Connect with us

Hi, what are you looking for?

News

မြန်မာ့အခြေအနေ ပိုမိုဆိုးရွားလာမှုတားဆီးရေး ကုလ-အာဆီယံပူးပေါင်းကာ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရှိန်ဆက်လက်မြင့်တက်နေသော စစ်ဆင်ရေးများအပေါ် လွန်စွာစိုးရိမ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြော ဆိုသည်။

မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားလာမှုကိုတားဆီးရေး ကုလသမဂ္ဂ-အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုအပေါ်အခြေခံ၍ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရှိန်ဆက်လက်မြင့်တက်နေသော စစ်ဆင်ရေးများအပေါ် လွန်စွာစိုးရိမ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြော ဆိုသည်။

ထို့အပြင် မြန်မာပြည်သူများသည် တိုးတက်မှုနှင့် အကျိုးရလဒ်များကို အမှန်တကယ် မြင် တွေ့လိုပြီး လက်တွေ့ပြနိုင်သော မည်သည့်စိတ်ဆန္ဒကောင်းကိုမဆို ပြသရန်လိုအပ်ကြောင်း Dr. Noeleen Heyzer က ကမ္ဘောဒီးယားဝန်ကြီးချုပ်ကိုပြောသည်။

Public Service Announcement

Public Service Announcement

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးစဉ်က အလေးထားပြောကြားသကဲ့သို့ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ယုံကြည်မှုတည်ဆောက်ရေးတွင် ဒေသတွင်းခေါင်းဆောင်၏ ယုံကြည်မှုကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အရေးပေါ်အကောင်အထည်ဖော်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ များ၏ ကြိုးပမ်းမှုကို မြှင့်တင်ရန်နှင့် မြန်မာပြည်သူများ၏ဆန္ဒအရ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနည်းကျ၊ အားလုံးပါဝင်သော အနာဂတ်အတွက် မြန်မာဦးဆောင်သည့်လုပ်ငန်းစဉ်ကို အထူး ကိုယ်စားလှယ်က အလေးပေးပြောကြားသည်။

အထူးကိုယ်စားလှယ်သည် မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဌနှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ထပ် လောင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး(အာဆီယံ)က မြန်မာနိုင်ငံအတွက် အထူးကိုယ်စားလှယ်အသစ် ခန့်အပ်ဖို့ မလိုတော့ကြောင်း အာဏာသိမ်း မြန်မာစစ်တပ်ရဲ့ ပြောကြားမှုကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော်အမတ်များအဖွဲ့ (APHR)က ပယ်ချခဲ့ပါတယ်။

သတင်း

ထိုင်းအဆိုပြုတဲ့ ညှိနှိုင်းထိတွေ့ဆက်ဆံဗျူဟာအကျိုးမရှိဟု​ထောက်ပြ

သတင်း

သင့်တော်အောင်ချိန်ညှိထားတဲ့ ထိတွေ့ ဆက်ဆံမှုတွေကို မြန်မာနဲ့ ပြန်လည် စတင်သင့်ကြောင်း ထိုင်းဝန်ကြီးချုပ် အနူတင် ချန်ဝီယာကူက ပြောကြားခဲ့ပါတယ်။

သတင်း

အာဏာသိမ်း စစ်တပ်ကို ထိပ်သီး အစည်းအဝေးတွေ တက်ရောက်ခွင့်ကနေ ဆက်လက် တားဆီး ပိတ်ပင်ထားမယ့် အရှေ့တောင်အာရှ နိုင်ငံများ အစည်းအရုံး (အာဆီယံ)ရဲ့ ဆုံးဖြတ်ချက်ကို အာဆီယံ လူ့အခွင့်အရေးဆိုင်ရာ လွှတ်တော် အမတ်များ အစုအဖွဲ့ (APHR)က ကြိုဆိုလိုက်ပါတယ်။