Connect with us

Hi, what are you looking for?

LuduNwayOo

News

မြန်မာ့အခြေအနေ ပိုမိုဆိုးရွားလာမှုတားဆီးရေး ကုလ-အာဆီယံပူးပေါင်းကာ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလအထူးကိုယ်စားလှယ်တိုက်တွန်း

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရှိန်ဆက်လက်မြင့်တက်နေသော စစ်ဆင်ရေးများအပေါ် လွန်စွာစိုးရိမ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြော ဆိုသည်။

မြန်မာနိုင်ငံအခြေအနေ ပိုမိုဆိုးရွားလာမှုကိုတားဆီးရေး ကုလသမဂ္ဂ-အာဆီယံ ပူးပေါင်း ဆောင်ရွက်မှုအပေါ်အခြေခံ၍ ချက်ချင်းအရေးယူဆောင်ရွက်ရန် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Dr. Noeleen Heyzer က တိုက်တွန်းလိုက်သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ်၏ အထူးကိုယ်စားလှယ်သည် ကမ္ဘောဒီးယားဝန်ကြီးချုပ်နှင့် အွန်လိုင်းမှတဆင့်တွေ့ဆုံဆွေးနွေးစဉ် ယင်းသို့ တိုက်တွန်းခဲ့ခြင်းဖြစ်သည်။

နိုင်ငံအနှံ့အပြားတွင် လေကြောင်းတိုက်ခိုက်မှုအပါအဝင် အရှိန်ဆက်လက်မြင့်တက်နေသော စစ်ဆင်ရေးများအပေါ် လွန်စွာစိုးရိမ်ကြောင်း ကုလအထူးကိုယ်စားလှယ်က ထုတ်ဖော်ပြော ဆိုသည်။

ထို့အပြင် မြန်မာပြည်သူများသည် တိုးတက်မှုနှင့် အကျိုးရလဒ်များကို အမှန်တကယ် မြင် တွေ့လိုပြီး လက်တွေ့ပြနိုင်သော မည်သည့်စိတ်ဆန္ဒကောင်းကိုမဆို ပြသရန်လိုအပ်ကြောင်း Dr. Noeleen Heyzer က ကမ္ဘောဒီးယားဝန်ကြီးချုပ်ကိုပြောသည်။

Public Service Announcement

Public Service Announcement

အာဆီယံနိုင်ငံခြားရေးဝန်ကြီးများနှင့် ဆွေးနွေးစဉ်က အလေးထားပြောကြားသကဲ့သို့ အထူးကိုယ်စားလှယ်သည် မြန်မာနိုင်ငံရှိ အဖွဲ့အစည်းအားလုံးနှင့် ယုံကြည်မှုတည်ဆောက်ရေးတွင် ဒေသတွင်းခေါင်းဆောင်၏ ယုံကြည်မှုကို အသိအမှတ်ပြုကြောင်း ထုတ်ဖော်ပြောဆိုသည်။

အာဆီယံ၏ဘုံဆုံးဖြတ်ချက် ၅ ရပ်ကို အရေးပေါ်အကောင်အထည်ဖော်ရေးအတွက် အဖွဲ့ဝင်နိုင်ငံ များ၏ ကြိုးပမ်းမှုကို မြှင့်တင်ရန်နှင့် မြန်မာပြည်သူများ၏ဆန္ဒအရ ငြိမ်းချမ်းသော၊ ဒီမိုကရေစီနည်းကျ၊ အားလုံးပါဝင်သော အနာဂတ်အတွက် မြန်မာဦးဆောင်သည့်လုပ်ငန်းစဉ်ကို အထူး ကိုယ်စားလှယ်က အလေးပေးပြောကြားသည်။

အထူးကိုယ်စားလှယ်သည် မြန်မာ့အရေးအတွက် အာဆီယံအလှည့်ကျဥက္ကဌနှင့် အာဆီယံ၏ မြန်မာနိုင်ငံဆိုင်ရာအထူးကိုယ်စားလှယ်တို့နှင့် အနီးကပ်ပူးပေါင်းဆောင်ရွက်မည်ဟုလည်း ထပ် လောင်းပြောကြားသည်။

ဆက်စပ်သတင်းများ

သတင်း

မြန်မာနိုင်ငံမှာ နိုင်ငံသားတွေ၊ အာဆီယံ အဖွဲ့ဝင်တွေ အပါအဝင် နိုင်ငံခြားသားတွေ အားလုံးရဲ့ လုံခြုံဘေးကင်းရေးကို အလေးထား ဆောင်ရွက်ပေးဖို့ကလည်း အထူးအရေးပါတဲ့ တောင်းဆိုမှု တစ်ခုလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားခဲ့ပါတယ်။

သတင်း

မြန်မာနှင့်အတူ လာအိုနိုင်ငံက ၁၅ ဒဿမ ၂ ရာခိုင်နှုန်း၊ ကမ္ဘောဒီယားနိုင်ငံက ၈ ဒသမ ၄ရာခိုင်နှုန်းနှင့် ဗီယက်နမ်နိုင်ငံက ၄ ဒသမ ၆ ရာခိုင်နှုန်းရှိသည်ဟု​ဖော်ပြထားသည်။

ဆောင်းပါး

“မြန်မာပြည်သူလူထုကို ကိုယ်စားပြုတဲ့၊ မြန်မာပြည်သူလူထုက လက်ခံတဲ့ ထောက်ခံတဲ့ သံအမတ်ကြီး ဦးကျော်မိုးထွန်းကိုသာ ဆက်လက်ပြီးတော့ မြန်မာနိုင်ငံကို ကိုယ်စားပြုခွင့်ပေးမယ်ဆိုတာ မျှော်လင့်ယုံကြည်ပါတယ်” ဟု ဦးကျော်ဇောက ပြောသည်။

သတင်း

စစ်ကောင်စီလေတပ်ဦးစီးချုပ် ဥက္ကဋ္ဌအဖြစ် ဦးဆောင် ကျင်းပမယ့် အဲဒီညီလာခံကို အင်ဒိုနီးရှား၊ ဖိလစ်ပိုင် နဲ့ မလေးရှားနိုင်ငံတွေက လေတပ်အကြီးအကဲတွေ တက်ရောက်မှာမဟုတ်ဘူးလို့ AFP သတင်းကဆိုပါတယ်။