Connect with us

Hi, what are you looking for?

News

ဒီပဲယင်းတွင် စစ်​ကောင်စီက ရဟတ်ယာဥ်ဖြင့်လာပစ်၍ ဂဠုန်တပ်တော်က ရဲစခန်းကို လက်တုံ့ပြန်တိုက်ခိုက်

ထိတွေ့မှုဖြစ်စဥ်မှာ ၁၈ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးစစ်​ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှအထိအခိုက်အကျအဆုံးရှိနိုင်ပြီး အတိအကျမသိရသေးကြောင်းလည်း​ဖော်ပြထားသည်။

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်တွင် အကြမ်းဖက်စစ်ကောင်စီက ရဟတ်ယာဥ်များဖြင့်လာ​ရောက်ပစ်ခတ်သဖြင့် စစ်ကောင်စီ၏ စိုင်ပြင်ရဲစခန်းအား လက်တုံ့ပြန်တိုက်ခိုက်ခဲ့ကြောင်း ဒီပဲယင်းနယ်အခြေစိုက်ဂဠုန်တပ်တော်က သတင်းထုတ်ပြန်သည်။

အကြမ်းဖက်စစ်ကောင်စီသည် ယနေ့(ဇန်နဝါရီ ၁၄ ရက်) နေ့လယ်ပိုင်းက ဒီပဲယင်းမြို့နယ်၊ ယဥ်ကျေးရွာ တောကျောင်းအနီး ရဟတ်ယာဥ် ၃စီးဖြင့်ရောက်လာကာ နှစ်စီးမှာ ရွာနီးချုပ်စပ်သို့ လက်နက်ကြီးငယ်များဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့ပြီးနောက် တစ်စီးမှာ ခန့်မှန်းအင်အား ၂ဝ ဦးခန့် မြေပြင်သို့ အင်အားဖြည့်တင်းခဲ့သည်။

ထိုသို့သတင်းရပြီးနောက် ဂဠုန်တပ်တော်က စစ်ရေးစီမံချက် အသေးစိပ်ရေးဆွဲကာ ညနေ ၄း၁၅ အချိန်တွင် စစ်​ကောင်စီနှင့်နောက်လိုက်များ စုစုပေါင်း အင်အား၃၀ ခန့်ရှိသော ဒီပဲယင်းမြို့နယ်အတွင်းရှိ စိုင်ပြင်စခန်းအား အနီးကပ်ဆုံးအထိ နေရာငါးနေရာခွဲယူကာ ရှေ့ထွက်လူသတ်မိုင်း ၆ လုံး၊ လူသတ်မိုင်း ၂ လုံးတို့ဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ကြောင်းဂဠုန်တပ်တော်က ထုတ်ပြန်သည်။

ထိတွေ့မှုဖြစ်စဥ်မှာ ၁၈ မိနစ်ခန့် ကြာမြင့်ခဲ့ပြီးစစ်​ကောင်စီဘက်မှ ရမ်းသမ်းပစ်ခတ်မှုများ ပြုလုပ်ခဲ့သော်လည်း ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း၊ အကြမ်းဖက်စစ်ကောင်စီတပ်ဘက်မှအထိအခိုက်အကျအဆုံးရှိနိုင်ပြီး အတိအကျမသိရသေးကြောင်းလည်း​ဖော်ပြထားသည်။

Public Service Announcement

Public Service Announcement

မိမိတို့နယ်​မြေအတွင်း ပြ​ည်သူလူထုအား လေကြောင်းပစ်ကူဖြင့် အကြမ်းဖက်ပစ်ခတ်တိုက်ခိုက်မှုအား လက်တုံ့ပြန်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အလားတူပူးပေါင်းစစ်ဆင်ရေးများအားအကြမ်းဖက် စစ်ကောင်စီနှင့်နောက်လိုက်များကို အမြစ်ပြတ်ချေမှုန်းသွားမည်ဟု ဂဠုန်တပ်တော်က အသိပေးသည်။

အကြမ်းဖက်စစ်ကောင်စီတပ်သည် ဒီပဲယင်းမြိုနယ် အရှေ့ခြမ်းနှင့် ခင်ဦးမြို့နယ် အနောက်ခြမ်း၊ ရေဦးမြို့နယ်တို့ဆုံရာ ကျေးရွာ အချို့တွင် ယနေ့မွန်းလွဲပိုင်းက တိုက်ခိုက်ရေး MI35 နှစ်စီးနှင့် ရိုးရိုးရဟတ်ယာဥ်တစ်စီး စုစုပေါင်း ရဟတ်ယာဉ် ၃စီးဖြင့် ပျံဝဲနေပြီး အကြမ်းဖက်စစ်ကောင်စီတပ်သားများအား တင်ဆောင်ရွှေ့ပြောင်းချထားခြင်း၊ နှစ်စီးက ပစ်ခတ်မှုများ ပြုလုပ်ခဲ့ကြောင်း ဒေသခံများက ပြောသည်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ဒီပဲယင်းမြို့နယ်မှာ စစ်ကိုင်းဖက်ဒရယ်ယူနစ် CDM နိုင်ငံဝန်ထမ်းများကောင်စီက ဦးဆောင်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ အသက် (၈၁)နှစ်ပြည့် မွေးနေ့အကြိုအဖြစ် နှင်းဆီလှုပ်ရှားမှုကို ဒီက​နေ့ (ဇွန် ၁၆)မှာ ပြုလုပ်ခဲ့ပါတယ်။

နိုင်ငံတကာ

အစ္စရေးကို တိုက်ခိုက်ခဲ့တဲ့ ဒုံးကျည်တွေ ပစ်လွှတ်နေပုံ ဗီဒီယိုတွေကို အီရန်က ထုတ်လွှင့် ပြသခဲ့ပါတယ်။

သတင်း

ဒေါ်လာငွေစီးဆင်းမှုကို ထိန်းချုပ်ဖို့ အထည်ချုပ်လုပ်ငန်းတွေရဲ့ ကုန်ကြမ်းတင်သွင်းမှုအပေါ် စစ်ကောင်စီက ကန့်သတ်လိုက်တယ်လို့ သိရပါတယ်။

သတင်း

ရန်ကုန်မြို့စာသင်ကျောင်းတွေမှာ မိဘခေါ်လာမှ ကျောင်းအပ်လို့ရမယ့် စစ်ကောင်စီရဲ့ သတ်မှတ်ချက်ကြောင့် ကျောင်းနေအရွယ်ကလေးတွေအချို့ ကျောင်းအပ်ဖို့ အခက်အခဲဖြစ်နေတယ်လို့ ရန်ကုန်မြို့နေပြည်သူတွေက ပြောပါတယ်။