Connect with us

Hi, what are you looking for?

News

ပြင်သစ်နိုင်ငံ အထက်လွှတ်တော်နိုင်ငံခြားရေးကော်မတီနှင့် NUG ဝန်ကြီးများဆွေးနွေး

ဆွေးနွေးပွဲတွင် CRPH ဥက္ကဋ္ဌနှင့် NUG ဝန်ကြီးများက မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ် နေသော အခြေအနေများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဆောင်ရွက်နေသော ကိစ္စများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံချက်၊ ရပ်တည်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ၊ ကော်မတီတာဝန်ရှိသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

မြန်မာနိုင်ငံအရေးနှင့်ပတ်သက်ပြီး ပြင်သစ်နိုင်ငံ အထက်လွှတ်တော် နိုင်ငံခြားရေးကော်မတီနှင့် အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ဝန်ကြီးများ ဆွေးနွေးခဲ့ကြောင်း NUGက သတင်းထုတ်ပြန်သည်။

ပြင်သစ်အထက်လွှတ်တော် နိုင်ငံခြားရေး၊ ကာကွယ်ရေးနှင့် လက်နက်ကိုင်တပ်ဖွဲ့များ ဆိုင်ရာကော်မတီဥက္ကဋ္ဌ၏ ဖိတ်ကြားမှုအရ ဇွန်လ (၃၀) ရက်က ကျင်းပသည့် ယင်းကော်မတီ၏ အစည်းအဝေးသို့ ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်၊ NUG ဝန်ကြီးများဖြစ်သော ဒေါက်တာဇော်ဝေစိုး၊ ဒေါက်တာဆာဆာနှင့် နိုင်ငံခြားရေးဒုဝန်ကြီး ဦးမိုးဇော်ဦးတို့ တက်ရောက်ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

ဆွေးနွေးပွဲတွင် CRPH ဥက္ကဋ္ဌနှင့် NUG ဝန်ကြီးများက မြန်မာပြည်တွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ် နေသော အခြေအနေများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ ဆောင်ရွက်နေသော ကိစ္စများ၊ အမျိုးသား ညီညွတ်ရေးအစိုးရ၏ မေတ္တာရပ်ခံချက်၊ ရပ်တည်ချက်များကို ဆွေးနွေးပြောကြားခဲ့ကြောင်း ၊ ကော်မတီတာဝန်ရှိသူများကလည်း ပြန်လည်ဆွေးနွေးခဲ့ကြောင်း NUG က သတင်းထုတ်ပြန်သည်။

ဆွေးနွေးရာတွင် ပါဝင်သည့် အချက်များမှာ ပြင်သစ် အထက်လွှတ်တော်သို့ တင်သွင်းမည့် မြန်မာပြည်နှင့် ပတ်သက်သော ဥပဒေကြမ်းကိစ္စ၊ အမျိုးသား ညီညွတ်ရေး အစိုးရကို တရားဝင်အသိအမှတ်ပြုရေးကိစ္စ၊ ပြင်သစ် ရေနံနှင့် သဘာဝဓါတ်ငွေ့ ကုမ္ပဏီများထံမှ စစ်ကောင်စီထံ စီးဆင်းနိုင်မည့် ငွေကြေးများကိစ္စ၊ စစ်ကောင်စီကို ထိရောက်စွာ အရေးယူရေး ကိစ္စ တို့ဖြစ်ကြောင်း သတင်းထုတ်ပြန်သည်။

Public Service Announcement

Public Service Announcement

ထို့ပြင် မြန်မာနိုင်ငံ၏ အိမ်နီးချင်းနိုင်ငံများ၊ အာဆီယံ၊ ကုလသမဂ္ဂ၏ အရေးယူ ဆောင်ရွက်မှုများ၊ လူသားချင်း စာနာမှုအကူအညီများ၊ အမျိုးသား ညီညွတ်ရေး အစိုးရ အား လက်တွေ့ကျကျ ကူညီပေးနိုင်ရေးကိစ္စ စသည့်ကိစ္စရပ်များနှင့် ပတ်သက်သည့် ဆွေးနွေး မေးမြန်းချက်များကို လည်း ဆွေးနွေးခဲ့ကြသည်ဟုဆိုသည်။

ဆက်စပ်သတင်းများ

သတင်း

ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊ဒုတိယဗိုလ်ချုပ်ကြီး R ခေါင်လွမ်း(ကွယ်လွန်) အပါအဝင် KIA စစ်သည်တော်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က ဂုဏ်ပြုဘွဲ့ချီးမြှင့်တာ၊ ဆုတံဆိပ်တွေပေးအပ်တာဟာ အနာဂတ်ဖက်ဒရယ်ပြည်ထောင်စုနိုင်ငံပေါ်ထွန်းရေးတန်ဖိုးမဖြတ်နိုင်တဲ့ အခြေခံအုတ်မြစ်ဖြစ်တဲ့အကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဗဟိုကော်မတီက NUG ထံ စာပေးပို့ခဲ့ပါတယ်။

သတင်း

အာဏာသိမ်းစစ်ကောင်စီတပ်က နိုင်ငံတဝန်း စစ်မျက်နှာ ၁၅ခုလောက်မှာ ထိုးစစ်ဆင်နေပြီး စစ်မျက်နှာတိုင်းက ရန်သူ့ထိုးစစ်ဟာ ထင်တိုင်းမပေါက်ဖြစ်နေကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်က အသိပေးပြီး အဲဒီ ရန်သူ့ထိုးစစ်ကိုချေမှုန်းနိုင်ရင် စစ်ရေးချိန်ခွန်လျှာ ကြီးမားတဲ့ အလှည့်အပြောင်းဖြစ်လာမယ်လို့ ယုံကြည်ကြောင်း ပြောကြားလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

Facebook