Connect with us

Hi, what are you looking for?

News

ပြည်သူမထောက်ခံ၍ စစ်ကောင်စီတိုက်ပွဲတိုင်းရှုံးနိမ့်နေပြီး အောင်ပွဲအတွက် ပြည်သူများဆက်စည်းလုံး ရန်သာလိုဟု အငြိမ်းစားတပ်မတော်အရာရှိကြီးပြော

အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများ၊လေကြောင်းတိုက်ခိုက်မှုများဖြင့် အင်အားသုံးတိုက်ခိုက်နေ သော်လည်း အပြစ်မဲ့ပြည်သူများသေဆုံးသည်ကလွဲ၍ အနိုင်မရနိုင်ကြောင်း ကိုယ်တိုင်တိုက်ပွဲအတွေ့အကြုံရှိသူ အငြိမ်းစားတပ်မတော်အရာရှိကြီးက မှတ်ချက်ပြုသည်။

နိုင်ငံတစ်ဝန်း တိုက်ပွဲများ၌ စစ်ကောင်စီတပ်များအရှုံးနှင့် ရင်ဆိုင်နေရခြင်းမှာ စစ်ပွဲအောင်နိုင်ရာအချက်များ၌ တစ်ခုအပါအဝင်ဖြစ်သော ပြည်သူလူထုထောက်ခံမှု မရ၍ဖြစ်သည်ဟု အငြိမ်းစား တပ်မတော်အရာရှိကြီး တစ်ဦးက လူထုနွေဦးသို့ ပြောကြားသည်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(PDF)များ၊ တိုင်းရင်းသားလက်နက်ကိုင်တပ်များနှင့် စစ်ကောင်စီတပ်များအကြား ဖြစ်ပွားနေသည့် တိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ သေဆုံးထိခိုက်မှုများပြားနေသည့် လတ်တလော အခြေအနေ အပေါ်အငြိမ်းစာ တပ်မတော်အရာရှိကြီးက ယခုကဲ့သို့ ပြောဆိုခြင်းဖြစ်သည်။

“ကျွန်တော်တို့လည်းရှမ်းတို့၊ကရင်တို့မှာတိုက်ခဲ့တာပဲ။ ကိုယ်တိုင်ကြီးကြပ်လာခဲ့သူတွေပါ။ တပ်မတော် သားတိုင်းသိထားတဲ့စစ်ပွဲအောင်နိုင်ရာအချက် ၁၄ရဲ့ နောက်ဆုံးအချက်မှာပြည်သူလူထုမထောက်ခံဘဲ၊ ပူးပေါင်းပါဝင်မှုမရှိဘဲ မအောင်နိုင်ဘူး။ အဓိကက ဒေသခံပြည်သူလူထုပဲ။ အခုစစ်ကောင်စီတိုက်တိုင်း ရှုံးနေတာ ပြည်သူထောက်ခံမှုမရလို့ပဲ။ အဲဒီတော့ ပြည်သူတွေ အခုလိုဆက်စည်းလုံးဖို့ပဲလိုတာ။ ပြည်သူတွေ ညီညွတ်ရင် ပြည်သူတွေလိုချင်တဲ့ အောင်ပွဲရမှာပါ”ဟု ၎င်းက ဆက်ပြောသည်။

စစ်ကောင်စီတပ်အနေဖြင့် ကရင်၊ ကချင်၊ ချင်း၊ ကရင်နီ၊ စစ်ကိုင်း၊ မကွေးနှင့် ရှမ်းမြောက်မုံးကိုး ဒေသများ၌ စစ်မျက်နှာများစွာ ဖွင့် ထားရသကဲ့သို့ အဆိုပါဒေသတိုက်ပွဲများ၌ စစ်ကောင်စီတပ်မှ ထိခိုက်သေဆုံး မှုများပြားခဲ့သည်။ တစ်ဖက်တွင်လည်း ရန်ကုန်၊ မန္တလေးအပါအဝင် မြို့နယ်အသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်၊ ဒေသကာကွယ်ရေးတပ်ဖွဲ့များကလည်း စစ်ကောင်စီတပ်ကို ပုံစံမျိုးစုံဖြင့် ခုခံတိုက်ခိုက်လျက်ရှိပြီး စစ်ကောင်စီ တပ်မှ သေဆုံးထိခိုက်မှုများပြားနေသည်။

Public Service Announcement

Public Service Announcement

လတ်တလော တိုက်ပွဲများတွင် စစ်ကောင်စီတပ်သည် လေကြောင်းတိုက်ခိုက်မှုများကိုသာ အားပြုနေပြီး အရပ်သားပစ်မှတ်များကိုပါ တိုက်ခိုက်လျက်ရှိသည်။ ကရင်ပြည်နယ် လေးကေ့ကော်ဒေသတိုက်ပွဲ၊ ကရင်နီပြည်နယ် လွိုင်ကော်၊ ဒီးမော့ဆိုတိုက်ပွဲများအပြင် စစ်ကိုင်းနှင့် မကွေးတိုင်းရှိ ကျေးရွာများ၌ ဖြစ်ပွားသည့် တိုက်ပွဲများ၌ပါ စစ်ကောင်စီတပ်က တိုက်လေယာဉ်နှင့် တိုက်ခိုက်ရေးရဟတ်ယာဉ်များကို အသုံးပြုတိုက်ခိုက် လျက်ရှိသည်။

အကြမ်းဖက်စစ်ကောင်စီကလက်နက်ကြီးများ၊လေကြောင်းတိုက်ခိုက်မှုများဖြင့် အင်အားသုံးတိုက်ခိုက်နေ သော်လည်း အပြစ်မဲ့ပြည်သူများသေဆုံးသည်ကလွဲ၍ အနိုင်မရနိုင်ကြောင်း ကိုယ်တိုင်တိုက်ပွဲအတွေ့အကြုံရှိသူ အငြိမ်းစားတပ်မတော်အရာရှိကြီးက မှတ်ချက်ပြုသည်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေကို အာဏာသိမ်းစစ်တပ်က လေကြောင်းကနေ ဗုံးကြဲ ဖျက်ဆီးနေကြောင်း ဒေသခံ သတင်းရင်းမြစ်က အသိပေးပါတယ်။