Connect with us

Hi, what are you looking for?

News

ကော့ကရိတ်တိုက်ပွဲတွင် စစ်ကောင်စီတပ်က လေကြောင်းဖြင့် တိုက်ခိုက်

စစ်ကောင်စီတပ်သည် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း ၊ စစ်ကိုင်း၊ မကွေး နှင့် ရှမ်းမြောက် မုံးကိုးဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်အသုံးပြုလာနေသည်။

(ကော့ကရိတ်မြို့တွင် ၂၀၂၁ဖေဖော်ဝါရီ၁၇ရက်ကပြုလုပ်သည့် စစ်အာဏာရှင်ဆန့်ကျင်ရေးဆန္ဒပြသူများကို စစ်တပ်နှင့် ရဲတပ်ဖွဲ့တို့က အကြမ်းဖက်ဖြိုခွင်းရန် ပြင်စဥ်နေစဥ်)

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်တွင် ယနေ့နံနက်က တိုက်ပွဲဆက်လက်ဖြစ်ပွားခဲ့ရာ စစ်ကောင်စီတပ်က စစ်ရဟတ်ယာဉ်နှစ်စီးဖြင့် လာရောက်တိုက်ခိုက်ခဲ့ကြောင်း ဒေသခံက ပြောသည်။

“မနက်ပိုင်းကတော့ တိုက်ပွဲ နည်းနည်းဖြစ်တယ်။ ထိပ်တိုက်တွေ့ဆုံမှုတွေဖြစ်မယ်လို့ထင်တာပဲ။ မကြာခင်မှာပဲ ၁၂နာရီ လောက်မှာတေ့ာ လာပစ်သွားတာပေါ့။ ကျွန်တော်လည်း နာရီ မကြည့်အားတော့ဘူး ထွက်ပြေးနေတာဆိုတော့”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေသို့ ဝင်ရောက်နေရာယူခြင်းကြောင့် ယမန်နေ့ ဇန်နဝါရီ ၁၄ရက်က ကော့ကရိတ်မြို့အနီး တိုက်ပွဲဖြစ်ခဲ့ရာ စစ်ကောင်စီတပ်မှ ၃ဦးသေ၊ ၄ဦးဒဏ်ရာရခဲ့သည်။ ယမန်နေ့ညပိုင်းက စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်၍ ဒေသခံများ၏ နေအိမ်အချို့ ထိခိုက်ပျက်စီးခဲ့သည်။

ယနေ့လေကြောင်းတိုက်ခိုက်မှုတွင် ဒေသခံများ ထိခိုက်မှုအခြေအနေကို မကြားမိသေးကြောင်း ကော့ကရိတ်ဒေသခံက ပြောသည်။

Public Service Announcement

Public Service Announcement

“ဒီနေ့က ကော့ကရိတ်မြို့ပေါ် မဟုတ်ဘူး။ ကော့နွယ်အုပ်စုမှာ။ ကော့နွယ်အုပ်စုဆိုတော့ မြို့ဟောင်းပါမယ် နောက်ပြီး မောင်းမရွာသစ်အုပ်စုပါမယ်။ အဲဒီ မှာ ဘုန်းကြီးကျောင်းနားတစ်၀ိုက်ပေါ့နော်။ တစ်မိုင်ကုန်းအထိကို ဖြစ်နေတာ။မနက်က တိုက်ပွဲဖြစ်တာလည်း အဲဒီနားမှာပဲ။ တိုက်ပွဲဖြစ်တဲ့နားမှာ လေကြောင်းက ထပ်ပြန်ပစ်တာ”ဟု ၎င်းက ဆိုသည်။

စစ်ကောင်စီတပ်သည် ကရင်၊ ကချင်၊ ကရင်နီ၊ ချင်း ၊ စစ်ကိုင်း၊ မကွေး နှင့် ရှမ်းမြောက် မုံးကိုးဒေသများ၌ ဖြစ်ပွားနေသည့် တိုက်ပွဲများတွင် လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်အသုံးပြုလာနေသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲတွေ နေ့စဉ် ပြင်းထန်နေကြောင်း KIA သတင်းပြန်ကြားရေးဌာနက ဖော်ပြပါတယ်။

သတင်း

ချင်းပြည်နယ်၊ ထန်တလန်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အင်အားတွေ ဖြည့်တင်းထားလို့ တိုက်ပွဲတွေ ဖြစ်ပွားနိုင်ကြောင်း ချင်းအမျိုးသားတပ်မတော်(CNF/CNA) ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက ပြောပါတယ်။

သတင်း

တနင်္သာရီတိုင်း၊ လောင်းလုံမြို့နယ်အတွင်းမှာ တော်လှန်ရေးတပ်တွေနဲ့ စစ်တပ်အကြား တိုက်ပွဲတွေ ဆက်ဖြစ်နေပြီး စစ်တပ်က ဒေသခံပြည်သူတွေရဲ့ နေအိမ်တွေ မီးရှို့ ဖျက်ဆီးတာတွေ ဆက်လုပ်ခဲ့တယ်လို့ ဒေသခံ သတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့အနီးမှာ ဒီကနေ့ ဇွန်လ ၁၂ရက်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး ညနေပိုင်းမှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။