Connect with us

Hi, what are you looking for?

News

ဖလူးတိုက်ပွဲမှာ စစ်​ကောင်စီတပ်သား ၆ ဦး​သေဆုံးပြီး ဒဏ်ရာရသူ​တွေလည်းရှိတယ်လို့ဆို

ဖလူးဒေသတိုက်ပွဲ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ဖလူးဒေသတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်နဲ့ ဒီကေဘီအေ KNLA- PDF ပူးပေါင်းတပ်တို့အကြား ဖလူးဒေသမှာ မ​နေ့က ဖြစ်ပွားတဲ့တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးပြီး ၇ ဦးခန့်ထိခိုက်ဒဏ်ရာရရှိသွားခဲ့တယ်လို့ မြေပြင်ဒီကေဘီအေတပ်ဖွဲ့ဝင်တွေထံကနေ သိရပါတယ်။

မြ၀တီမြို့နယ် ဖလူးဒေသထဲမှာရှိတဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA)ရဲ့ စခန်းကို အာဏာသိမ်းစစ်ကောင်စီနဲ့ BGF ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်မှုတွေပြုလုပ်ခဲ့ပြီးတဲ့ မနေ့ကတိုက်ပွဲပြင်းထန်ခဲ့ရာ စစ်ကောင်စီဘက်က ၆ ဦးသေဆုံးသွားခဲ့ပြီး ၇ ဦးခန့်ဒဏ်ရာရရှိသွားခဲ့ကာ ကျည်ဆံနဲ့ဗုံးသီးအချို့ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဒီကဘီအေတပ်ဖွဲ့ထံကနေ သိရပါတယ်။

ဒီကဘီအေ ပူးပေါင်းတပ်ဖွဲ့ဘက်ကတော့ ၅ ဦး ဒဏ်ရာအနည်းငယ်သာရရှိခဲ့ပြီး စိုးရိမ်စရာမရှိဘူးလို့လည်း သိရပါသေးတယ်။

ဖလူးဒေသတိုက်ပွဲ ငါးရက်မြောက်နေ့ဖြစ်တဲ့ ဒီကနေ့ ဇန်နဝါရီ ၁၄ ရက်မနက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့ပြီး ဖလူးဒေသတိုက်ပွဲကြောင့် ဒေသခံပြည်သူတွေဟာ ထိုင်းဘက်ခြမ်းကို ထွက်ပြေးတိမ်းရှောင်နေခဲ့ရတယ်လို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ဆက်စပ်သတင်းများ

သတင်း

AA ကစစ်​တွေရှိ စစ်တပ်ကာကင်းအနည်းဆုံး၃ခုနဲ့ ခြေကုတ်​နေရာ၄ခုကိုသိမ်းပိုက်ပြီး

သတင်း

စစ်တွေနဲ့ ပုဏ္ဏားကျွန်းမြို့နယ်အစပ်တိုက်ပွဲတွေအတွင်းအာဏာသိမ်းစစ်တပ်ရဲ့ကာကင်းအပါအဝင် ခြေကုတ်နေရာအချို့ကို အာရက္ခတပ်တော်(AA)က သိမ်းပိုက်ရရှိထားပြီး တိုက်ပွဲတပါတ်ကျော်အတွင်း ​နေရာ​လေးခုထက်မနည်းရှိပြီဖြစ်တယ်လို့ မြေပြင်သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

စစ်သုံ့ပန်း ၈၀ ခန့် ထွက်ပြေးသွားရာ လက်နက်အချို့ပါသွားတာဖြစ်လို့ တီးတိန်၊ ကပ်တဲလ်၊ လိုင်လုဲ(Laailui)နဲ့ မဏိပူရ်မြစ် ပတ်ဝန်းကျင်ဒေသတွေကို ခရီးသွားလာတာ၊ အပြင်ထွက်တာ ခဏတာ ရှောင်ကြဉ်ကြဖို့ အသိပေးကြောင်း PDF ဇိုလဲန်းက သတင်း ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ်နဲ့ မံစီမြို့နယ်ကြား ကောင်ဂျာယန်ဒေသမှာ ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲအတွင်း စစ်တပ်က သေဆုံးထိခိုက်များခဲ့ပြီး စစ်သုံ့ပန်းတွေ ဖမ်းမိသလို ထွက်ပြေးစစ်သားတွေ ပုန်းအောင်းရာ နေရာတွေကို လိုက်လံရှင်းလင်းနေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။