Connect with us

Hi, what are you looking for?

LuduNwayOo

News

ပြင်သစ်နိုင်ငံ အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီနှင့် NUG ဝန်ကြီးများဆွေးနွေး

ဆွေးနွေးပွဲတွင် CRPH ဥက္ကဋ္ဌနှင့် NUG ဝန်ကြီးများက မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ် နေသော အခြေအနေများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဆောင်ရွက်နေသော ကိစ္စများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံချက်၊ ရပ်တည်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ၊ ကော်မတီတာဝန်ရှိသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးများ ဆွေးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။

ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာကော်မတီဥက္ကဋ္ဌ၏ ဖိတ်ကြားမှုအရ ဇွန်လ (၃၀) ရက်က ကျင်းပသည့် ယင်းကော်မတီ၏ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာနှင့် နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် CRPH ဥက္ကဋ္ဌနှင့် NUG ဝန်ကြီးများက မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ် နေသော အခြေအနေများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဆောင်ရွက်နေသော ကိစ္စများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံချက်၊ ရပ်တည်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ၊ ကော်မတီတာဝန်ရှိသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဆွေးနွေးရာတွင် ပါဝင်သည့် အချက်များမှာ ပြင်သစ် အထက်လွှတ်တော်သို့ တင်သွင်းမည့် မြန်မာပြည်နှင့် ပတ်သက်သော ဥပဒေကြမ်းကိစ္စ၊ အမျိုးသား ညီညွတ်ရေး အစိုးရကို တရားဝင်အသိအမှတ်ပြုရေးကိစ္စ၊ ပြင်သစ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများထံမှ စစ်ကောင်စီထံ စီးဆင်းနိုင်မည့် ငွေကြေးများကိစ္စ၊ စစ်ကောင်စီကို ထိရောက်စွာ အရေးယူရေး ကိစ္စ တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂ၏ အရေးယူ ဆောင်ရွက်မှုများ၊ လူသားချင်း စာနာမှုအကူအညီများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ အား လက်တွေ့ကျကျ ကူညီပေးနိုင်ရေးကိစ္စ စသည့်ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆွေးနွေး မေးမြန်းချက်များကို လည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

လွန်ခဲ့သည့်ရက်အနည်းငယ်အတွင်းမှာပင် ဒေသခံပြည်သူ ထောင်နှင့်ချီ၍ တာချ်ခရိုင်၊ မဲဆောက်မြို့နှင့် အခြားဒေသများသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ရကြောင်း ဖော်ပြသည်။

သတင်း

AAအနေဖြင့် စစ်ကောင်စီနှင့် အပေါင်းအပါများ၏ ရက္ခိုင်ပြည်သူအပေါ် ကျူးလွန်သည့် စစ်ရာဇဝတ်မှုတွေအားလုံးကို မှတ်တမ်းတင်ထားပြီး ပြစ်မှုကျူးလွန်သူ အားလုံးကို အရေးယူနိုင်ရေး ဆက်လက်ကြိုးစားသွားမည်ဟု အသိပေးထားသည်။

မေးမြန်းခန်း

အမျိုးသားညီညွတ်ရေးအစိုးရ​NUG သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ်ဦးကျော်ဇောကို People’s Spring လူထုနွေဦးသတင်းဌာနက ဆက်သွယ်မေးမြန်းထားပါသည်။

သတင်း

ယနေ့ (ဧပြီ ၁၆ရက်) တွင် ကျရောက်သည့် NUG ဖွဲ့စည်းမှု ၃နှစ်ပြည့်တွင် ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက မိန့်ခွန်းပြောကြားခဲ့ရာ ယခုကဲ့သို့ ထည့်သွင်း ပြောကြားခဲ့သည်။