ့မှ ထိခိုက်ဒဏ်ရာရသူ ရှိမရှိ ဖော်ပြမထားပေ။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) နဲ့ မြို့နယ်ပြည်သူ့ ကာကွယ်ရေးအဖွဲ့ (ပကဖ) ရဲဘော်တွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁) နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် လှုပ်ရှားမှုတွေကို ဒီက​နေ့ (ဇွန် ၁၉)မှာ အသီးသီးပြုလုပ်ခဲ့ပါတယ်။

သတင်း

ပဲခူးတိုင်း စစ်ဌာနနဲ့ အာဠာဝက တပ်ရင်းက ရဲဘော်တွေ၊ Beyond Sittaung အဖွဲ့သားတွေကလည်း ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ အမှတ်တရအဖြစ် ရုပ်သံဗွီဒီယိုတစ်ခု ဝေမျှခဲ့ပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ မိုးဗြဲ -နန်းမယ်ခုံမြို့ကြား နဲ့ ဒီးမော့ဆိုမြို့အနီးမှာ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဒေသခံသတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ သာယာဝတီခရိုင်၊ နတ်တလင်းမြို့နယ်တိုက်ပွဲအတွင်း စစ်တပ်တပ်ဖွဲ့ဝင် ၆ ဦးထိခိုက်ဒဏ်ရာရရှိခဲ့ပြီး သေဆုံးမှုတွေလည်းရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်ပဲခူးတိုင်းစစ်ဌာန၊ အမှတ် (၂၂) ဗျူဟာလက်အောက်မှာရှိတဲ့ သာယာဝတီခရိုင် တပ်ရင်း (၁)က ဇွန်လ ၁၇ ရက်မှာ ထုတ်ပြန်ပါတယ်။